Huawei ကုမ္ပဏီရဲ့ (2017) ခုနှစ်အတွက် စုစုပေါင်းနှစ်ပတ်လည် ဝင်ငွေဟာ 2016 ခုနှစ်ကထက် 15.7 ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တရုတ်ယွမ် 603.6 ဘီလျံ ရှိခဲ့ကြောင်း Huawei မှတရားဝင်သတင်း ထုတ်ပြန်ပေးခဲ့ပါတယ်။
ဒါအပြင် အသားတင်အမြတ်ငွေက 28.1 ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တရုတ်ယွမ် 47.5 ဘီလျံအထိ ရှိခဲ့ကာ 2017 ခုနှစ်မှာ Huawei ရဲ့ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ နှစ်ပတ်လည်ရင်းနှီးမြှုပ်နှံမှုကလည်း 2016 ခုနှစ်နဲ့ နှိုင်းယှဉ်ရင် 17.4 ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ " ကျွန်တော်တို့ ခရီးသစ်တစ်ခုကို လျှောက်လှမ်းနေပါတယ်။ ကျွန်တော်တို့ဆီကို အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေက အရင်က်ထက်ပိုပြီး ဘက်ပေါင်းစုံကနေ လျင်လျင်မြန်မြန် ရောက်ရှိလာနေပြီး အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ဆန်းသစ်တီထွင်မှု ကလည်း ဒီနေရာမှာ ကျွန်တော်တို့အတွက် ခြေတလှမ်းသာစေနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲဖြစ်ပါတယ်။ နောက် 10 နှစ်အတွင်းမှာ Huawei က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမှာ နှစ်စဉ် ၁၀ဘီလျံထက်ပိုပြီး ရင်းနှီးမြှပ်နှံမှာဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှု အပိုင်းမှာ်လည်း ရင်းနှီးမြှပ်မှုတွေ ကို ဆက်လက်ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ် “ လို့ Huawei ရဲ့ Rotating Chariman ဖြစ်သူ Ken Hu က ပြောကြားခဲ့ပါတယ်။ အာရှပစိဖိတ်ဒေသမှာ Huawei ရဲ့ carrier ၊ enterprise နဲ့ consumer လုပ်ငန်းတို့ရဲ့ 2017 ခုနှစ် နှစ်ပတ်လည်ဝင်ငွေဟာ 2016 ခုနှစ်က တရုတ်ယွမ် 67,500 သန်း (အမေရိကန်ဒေါ်လာ 10,350 သန်း) ရှိခဲ့ရာမှ 2017 ခုနှစ်မှာတရုတ်ယွမ် 74,427 သန်း (အမေရိကန်ဒေါ်လာ 11,412 သန်း) ရှိခဲ့ပြီး စုစုပေါင်း 10.3 ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိပါတယ်။