သတိ ထားသင့်သော မီး

eain(49)
Published in
#esteem
Words
200
Reading
1 min
8y
Listen to this post
~1 min

image
ကျွန်မတို့လူသားများသည်ရန်သူမျိုးငါးပါး စာရင်းဝင်သော မီးကိုမလောင်ခင်က ကြို တင် ကာကွယ်ကြပါသော်လည်းပေါ့လျော့ မှု့ကြောင့်ဖြစ်စေ အခန့်မသင့်လျင် ဖြစ်စေ မီးဘေးဒဏ်ကိုခံကြရလေ့ရှိပါသည်။ ထိုသို့ ကာကွယ်ရာ၌ သတိပြုအပ်သော အချက်အလက်များမှာလည်း လူတို့ အမှတ်မထင်နေလေ့ရှိသော အသေးအဖွဲကလေးများသာ ဖြစ်သော်လည်း အဲ့ဒီအသေးဖွဲ့တို့ကြောင့် လူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့ပင် ဆုံးရှုံးရလေသည်။ဒီကနေ့နေ့လည် က မန်းလေးတိုင်း ကန်သာယာ ရပ်ကွပ်
တွင်နေထိုင်သော ကျွန်မ ၏အမ အိမ် တစ်လုံးပါဝင်သွားပါသည် သူ
သည်အစစအရာရာ စည်းကမ်းကြီးသူဖြစ်သလို့ မည်သည့် အရာကိုမှ ပေါ့ပျက်ပျက်လုပ်တတ်သောအကျင့်မရှိပါ သို့သော်
လည်းမီးဒဏ်သင့် ၍ ရှာဖွေစုစောင်းထားသမျှလေးတော့အကုန်ပါသွားလေပီ။
ကျွန်မတို့အားလုံး သတိပြုလေ့မရှိသော အသေးအဖွဲ့ကလေးမှစ၍ အ ကြီးအကျယ်ပျက်စီးရတတ်သည်ကို "အမှိုက်ကစ ပြာသာဒ်မီးလောင်"သည်ဟု ရှေးစာတော်ကြီးများမှ စာပေမှန်တမ်းဖြင့်သတိပေးစာလိုလို ဆိုစမှတ်ပြုခဲ့ကြပါသည်။ ထိုစကားမှာ မီးဘေးကာကွယ်ရေး တွင် အလွန်အဖိုးတန်သော စကားတစ်ရပ် ဖြစ်ပါသည် အဖိုးထိုက်တန်သော လူတို့၏ အသက်စည်းစိမ်ဥစ္စာ တို့သည် မီးလောင်ခံရသော် ကြီးစွာသော အပျက်အစီး အဆုံးအရှုံးနှင့် တွေ့ရသည်က များပါသည်။
ယင်းသို့ ပျက်စီးဆုံးပါးခြင်း၏ အကြောင်းရင်းကိုရှာမူ များသော အားဖြင့် လူတို့၏ ပေါ့လျော့မှုကို တွေ့ရတတ်လေသည်။ ထိုအခါမှမိမိတို့၏ ပေါ့လျော့မှုအတွက် ကြီးစွာသော နောင်တ ဖြစ်တတ်ကြ သည်။ ထိုကြောင့် အကျိုးပျက်စီးပြီးမှ နောင်တရမည့်အစား မီးမလောင်မီက အထူးသတိထား၍ ကာကွယ်သင့်လှပေသည်။
ရန်သူမျိုး ငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မီးကို မလောင်မီက ကြိုတင်ကာကွယ်ရာ၌ သတိပြုအပ်သော အချက် အလက်များမှာ များသောအားဖြင့် လူတို့ အမှတ်မထင် နေလေ့ရှိ သော အသေးအဖွဲကလေးများပင် ဖြစ်သည်။ လူတို့၏ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော ပစ္စည်းများစွာ ရှိသည်ကို ရှေးဦးစွာ သတိထားသင့်သည်။ အမှတ်မဲ့ ပစ်လိုက် သော ဆေးလိပ်တိုကလေးများမှ မီးသည် မီးတောက် ကြီးအထိ ပွားကာ ဆုံးရှုံးပျက်စီး လောက်အောင် ဖြစ်စေနိုင်သည်။
မီးမလောင်ရန် သတိပြုကာကွယ်ရာ၌ မီးကိုသာ သတိနှင့် ကိုင်တွယ်ရမည်မဟုတ်ဘဲအိမ်တွင်းအိမ်ပြင်၌ မီးစွဲလောင်စေတတ်သော အရာဝတ္ထုအားလုံးကိုလည်း မီးနှင့်ဝေးရန်၊ သို့မဟုတ် မီးမစွဲနိုင်စေ ရန် စီမံထားဖို့လိုပေသည်။မီးလောင်လွယ်သည့် ရေနံဆီ ဓာတ်ဆီ စသည်တို့အပြင် မီးအစွဲလွယ်ဆုံး အိမ်တွင်းပစ္စည်းများမှာ စက္ကူနှင့် အဝတ်စများဖြစ် ပါသည်။ အိမ်ဆောက်ထားသည့် ပစ္စည်းများမှာ သစ် ဝါး စသော လောင်စာများဖြစ်လျှင် မီးကို အထူးသတိပြုရပေမည်။ မီးခံပစ္စည်းများဟု ဆိုရမည်ဖြစ်သော သံသွပ် ကျောက်အုတ် စသည်တို့ဖြင့် ဆောက်လုပ်သော အဆောက်အအုံကြီးမှာပင် မီးဘေး ကြီးများ ဆိုက်ရောက်လာလျှင် အပျက်အစီးမှ လွတ်ရန်မလွယ်ကူပါ။ သို့သော်လည်း ထိုပစ္စည်းများမှာ သစ် ဝါး တို့ကဲ့သို့ မီးစွဲ လွယ်သောပစ္စည်းများ မဟုတ်သဖြင့် အိမ်တွင်း၌ မတော်တဆ လောင်သော မီးတောက်များ တစ်အိမ်လုံးသို့ မကူးမီ ငြိမ်းသတ်ချိန် ရနိုင်ပေသည်။ နေအိမ်အဆောက်အအုံများကို တတ်နိုင်လျှင် ရုတ် တရက် မီးမစွဲနိုင်သော ပစ္စည်းမျာဖြင့် ဆောက်သင့်ပါသည်။ ကြောက် စရာအကောင်းဆုံးမှာ မီးတောက်ဖြစ်ပါသည်။
မီးတောက်သည် လောင် ကျွမ်းကူးစက်ရာတွင် အလျင်အမြန်ဆုံး ဖြစ်သည်။ ထို့ကြောင့် အစစအရာရာ သတိထားသင့်ပါသည်။
Author->eain@eain
18/11/18
7:01Pm

သတိ ထားသင့်သော မီး | Ecency