The fewer the necessities, the greater the happiness
"လိုအပ်ချက်တွေ နည်းလေ စိတ်ချမ်းသာမှု ပိုပြီး ခံစားရလေ"
Through the advances of science and technology, man has brought the world under hissway. He believes he can turn this world into a paradise by discovering the secrets of nature and gaining mastery over it. This unquenchable thirst for domination over land, sea, air and space has made him continually search for new territories to conquer in the outside world. Then he has neglected to understand the world within himself.
သိပ္ပံပညာနှင့် နည်းပညာ တိုးတက်မှုများကြောင့် လူဟာ ကမ္ဘာကြီးကို သူ့ရဲ့ စိုးမိုးခြယ်လှယ်မှုအောက် ရောက်လာစေခဲ့ပါတယ်။ သဘာဝရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေခြင်း၊ ထိုလျှို့ဝှက်ချက်ကို ထိန်းချုပ်နိုင်ခြင်းဖြင့် ကမ္ဘာကြီးကို နိဗ္ဗာန်ဘုံအဖြစ် ပြောင်းလဲနိုင်တယ်လို့လည်း လူတွေက ယုံကြည်နေကြပါတယ်။ မြေထု၊ ရေထု၊ လေထုနဲ့ အာကာသကို စိုးမိုးချယ်လှယ်ရေးအတွက် ပြင်ပကမ္ဘာကို အောင်နိုင်ရန် ဒီမရောင့်ရဲနိုင်တဲ့ အာသာပြင်းပြမှုက နယ်ပယ်သစ်ရှာဖွေမှုတွေ အဆက်မပြတ် လုပ်ဆောင်စေပါတယ်။ ဒီအခါ မိမိဘဝထဲက ရုပ်နာမ်ကမ္ဘာကို နားလည်သဘောပေါက်ရေးအား လျစ်လျူရှုသည်အထိ ဖြစ်လာပါတယ်။
All the discoveries of the external world do not bring him nearer to peace and happiness: they only succeed in making his mind more tense and discontented. Peace and happiness can be found if we make the effort. But to do this, we must, first, learn to see things in their true perspective. The act of living is like fighting a big battle. This seems like a losing battle of trying to experience pleasure and avoiding, suffering and death because all beings will ultimately suffer unsatisfactoriness and, finally, die.
ပြင်ပကမ္ဘာကို ရှာဖွေတွေ့ရှိမှုအားလုံးဟာ ငြိမ်းချမ်းရေး၊ ပျော်ရွှင်ချမ်းမြေ့ရေးနှင့် နီးစပ်လာအောင် မလုပ်ဆောင်နိုင်ပါဘူး။ ဒါတွေဟာ လူ့စိတ်ကို ပိုပြီး ဖိစီးနှိပ်စက်ခံရအာင်၊ အားမရအောင် လုပ်ဆောင်မှုမှာသာ အောင်မြင်သွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားအားထုတ်မှသာ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ရနိုင်တာပါ။ ဒါပေမယ့် ဒီလိုလုပ်ဆောင်ဖို့ ဦးစွာပထမ အရာဝတ္ထုတွေကို အရှိအမှန်တိုင်း သိမြင်အောင် လေ့လာရပါမယ်။ အသက်ရှင်ရပ်တည်ရေး လှုပ်ရှားမှုဟာ စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲနေရတာနဲ့ တူပါတယ်။ အပျော်အပါး ခံစားရန် ကြိုးစားတဲ့ တိုက်ပွဲ၊ ဆင်းရဲဒုက္ခနှင့် သေခြင်းကင်းရန် ကြိုးစားတဲ့ တိုက်ပွဲမှာ ရှုံးနိမ့်တာနဲ့ တူပါတယ်။ အကြောင်းကတော့ သတ္တဝါအားလုံးဟာ မကျေနပ်မှုကို အဆုံးစွန် ခံစားရပြီး နောက်ဆုံးမှာ သေရတာကြောင့်ဖြစ်ပါတယ်။
In the process of that struggle, they enjoy a little bit of emotional satisfaction which are mistaken for pleasure. Most people mistake this for real happiness. How can there be happiness if the mind and heart are not completely free from fear, tension and insecurity! People indulge their senses to obtain transient physical satisfaction. This satisfaction can only too easily be turned into unhappiness the very next moment. Therefore, there doesn't seem to be complete and lasting satisfaction in the emotional and physical happiness they experience in the stream of life.
အဲဒီလိုရုန်းကန်လှုပ်ရှားမှု လုပ်ဆောင်နေစဉ်မှာ ပျော်ရွှင်ဖွယ်လို့ အထင်မှားတဲ့ စိတ်ကျေနပ်မှု အနည်းငယ် ခံစားကြပါတယ်။ လူအများစုဟာ ဒါကိုပဲ အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုလို့ အထင်မှားနေကြတာပါ။ စိတ်နဲ့ နှလုံးသားမှာ စိုးရိမ်မှု၊ ဖိစီးနှိပ်စက်ခံရမှု၊ မိမိကိုယ်မိမိ အယုံကြည်နည်းမှုမှ လုံးဝ မလွတ်မြောက်လျှင်၊ ဘယ်နည်းနဲ့မှ စိတ်ချမ်းသာမှု မရနိုင်ပါ။ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သက်မှု ယာယီခံစားရဖို့ အာရုံတွေကို အလိုလိုက်ကြတယ်။ ဒီကျေနပ်နှစ်သက်မှုသည်ပင် မကြာခင်မှာ စိတ်မချမ်းသာမှုအဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားပါတယ်။ ဒါကြောင့် ဘဝခရီးမှာ လူသားတွေ တွေ့ကြုံခံစားရသည့် စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုနှင့်ဆိုင်တဲ့ ကျေနပ်နှစ်သက်မှုဟာ ပြည့်စုံပြီး တာရှည်ခံတယ် မှတ်ယူလို့ မရတာဖြစ်ပါတယ်။
It is only through training and calming of the mind that selfishness and guilt are overcome and true happiness can be experienced. The state of unhappiness amidst phenomenal progress is illustrated by the fact that about percent of the adults in the United States that means more than 1 in 6 suffer from some kind of psychological problems. This is the same society that has enabled man to land on the moon and conquer space.
အတ္တကြီးမှု၊ မစင်ကြယ်မှု လွှမ်းမိုးခံရတဲ့ စိတ်ကို လေ့ကျင့်ပေးခြင်း၊ ငြိမ်သက်အောင်လုပ်ဆောင်ခြင့်ဖြင့်သာ အစစ်အမှန် ချမ်းသာကို ခံစားနိုင်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ အရွယ်ရောက်ပြီးသူ ခြောက်ယောက်တွင် တစ်ယောက်မက စိတ်ပိုင်ဆိုင် ပြဿနာတွေ ခံစားနေရတယ်ဆိုတဲ့ ရာခိုင်နှုန်းဖော်ပြချက်က အံသြလောက်အောင် တိုးတက်နေတဲ့ကြားမှာ စိတ်မချမ်းမသာဖြစ်ရတဲ့ အခြေအနေကို ထင်ရှားစေပါတယ်။ ဒါဟာ လူသားတွေကို လကမ္ဘာပေါ်၊ အာကာသပေါ် ခြေချအောင်လုပ်ဆောင်နိုင်တဲ့ ဒီလူ့အဖွဲ့အစည်းထဲက ဖြစ်ရပ်ပါ။
What did man gain by landing on the moon? Did he discover anything that can help him to get rid of mental disturbances, old age, sickness and death, or even to tame his mind in order to enable him to live peacefully with others? Perhaps it is an information that he has not yet discovered precious metals like gold or gems like diamonds on the moon; otherwise there will probably be a bloodbath among nations in their attempt to gain dominance over the moon.
လကမ္ဘာပေါ် ခြေချခြင်းဖြင့် လူသားတွေမှာ ဘာကောင်းကျိုးများ ရခဲ့ပါသလဲ။ စိတ်အနှောင့်အယှက်တွေ၊ အိုမှု၊ နာမှု၊ သေမှုတွေကို ဖယ်ရှားရန် အကူညီပေးနိုင်တဲ့အရာ တစ်ခုခုများ တွေ့ရှိခဲ့ပါသလား။ ဒါမှမဟုတ် အခြာသူတွေနဲ့ ငြိမ်းငြိမ်းချမ်းလက်တွဲနေနိုင်စေရန် စိတ်ကို ထိန်းချုပ်ရာမှာ အကူညီပေးနိုင်တဲ့အရာ တစ်ခုခုများ တွေ့ရှိခဲ့ပါသလား။ ရွှေလို အဖိုးတန် သတ္တုများ ဒါမှမဟုတ် စိန်တွေလို အဖိုးတန် ကျောက်မျက်ရတနာများကို လကမ္ဘာပေါ်က မတွေ့ခဲ့ရဘူးဆိုတဲ့ အချက်လက်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ဒါမှ မဟုတ် လကမ္ဘာကို လွှမ်းမိုးခြယ်လှယ်နိုင်ရန် အားထုတ်ကြတဲ့ နိုင်ငံတွေအကြားမှာ တစ်ချိန်တည်း လူအမြောက်အများကို သတ်ဖြတ်ခြင်းဆိုတာပဲ ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။
All the great religious teachers have advised mankind that true happiness is not to be achieved by seeking to possess worldly things through selfish means or by trampling down others and depriving them of their human rights, but by sharing their happiness with others and rejoicing in others' happiness.
အတ္တကို ရှေ့တန်းတင်တဲ့ နည်းတွေနဲ့ လောကီပိုင်ဆိုင်မှုတွေကို ရှာဖွေခြင်းမျှဖြင့် ဒါမှမဟုတ် အခြားသူတွေကို နင်းခြေခြင်း၊ သူတို့ရဲ့ လူသားအခွင့်အရေးတွေကို ပိတ်ပင်ခြင်းမျှဖြင့် ပျော်ရွှင်ချမ်းမြေ့မှု မရနိုင်၊ စိတ်ချမ်းသာမှုကို အခြားသူတွေနဲ့ မျှဝေခံစားခြင်း၊ အခြားသူတွေ စိတ်ချမ်းသာတာကို ဝမ်းမြောက်ခြင်းဖြင့်သာ ပျော်ရွှင်ချမ်းမြေ့မှု ရနိုင်တယ်လို့ ကျော်ကြားတဲ့ ဘာသာရေးဆရာအားလုံးက လူတွေကို အကြံပြုထားပါတယ်။
Jesus taught: 'What profit does a man show who gains the whole world and destroys himself in the process?' One should not acquire material things through unscrupulous and selfish means. Simplicity and contentment are essential ingredients for happiness. According to Mahatma Gandhi, 'The fewer the necessities, the greater the happiness.' The Greek philosopher, Epicurus, once said that if you want to make a man happy, 'add not to his riches but take away from his desires.'
"ကမ္ဘာလောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားဆဲမှာ ကိုယ်တိုင် ပြန်ပီး ဖျက်စီးပစ်ရင် အဲဒီလူမှာ ဘယ်လို အကျိုးအမြတ်မှ ကျန်တော့မှာ မဟုတ်" လို့ ယေရှုခရစ်တော်က သင်ကြားပါတယ်။ လူတစ်ယောက်ဟာ မသမားတဲ့ နည်းတွေ၊ အတ္တကြီးတဲ့ နည်းတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို မရယူသင့်ပါဘူး။ ရိုးရှင်းခြင်း၊ ရောင့်ရဲကျေနပ်ခြင်းဆိုတာ ပျော်ရွှင်ချမ်းမြေ့မှုထဲမှာ အဓိကပါဝင်တဲ့ အရာတွေဖြစ်ပါတယ်။ မဟတ္တမဂန္ဓီကတော့ "လိုအပ်ချက်တွေ နည်းလေ စိတ်ချမ်းသာမှု ပိုရလေ" လို့ ဆိုပါတယ်။ ဂရိဒဿနဆရာ Epicurus က "လူတစ်ယောက်ကို စိတ်ချမ်းသာစေချင်ရင် သူရဲ့ ချမ်းသာကြွယ်ဝမှုတွေထဲ ထပ်ဖြည့်မပေးပါနဲ့။ သူရဲ့ လိုအင်ဆန္ဒတွေကိုသာ ဖယ်ထုတ်ပေးလိုက်ပါ" လို့ တစ်ခါကပြောခဲ့ပါတယ်။
One cause of the problems we are now facing is man's unwillingness to share his gain or pleasure with his fellow beings. Unless man learns to share and cultivate his mind to understand things without bias and discrimination, it will be impossible for peace to reign on this earth.
ပိုင်ဆိုင်မှုကို သို့မဟုတ် သာယာကြည်နူးမှုကို အခြားသူတွေနဲ့ မျှဝေခံစားလိုစိတ် လူသားမှာ မရှိခြင်းဟာ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ လူဟာ ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုဘဲ မျှဝေခံစားရန်၊ အရာရာ နားလည်အောင် စိတ်ကို ပြုစုပျိုးထောင်ရန် လေ့လာသင်ယူမှု မလုပ်ရင် ဒီကမ္ဘာမြေပေါ်မှာ ငြိမ်းချမ်းရေး လွှမ်းမိုးလာဖို့ မဖြစ်နိုင်ပါဘူး။