ရ န် ကု န်

eainsan(41)
Published in
#esteem
Words
72
Reading
1 min
Listen
Play
8y

image

ရန်အပေါင်းကို ကုန်စင်တော်မူသောကြောင့်
ရန်ကုန်..ဟု သမုတ်ခဲ့လေသည်။
ဤသို့ဖြင့်......
.................
.................
နှလုံးသားမှာ စက်တပ်ထားတာ တစ်မြို့လုံးပဲ
ဦးနှောက်ထဲ ဂဏန်းပေါင်းစက်ထည့်ထားတာ တစ်မြို့လုံးပဲ
အဲ့ဒီ့ တစ်မြို့လုံးဟာ...နေ့လွှဲညစာသုံးဆောင်လို့
အဲ့ဒီ့တစ်မြို့လုံးဟာ.....လယ်ထွန်မင်္ဂလာသီချင်းနားထောင်လို့
အဲ့ဒီ့တစ်မြို့လုံးဟာ....ခေါင်းမော့ရင်ကော့ မေးတွေငေါ့လို့
အဲ့ဒီ့တစ်မြို့လုံးဟာ....မျှော်လင့်ချက်တွေ ရေလျှံလို့
တခမ်းတနား ကြေကွဲလို့
ရက်ရက်စက်စက် ဟားတိုက်လို့
နာနာကျင်ကျင် ရီမောလို့
အိမ်နောက်ဖေး.....အပြုံးတွေ တည် ထား လို့
........
ဆိုလိုတာက
ရန်တွေ........ကုန် လို့ ။

သမုဒ္ဒရာကို လက်ပစ်ကူးဖို့
ဆွမ်းတော်တင်ပြီး ထွက်ခဲ့တယ်
ငါးပိသိပ်ငါးချဉ်သိပ် အပြုံးတွေ ဇွတ်ပြုံးထား
ငါသိတယ်ဆိုတဲ့ အကြည့်တွေ ဇွတ်ကြည့်ထား
ဘာမဆိုလုပ်မှ ဘာမဆိုပြန်ရမယ်လို့တွေးထား
သူများမကောင်းတာထက်
ကိုယ်ကောင်းဖို့လိုတယ်လို့....မြင်ထား
မြို့ ရန်မကုန်ခင်
ကိုယ့် ရန်ကုန်ဖို့...လိုသားလား။

အရင်က အနေချောင် အသေကြပ်
အခု.....
အနေကြပ် အသေချောင်တယ်....ဆိုပဲ
ခိုအိမ် လေးတွေထဲက တစ်နေကုန်ထွက်
မိုးချုပ်ချုပ် ခိုအိမ်လေးတွေထဲပြန်ဝင်
တရင်းတနှီး ချစ်ကြ
ဂရုတစိုက် ကြင်နာကြ
နီးနီးကပ်ကပ်.....မိုးချုပ်လိုက်ကြ။

လူတိုင်း တိုက်ပွဲကိုယ်စီ
ရန်ကုန်..မမည်သေးတဲ့....မြို့။။။။

ရ န် ကု န် | Ecency