This content got low rating by people.

အတော်စိတ်ရှည်တယ် သိလား

Words
90
Reading
1 min
Listen
Play
8y

ကိုယ်လည်း မိန်းမပါ....
မိန်းမမှ မိန်းမစိတ် အပြည့်ရှိတဲ့ မိန်းမ။
သဝန်တိုတတ်တာလည်း ပြောမနေနဲ့
ကိုယ့်ရည်းစား ကိုယ့်ယောက်ျားကို ပြီတီတီလာကြည့်ရင်တောင် တစ်မိနစ်မှာတင် စိတ်နဲ့ အခါခြောက်သိန်းသတ်ပြီးသွားပြီ။
စနိုက်လာကြော်လို့ကတော့ နုတ်နုတ်စင်းမှာ။
ဒိန်းဒလိန်းနတ်ပူးတာလောက်က ကိုယ်တွေက သာမန်ချိန်တောင် ဒိန်းဒလိန်း အကောင်တစ်သိန်းအားလောက် ရှိတယ်။
ပြောချင်တာက ဘာမှဝေမစားနိုင်ဘူး။
အဲ့လောက်ကို တိုတယ်။
အဲ့တော့ ကိုယ့်လို သဝန်တိုတတ်သူတွေကိုလည်း ကိုယ်ချင်းစာတယ်။

ဒီမနက်စောစောစီးစီး ကိုယ့်ဘာသာ မနက်စာလေး အေးအေးလူလူ စားနေတုန်း ဖုန်းနံပါတ်တစ်ခုဝင်လာတယ်။ ဟဲလိုထူးတော့ ဘာမှပြန်မပြောဘူး။ ပြန်ချသွားတယ်။ နောက်တစ်ခေါက်ဝင်လာတယ်.. အဲ့လိုပဲ ပြန်ချသွားတယ်။ စိတ်က အတော်ဖုနေပြီ။
နောက်တစ်ခါဝင်လာတယ်။ ကိုယ့် ဟဲလိုက အတော်Vocal ပြင်းနေပြီ။
မိန်းမတစ်ယောက်အသံ၊ အသက်ခပ်ကြီးကြီး မိန်းမတစ်ယောက်အသံ။
ဒီဖုန်းကို ခေါ်ထားလို့တဲ့။ မခေါ်ပါဘူးဆိုတော့ ခေါ်ထားတယ်၊ ဒါငါ့ယောက်ျားဖုန်း.. နင့်နာမည် ဘယ်သူတုန်းတဲ့။
image
ဒါမျိုး ဘယ်ရလိမ့်မလဲ ကိုယ်ကလည်း ဒီရက်ထဲ ဘယ်ဖုန်းမှ မခေါ်တာ သေချာတယ်။ အလွန်ဆုံးရှိလှ Grab ခေါ်တာလောက်ပဲ ရှိမယ်။Vocal Tone ပြင်းပြင်းနဲ့ ကောင်းကောင်း ဟောက်ပေးလိုက်တယ်။
ရှင့်လင်ဖုန်းကို ဝင်ထားတယ်ဆိုရင် ရှင့်လင်ကို မေးလေ
ရှင့်လင် ဘာကောင်မှန်းတောင် မသိတဲ့ ဒီဘက်ကလူကို သဟောက်သဟနဲ့ စွတ်စွတ်စွဲစွဲ လာမေးနေရအောင် ရှင့်လင်က အားနေသရမ်းနေတဲ့ကောင်လား ဘာညာနဲ့ ကောပြီး ဖုန်းချလိုက်တယ်။

အတော်စိတ်ရှည်တယ် သိလား | Ecency