အို​အေစစ်

Words
26
Reading
1 min
9y
Listen to this post
~1 min

အထီးကျန်​​ခြောက်​​သွေ့၍
ကန္တာရဆန်​​သောဘဝထဲမှာ
အို​အေစစ်​​လေးတစ်​ခုကို
အမှတ်​မထင်​ဆုံ​တွေ့ခဲ့
နှလုံးသားကို​အေးမြ​စေဖို့
ချစ်​သူ့အို​အေစစ်
သူ့ကိုရင်​၌ထာဝစဉ်
သိမ်းထားမိပြီ။
အချစ်​အို​အေစစ်
သူ့ကို​မေတ္တာ​ရေ
အခါခါပက်​ဖျန်း
ခံစားချက်​မဲ့ကိုယ့်​နှလုံးသား
သက်​ဝင်​လှူပ်​ရှား
တိတ်​တဆိတ်​ရင်​ခုန်​မိပြီ။
ကန္တာရဆန်​​ကိုယ့်​ဘဝ၌
စိမ်းလန်းစို​ပြေ
အချစ်​​တောအုပ်
ရှင်​သန်​၍ပင်​ရှည်​ကြာခဲ့ပြီ။

ကဗျာသည်​ကဗျာသာဖြစ်​သည်​။စာ​ရေးသူ၏စိတ်​ကူးယဉ်​မှူဖြင့်​ကဗျာများ​မွေးဖွားခဲ့ခြင်းဖြစ်​​ပေသည်​။
အိအိခိုင်​​ရေးဖွဲ့သည်​။
MSC No.173.

ica-1984755_1280.jpg

Credited from google images.

အို​အေစစ်​ | Ecency