အရှုံးဆိုတာတကယ်တော့
သူငယ်ချင်းရေလောကမှာလူရယ်လို့ဖြစ်လာရင်
အနိုင်အရှုံးဆိုတာအမြဲကြုံတွေ့ရမှာပဲလေအနိုင်ရရင်ပျော်ရွင်တတ်ကြပေမဲ့အရှုံးဆိုတာကိုတော့
မုန်းတီးတတ်ကြတယ် တစ်ခုတော့ပြောချင်တယ်လောကမှာဘယ်အရာပဲကျရှုံးပါစေစိတ်
ဓာတ်မကျရှုံးပါစေနဲ့
တကယ်တော့အရှုံးဆိုတာမင်းတို့် ငါတို့ရဲ့ဘဝ
သင်ခန်းစာတွေပေးနေတဲ့ဆရာတစ်ဆူပါပဲ
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
အောင်မြင်မူ ဆိုတာဟာလည်း
ရှိလာမှာ မဟုတ်ဘူး။
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
ဘဝအတွက် သင်ခန်းစာတွေ
လည်း ရရှိမှာ မဟုတ်ဘူး။
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
ကြိုးစားချင်တဲ့ စိတ်တွေလည်း
ရှိလာမှာ မဟုတ်ဘူး။
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
မိမိကိုယ်ကိုယ် အားကိုးတတ်တဲ့
စိတ်မျိုး ရှိလာမှာ မဟုတ်ဘူး။
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
တစ်ပါးသူကို မကျရှုံးအောင်
သင်ပြတတ်မှာ မဟုတ်ဘူး။
အရှုံးတွေသာမရှိခဲ့ဘူးဆိုရင်
ရင့်ကျက် တည်ငြိမ်တဲ့ သူတစ်ယောက်
ဖြစ်လာမှာ မဟုတ်ဘူး။
တကယ်တော့အရှုံးဆိုတာ
အောင်မြင်ဖို့အတွက် လမ်းစ
တစ်ခု ဖြစ်ပြီး အောင်မြင်အောင်
ဘယ်လို လုပ်ဆောင် ရမလဲ ဆိုတဲ့
သင်ခန်း စာတွေကို ပေးပါတယ်။
တစ်ခါရှုံးလို့ စိတ်ဓာတ်ကျစရာ
မလိုဘူး။သို့သော် နောက်တစ်ကြိမ်
မရှုံးအောင် ဘယ်လို လုပ်ရမလဲ
ဆိုတာ ကတော့ အရေးကြီး ပါတယ်။
ဘဝဆိုတာ အရှုံးထဲမှ
အမြတ်ထုတ်နိုင်သူမှပဲ
အောင်မြင်မှုအစစ်အမှန်
အရသာကို ကောင်းကောင်း
ခံစားနိုင်မှာဖြစ်ပါတယ်။
အောင်မြင်မှု့ အစစ်အမှန်ကို
ရှာတွေ့နိုင်ပါစေ.
စိတ်ဓ်ာမကျရှုံးပါစေနဲ့သူငယ်ချင်း