Contentment is the highest wealth
တင်းတိမ်ရောင့်ရဲခြင်းသည် တန်ဖိုးအကြီးဆုံး ဥစ္စာဓနဖြစ်၏
How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
One day a King approached the Buddha and asked a question, When I look at your disciples I can see serenity, cheerfulness and a very radiant complexion in them. I have also heard that they take only one meal a day, but I really cannot understand how they maintain this lifestyle.' The Buddha gave a beautiful answer. My disciples do not regret what they might have done in the past but continue to do more and more meritorious deeds.
တစ်နေ့ ဘုရင်ကြီးတစ်ပါးက မြတ်ဗုဒ္ဓထံ ချဉ်းကပ်ပြီး မေးခွန်းတစ်ခု မေးလျှောက်ပါတယ်။ မြတ်စွာဘုရားရဲ့ တပည့်သာဝကတွေကို ကြည့်တဲ့အခါ တည်ငြိမ်အေးချမ်းတာ၊ ကြည်ညိုဖွယ်ကောင်းတာ၊ အသားအရေ ဝင်းဝါးတာကို ဖူးမြင်ရပါတယ်။ သူတို့ဟာ တစ်နေ့ ဆွမ်းတစ်နပ်သာ ဘုဉ်းပေးတယ်လို့လည်း ကြားဖူးပါတယ်။ သို့သော် သူတို့ အဘယ်နည်းနဲ့ ဘဝနေပုံထိုင်ပုံကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ နားမလည်နိုင်ပါဘုရား။ မြတ်ဗုဒ္ဓက နှစ်သက်ဖွယ် အဖြေတစ်ရပ် မိန့်ကြားတော်မူပါတယ်။ ငါဘုရားရဲ့ တပည့်သာဝကတွေဟာ အတိတ်မှာ လုပ်ပြီးခဲ့တာတွေအပေါ် စိတ်မကောင်းဖြစ်မနေဘဲ ပိုမို များပြားတဲ့ ကုသိုလ်ကောင်းမှုတွေကို ဆက်လက်လုပ်ဆောင်ကြတယ်။
It is not by repenting, praying and worshipping but by doing some service to others that people can overcome the mistakes that they might have done in the past. My disciples never worry about their future. They are satisfied with whatever they receive, and thereby maintain contentment. They would never say that this or that is not enough for them. That is their way of life. Therefore they are able to maintain a state of serenity, cheerfulness and a good complexion as a result of that contentment. Anyone can also try to maintain this cheerfulness by being contented.
တောင်းပန်ခြင်း၊ ဆုတောင်းခြင်း၊ ဝတ်ပြုခြင်းမျိုးနဲ့ မဟုတ်ဘဲ လူသားများ အတိတ်မှာ ကျူးလွန်ခဲ့တဲ့ အမှားမျိုးတွေကို ရှောင်ရှားနိုင်အောင် အကူအညီပေးတဲ့နည်းနဲ့ ဆောင်ရွက်ကြတာဖြစ်တယ်။ ငါဘုရားရဲ့ တပည့်သာဝကတွေဟာ အနာဂတ်အတွက်လည်း ဘယ်တော့မှ မစိုးရိမ်မပူပန်ကြ။ သူတို့ဟာ ရရှိတာနဲ့ တင်းတိမ်ရောင့်ရဲတယ်။ ဒီနည်းနဲ့ ရောင့်ရဲတင်းတိမ်မှုကို ခံယူကြတယ်။ ဒီဟာ ဟိုဟာက သူတို့အတွက် မလုံလောက်ဘူးလို့ ဘယ်တော့မှ ပြောမှာမဟုတ်။ အဲဒါက သူတို့ရဲ့ နေမှုထိုင်မှုပုံစံဖြစ်တယ်။ ဒါကြောင့် တင်တိမ်ရောင့်ရဲမှုရဲ့ အကျိုးဆက်အဖြစ် သူတို့ဟာ တည်ငြိမ်အေးချမ်းမှု၊ စိတ်ကြည်နူးမှု၊ အသားအရေ ဝင်းဝါးမှုကို ထိန်းသိမ်းနိုင်ကြတာဖြစ်တယ်။ လူတိုင်းလည်း ရောင့်ရဲတင်းတိမ်ခြင်းဖြင့် စိတ်ကြည်နူးမှုကို ကြိုးစားထိန်းသိမ်းနိုင်တယ်။
Should anybody ask why we cannot be satisfied in our lives although we have more than enough things, what would be the correct answer? The correct answer to give is: We have no contentment.' If there is indeed contentment, we would never say that we are not satisfied with this or that. We cannot satisfy ourselves due to conflict between our insatiable selfish desire and the law of impermanence (anicca).
ကျွန်တော်တို့ဘဝမှာ ပစ္စည်းဝတ္ထုတွေ လိုတာထက်ပိုပြီး ရှိနေပါလျှက် ဘာကြောင့် ကျေနပ်နှစ်သက်မှု မခံစားရတာလဲ၊ မှန်ကန်တဲ့ အဖြေကဘာဖြစ်မလဲလို့ တစ်ယောက်ယောက်က မေးလာရင် ပြန်ပေးရမယ့် အဖြေက ကျွန်တော်တို့မှာ ရောင့်ရဲတင်းတိမ်မှုမရှိတာကြောင့်ဆိုတဲ့ အဖြေဖြစ်ပါတယ်။ တကယ်လို့ ရောင့်ရဲတင်းတိမ်မှု အမှန်အကန် ရှိမယ်ဆိုရင် ဒီဟာ ဟိုဟာအပေါ် ကျွန်တော်တို့ ကျေနပ်နှစ်သက်မှု မခံစားရဘူးလို့ ဘယ်တော့မှ ပြောကြမည်မဟုတ်ပါ။ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒနဲ့ မမြဲတဲ့သဘော (အနိစ္စ) နှစ်ခုအကြားက ပဋိပက္ခကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မကျေနပ်နိုင်ဖြစ်ကြရတာပါ။
One of the best advices given by the Buddha for us to practise as a principle is 'Contentment is the highest wealth.' A wealthy man is not necessarily a rich man. A wealthy man is in perpetual fear of his life. He is always in a state of suspicion and fear, thinking people are waiting to kidnap him. A wealthy man cannot go out without a security guard, and in spite of the many iron gates and locks in his house, he cannot sleep without fear and worry. In comparison, a contented man is indeed a very lucky man because his mind is free from all those disturbances. He indeed is rich.
အခြေခံသဘောတရားအဖြစ် ကျင့်သုံးရန် ကျွန်တော်တို့ကို မြတ်ဗုဒ္ဓမိန့်ကြားတဲ့ အကောင်းဆုံး အကြံပြုချက်ကတော့ တင်းတိမ်ရောင့်ရဲမှုဟာ တန်ဖိုးအကြီးဆုံး ဥစ္စာဓနဖြစ်တယ် ဆိုတာပါပဲ။ လူချမ်းသာတစ်ယောက်ဟာ အမှန်တကယ် ချမ်းသာသူမဟုတ်ပါဘူး။ သူဟာ အသက်ဘေးကို အမြဲ စိုးရိမ်နေတာပါ။ လူတွေက သူ့ကို ပြန်ပေးဆွဲဖို့ စောင့်နေကြတယ်လို့ တွေးပြီး အမြဲတမ်း မသင်္ကာမှု၊ စိုးရိမ်မှုနဲ့ အထိတ်တလန့်ဖြစ်နေတာပါ။ လူချမ်းသာတစ်ယောက်ဟာ အစောင့်အရှောက်မပါဘဲ အပြင်မထွက်နိုင်ပါဘူး။ အိမ်မှာ သံတံခါး အထပ်ထပ်နဲ့ သော့ခတ်နေစေကာမှု စိုးရိမ်သောကကင်းစွာ မအိပ်နိုင်ပါဘူး။ နှိုင်းယှဉ်ကြည့်ရင် ရောင့်ရဲတင်းတိမ်သူတစ်ယောက်ဟာ အလွန် ကံကောင်းသူဖြစ်ပါတယ်။ အကြောင်းကတော့ သူရဲ့စိတ်ဟာ အဲဒီအနှောင့်အယှက်တွေ ကင်းတဲ့အတွက်ဖြစ်ပါတယ်။ သူဟာ အမှန်တကယ် ချမ်းသာသူဖြစ်ပါတယ်။
What then is contentment? When a person thinks, 'this much is enough for me and for my family and I do not want anything beyond that,' then that is contentment. If everybody could think in this way, then there cannot be any problems. When we maintain this contentment, jealousy can never cloud our mind and thereby we allow others also to enjoy their lives. If there is no jealousy, anger also cannot arise. If there is no anger, there will be no violence and bloodshed and everybody can then live peacefully.
ဒီတော့ တင်းတိမ်ရောင့်ရဲမှုဆိုတာ ဘာကိုပြောတာပါလဲ။ "ဒီလောက်ဆို ငါ့အတွက်၊ ငါ့မိသားစုအတွက် လုံလောက်ပြီ။ ဒီထက် အပိုတွေကို မလိုချင်ဘူး" လို့ လူတစ်ယောက်က ဆင်ခြင်လိုက်တဲ့အခါ ဒါဟာ ရောင့်ရဲတင်းတိမ်မှုဖြစ်ပါတယ်။ တကယ်လို့ လူတိုင်းလူတိုင်း ဒီနည်းအတိုင်း ဆင်ခြင်နိုင်ရင် ပြဿနာဆိုတာ မရှိနိုင်တော့ပါဘူး။ ဒီရောင့်ရဲတင်းတိမ်မှုကို ကျွန်တော်တို့ ထိန်းသိမ်းတဲ့အခါ ကျွန်တော်တို့စိတ်မှာ ဘယ်တော့မှ မနာလိုမှု မလွှမ်းမိုးနိုင်တော့ပါဘူး။ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ အခြားသူတွေကိုလည်း ဘဝအရသာ ခံစားရအောင် အခွင့်အရေးပေးရာ ရောက်ပါတယ်။ တကယ်လို့ မနာလိုမှု မရှိရင်၊ အမျက်ဒေါသ မပေါ်ပေါက်နိုင်တော့ဘူး။ အမျက်ဒေါသ မရှိရင် အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု မရှိနိုင်တော့ဘဲ လူတိုင်း လူတိုင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ပါတယ်။
A contented life always gives one hope and confidence. This is not idealistic. For more than twenty-five centuries, men and women in the community of Buddhists monks and nuns have lived such peaceful lives. They had only four requisites: food, clothing, shelter and medicine. No one really needs anything else for survival. And many Buddhist householders too, have lived contentedly not allowing their greed to overtake their basic needs. It is surprising, how little we really need to be contented. Think about it.
ရောင့်ရဲတင်းတိမ်တဲ့ ဘဝဟာ လူတစ်ယောက်ကို မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပေးပါတယ်။ ဒါဟာ စိတ်ကူးယဉ်တာမဟုတ်ပါဘူး။ နှစ်ဆယ့်ငါးရာစု အလွန်ထဲက အမျိုးသားတွေ၊ အမျိုးသမီးတွေဟာ ဗုဒ္ဓဘာသာ ရဟန်း၊ ရဟန်းမ သံဃာ့အဖွဲ့အစည်းထဲမှာ အေးအေးချမ်းချမ်းဘဝနဲ့ နေထိုင်လာကြတာပါ။ သူတို့မှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးပဲ ရှိခဲ့ပါတယ်။ အသက်ဆက်ရှင်သန်ရေးအတွက် ဘယ်သူမှ အခြားပစ္စည်းတွေ တကယ် မလိုအပ်ပါဘူး။ ဗုဒ္ဓဘာသာဝင် အိမ်ထောင်သည်များဟာလည်း အခြေခံလိုအပ်ချက်ထက် ကျော်လွန်တဲ့ ဝိသမလောဘကို လက်မခံဘဲ တင်းတိမ်ရောင့်ရဲစွာ နေထိုင်ခဲ့ကြပါတယ်။ တင်းတိမ်ရောင့်ရဲမှု ဖြစ်ပေါ်ရန် အမှန်တကယ် နည်းနည်းလေးပဲ လိုအပ်တာဟာ အံ့သြစရာကောင်းပါတယ်။ ဒါကို ဆင်ခြင်စဉ်းစားကြည့်ပါ။
Nature of the mind
စိတ်၏ သဘောသဘာဝ
Human values originate in human beings - from our own rational minds. It is for this reason that we are described as 'manussa' - 'one who has a mind to think'. The word 'man' itself is derived from the Sanskrit word 'Manas' - meaning one who has a mind to reason. Lord Buddha stated that 'Mind is the forerunner of everything in this world' - thus differentiating us who have this faculty from other living beings which do not possess the power to practise rational thought.
လူသားတွေမှာ ဆင်ခြင်တုံတရားရှိတဲ့ စိတ်တွေကနေ လူ့တန်ဖိုးတွေ ပေါ်ပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စဉ်းစားဆင်ခြင်တတ်တဲ့ စိတ်ရှိသူ "မနုဿ" လို့ ဖော်ပြထားတာကြောင့်ပါ။ "လူ" ဆိုတဲ့ စကားလုံးဟာ အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်နိုင်သည့် စိတ်ရှိသူလို့ အဓိပ္ပါယ်ရတဲ့ သက္ကတဘာသာ "မနသ်" ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက "လောကမှာ စိတ်သည် အရာအားလုံး၏ ရှေ့သွားဖြစ်သည်" လို့ မိန့်ဆိုတော်မူခဲ့ပါတယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့ ကျွန်တော်တို့ဟာ အကျိုးသင့် အကြောင်းသင့် ဆင်ခြင်မှုကို ကျင့်သုံးနိုင်စွမ်းမရှိတဲ့ အခြားသတ္တဝါတွေနဲ့ ကွဲပြားသွားတာဖြစ်ပါတယ်။
Other living beings such as animals, do not possess human characteristics - they are unable to use their sense of reasoning, they are unable to philosophize as humans do. Thus human beings are considered as unique in this world. Being unique, their minds must be properly trained and spiritually guided through the noble teachings of religion, so that the mind can reason and work for the good of humanity rather than causing disasters in this world. 'Speaking without thinking is shooting without aiming.'
တိရစ္ဆန်စတဲ့ အခြားသတ္တဝါတွေမှာ လူ့စရိုက်လက္ခဏာတွေ မပိုင်ဆိုင်ကြပါဘူး။ သူတို့ဟာ စဉ်ခြင်ဉာဏ်ကို အသုံးမပြုနိုင်ကြပါဘူး။ သူတို့ဟာ လူတွေလို မတွေးခေါ်နိုင်ကြပါဘူး။ ဒါကြောင့် ဒီကမ္ဘာကြီးထဲမှာ လူသားတွေကို ထူးခြားသူတွေလို့ ယူဆကြတာဖြစ်ပါတယ်။ ထူးခြားတာကြောင့် ကမ္ဘာကြီးထဲမှာ ဘေးဒုက္ခတွေ ဖြစ်အောင်လုပ်ခြင်းထက် ဆင်ခြင်စဉ်းစားပြီး လူသားကောင်းကျိုး ဆောင်ရွက်ရန် လူ့စိတ်တွေကို မြင့်မြတ်တဲ့ ဘာသာရေး အဆုံးအမတွေနဲ့ မှန်မှန်ကန်ကန် လေ့ကျင့်ပေးရပါမယ်။ စိတ်ပိုင်းဆိုင်ရာအရ လမ်းပြပေးရပါမယ်။ မဆင်မခြင်ပြောဆိုတာဟာ မချိန်ဘဲ ပစ်တာနဲ့တူပါတယ်။
The preamble to the 'UNESCO' constitution contains a most significant phrase: 'Since wars begin in the minds of men, it is in the minds of men that the defence of peace must be constructed.' In the human minds originate all the evils in this world, and it is through the proper cultivation of the mind that we can cause all the evils to be eradicated for the good of humanity. While we are fortunate to be able to cultivate our minds to work intelligently and to serve humanity, there is an unfortunate aspect within our human character that is not found in other living beings, and that is human craftiness or cunningness.
ယူနက်စ်ကို ဖွဲ့စည်းပုံ နိဒါန်းတွင် "စစ်ပွဲတွေဟာ လူသားတွေရဲ့ စိတ်တွေကနေ စတင်တာကြောင့် ငြိမ်းချမ်းရေး ကာကွယ်မှု အစီစဉ်ကိုလည်း လူသားတွေရဲ့ စိတ်ထဲမှာပဲ တည်ဆောက်ရမယ်" ဆိုတဲ့ အလွန် အဓိပ္ပာယ်ပြည့်ဝတဲ့ စကားရပ်ပါရှိပါတယ်။ ဒီကမ္ဘာကြီးထဲက လူသားများရဲ့ စိတ်တွေထဲမှာ မကောင်းတာအားလုံး ပေါ်ပေါက်ပါတယ်။ လူသားကောင်းကျိုးအတွက် မကောင်းမှုအားလုံးကို ဖြစ်ပေါ်စေတဲ့ အဲဒီစိတ်ကို မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ပေးခြင်းဖြင့် မကောင်းမှုတွေကို ချေမှုန်းသုတ်သင်ရပါမယ်။ ကျွန်တော်တို့ဟာ ပညာသားပါပါ ဆောင်ရွက်ရန် ကံကောင်းထောက်မပြီး စိတ်ကို ပြုစုပျိုးထောင်ပေးနိုင်ပေမဲ့ လူ့စရိုက်တွေမှာ ကံမကောင်းတဲ့ လက္ခဏာတွေက ရှိနေပြန်ပါတယ်။ အဲဒီစရိုက်လက္ခဏာတွေကို အခြားသတ္တဝါတွေထံမှာ မတွေ့ရပါဘူး။ အဲဒါဟာ လူသားရဲ့ ဉာဏ်နီဉာဏ်နက်များမှု ဖြစ်ပါတယ်။
The particular trait of human craftiness or cunningness easily overshadows all other important human values. It can be said that all the problems, sufferings and chaotic conditions prevailing in this world, are the results of human selfishness, cunningness or crookedness - a trait that is extremely difficult to eradicate. If human beings were given complete freedom to behave according to their own desires, they may even destroy the whole world within a short spell. Through new discoveries, humans have become so dangerous that even their very existence has been called into question. Here religion should play an important part in diverting the human being away from these unfortunate traits of craftiness or cunningness.
လူသားရဲ့ ဉာဏ်နီဉာဏ်နက်များတတ်တဲ့ ထူးခြားဉာဉ်က အခြား အရေးကြီးသည့် လူ့တန်ဖိုးတွေကို အလွယ်တကူ လွှမ်မိုးသွားပါတယ်။ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ၊ ဆင်းရဲဒုက္ခတွေ၊ ပရမ်းပတာ အခြေနေတွေအားလုံးဟာ လူသားရဲ့ အတ္တကြီးမှု၊ ဉာဏ်နီဉာဏ်နက်များမှု ဒါမှမဟုတ် မရိုးဖြောင့်မှုရဲ့ အကျိုးဆက်လို့ ပြောနိုင်ပါတယ်။ ဒါဟာ အမြစ်ဖြတ်ဖို့ အလွန်ကို ခက်တဲ့ ဉာဉ်ဖြစ်ပါတယ်။ တကယ်လို့ လူသားတွေကို သူတို့ ဆန္ဒရှိတဲ့အတိုင်း ပြုမူရန် လုံးဝ လွတ်လပ်ခွင့်ပေးလိုက်ရင် တစ်ကမ္ဘာလုံးကိုပင် အချိန်ပိုင်း အတွင်းမှာ ဖျက်ဆီးချင် ဖျက်ဆီးကြပါလိမ့်မယ်။ အသစ်အသစ် ရှာဖွေတွေ့ရှိမှုတွေကြောင့် လူသားတွေမှာ သူတို့ရဲ့ အသက်ရှင်ရပ်တည်ရေးကိုပင် မေးခွန်းထုတ်ရလောက်အောင် အလွန် အန္တရာယ်ရှိလာခဲ့ပါတယ်။ ဒီနေရာမှာ ဘာသာရေးဟာ လူသားအားလုံးကို ဒီဆိုးရွားတဲ့ ဉာဏ်နီဉာဏ်နက် ဉာဉ်တွေကနေ လမ်းကြောင်းပြောင်းပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်သင့်ပါတယ်။
Religion, with its noble precepts working for the spiritual upliftment of human beings, and the eradication of all evil, should serve as a compass to guide the human mind on to the path of peace and tranquility for the good and well-being of all. Buddhism, in common with other religions, strives to eradicate all evil and works for the well-being of others. According to the Buddha, the most valuable asset for us is our ability to cultivate and nurture our mind to achieve wisdom. This is the foundation of Buddhism. Real human values can be found amongst those who have developed their minds to the fullest extent in accordance with the Teachings of the Buddha.
ဘာသာရေးဟာ လူသားတွေ စိတ်ဓာတ်မြှင့်တင်ရေးအတွက် လုပ်ဆောင်ပေးနေသည့် မြင့်မြတ်တဲ့ ပညတ်ချက်တွေနဲ့ မကောင်းမှုအားလုံးကို အမြစ်ဖြတ်ခြင်းဖြင့် အားလုံးကောင်းကျိုးချမ်းသာ ခံစားရရန် စိတ်အေးချမ်းရေးနှင့် တည်ငြိမ်ရေး လမ်းကြောင်းဆီ လမ်းညွှန်ပေးတဲ့ အိမ်မြှောင်တစ်ခုအဖြစ် ဆောင်ရွက်သင့်ပါတယ်။ အခြားဘာသာများလိုပင် ဗုဒ္ဓဘာသာဟာ မကောင်းမှုအားလုံးကို အမြစ်ဖြတ်ပေးရန် ကြိုးပမ်းပြီး အခြားသူတွေရဲ့ ချမ်းသာသုခအတွက် ဆောင်ရွက်ပါတယ်။ မြတ်ဗုဒ္ဓအလိုအရ ကျွန်တော်တို့အတွက် အရေပါဆုံး အဖိုးတန် အရည်အချင်းဟာ ဉာဏ်ပညာ ရရှိရန် စိတ်ကို လေ့ကျင့်ပြီး ပြုစုပျိုးထောင်ပေးနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပါ။ ဗုဒ္ဓတရားတော်များနှင့်အညီ စိတ်ကို အစွမ်းကုန် အတိုင်းအတာထိ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ထားသူတွေထံမှာ အစစ်အမှန် လူ့တန်ဖိုးတွေကို တွေ့နိုင်ပါတယ်။
Unfortunately for many of us, our minds are deluded, clouded by ignorance and selfishness, even though all of us have the ability to attain the ultimate - the divine nature. Because of delusion, certain defilements such as anger, jealousy and hatred exist within us. These mental defilements act as hindrances to our enlightenment with the result that we are unable to realize the real human values inherent in us.
ကျွန်တော်တို့အများစုမှာ အမြင့်ဆုံး အံ့သြဖွယ် အခြေအထိ ရောက်ရှိနိုင်တဲ့ စွမ်းရည်ရှိပါလျှက် ကံမကောင်းချင်တော့ ကျွန်တော်တို့ စိတ်တွေဟာ မောဟနဲ့ အတ္တက လှည့်စားတာကို ခံရတယ်။ လွှမ်းမိုးတာကို ခံရပါတယ်။ လှည့်စားခံရခြင်းကြောင့် အမျက်ထွက်မှု၊ မနာလိုမှု၊ မုန်းတီးမှုစတဲ့ အညစ်အကြေးတွေ ကျွန်တော်တို့ထံမှာ ကပ်ငြိနေတာဖြစ်ပါတယ်။ ဒီ စိတ်အညစ်အကြေးတွေဟာ ဉာဏ်အလင်းကို ပိတ်ပင်တဲ့ အရာတွေအဖြစ် လှုပ်ရှားကြပြီး အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ဟာ ရှိရင်းစွဲ အစစ်အမှန် လူ့တန်ဖိုးတွေကို နားမလည်နိုင်တော့ဘူး ဖြစ်သွားပါတယ်။