ကျွန်မတိုအားလုံးသင်ယူကြရပါသည် မွေးစ မှစတင်
ကာသင်ယူခြင်းကို စတင်လုပ်ကိုင်ကြရပါတယ် ယခုထိ
တိုင်လဲသင်ယူနေရဆဲပင်ဖြစ်သလို ဆင်လက်၍လဲသင်
ယူလေ့လာနေရဦးပေလိမ့်မည် သာသင်ယူမှုမှရရှိလာ
သောအတွေ့ကြုံ များ အသုံးချခြင်း ဖြင့် သက်ရှိဘဝကို
နေစဉ်ဖြတ်သန်းနေကြရသည် မဟုတ်ပါလား?????
အသက် ၈၀ လောက်ရှိတဲ့လူတစ်ယောက်ဟာ အသက် ၄၀ ဘဲရှိတဲ့သူထက်တော့ အတွေ့အကြုံများပါလိမ့်မယ် ဒါပေမယ့် အသက်၄၀ လောက်နဲ့ အတွေ့အကြုံ များချင်ရင်တော့ တစ်ခုတည်းသောလမ်းဟာ ပညာသင်ယူခြင်း ပါ။
အတွေ့အကြုံများတဲ့သူ့ရဲ့ပြသာနာက ဘာမဆိုအကုန်သိတယ်လို့ထင်တတ်သလို သူတို့ဘဲဦးဆောင်နိုင်မယ်လို့ထင်တတ်ကြပါတယ်ကယ်တော့ တီတွင်ဖန်တီးမှု အပြောင်းအလဲတွေဟာ အတွေ့အကြုံသမား ထက် စဉ်းစားတွေးခေါ်ကြံဆခြင်းတွေ့ကြောင့်လည်း တိုးတက်
ခြင်းတွေဖြစ်ပေါ်လာပါတယ် ဒါတွေကသုတေသန မှတ်တမ်းတွေကြောင့်ပါ။ဒီနေရာမှာ စတွေ့တာကတော့ အတွေ့အကြုံသမား တွေက နေရာကို စုပ်ကိုင်ထားတတ်သလို အယူအဆအသစ်တွေ နည်းအသစ်တွေကို လက်ခံလေ့မရှိကြပါဘူးမိမိရရှိထားတဲ့နေရာကို လုပ်ကိုင်နိုင်စွမ်းရှိသူတွေ ရှိသည့်တိုင်လွယ်လွယ်နဲ့စွန့်လွှတ်လေ့မရှိကြပါဘူး လူငယ် လူကြီး ပြသာနာက အဲ့ဒီကနေစကြလေ့ရှိပါတယ်။ကျွန်မတို့အပါဝင်ပါဘဲ
ညှိနှိုင်းဆွေးနွေးမှုတွေ မရှိတာများတဲ့အခါ ဖြစ်ပါတယ်။
ဒီပြသာနာကိုဖြေရှင်းနိုင်တာ တနည်းဘဲရှိပါတယ် အဲ့ဒါက ဖွင့်ထားသောစိတ်ဖြင့်သင်ယူခြင်းပါ အမြဲမပြတ် ကိုယ်လုပ်နေတဲ့အလုပ်အပေါ်နဲ့ မိမိ လိုလုပ်နေသူတွေရဲ့လုပ်ကိုင်နိုင်မှုအနေအထားကိုအမြဲလေ့လာနေရမှာပါ။လေ့လာသင်ယူခြင်းရပ်လိုက်တာနဲ့ အပြောင်းအလဲ ကို လိုက်နိုင်တော့မှာမဟုတ်တော့ပါဘူးဒါကြောင့် ဘဝတလျှောက်လုံးသင်ယူခြင်း၊စာဖတ်ခြင်း၊ဆွေးနွေးခြင်း၊လက်တွေ့လုပ်ဆောင်ခြင်း တွေကသာ ပညာ ရဲ့သဘောပါ။ဒါတွေကသာ အပြောင်းလဲကို
လက်ခံတတ်လာပါလိမ့်မယ်။အချိန် ကာလတစ်ခုနဲ့
နေရာ ဟာ အရေးကြီးသလားဆိုရင်တော့ ခေတ်ဆိုး တစ်ခုမှာတော့ အရေးကြီးပါတယ် ဘာဖြစ်လို့လဲဆိုတော့ နေရာ ရဖို့ ဘယ်လိုနည်းနဲ့ဘဲဖြစ်ဖြစ်လုပ်ကြရလို့ပါ တကယ်သိ တကယ်တတ်မှ လုပ်လို့ရတဲ့ ရလဒ်ဗဟိုပြုခေတ်မှာ ပညာ ကသာအရေးကြီးပါတယ်။
ကျွန်မတို့ကောင်းသောအပြောင်းအလဲဖြစ်ပေါ်ဖို့အတွက် ပညာ ကိုသာ အားထားကြရမှာပါ၊ကျောင်းပညာရေး အရေးကြီးသလိုကိုယ်တိုင်ရှာ ပညာရေး ဖြစ်တဲ့ စာကြည့်တိုက်အသုံးပြုခြင်းသက်မွေးပညာသင်ယူခြင်းတွေကလည်းအရေးကြီးပါတယ်ဒါတွေကို ဖန်တီးပေးကြဖို့ လိုနေပါပြီ။ကိုယ်တိုင်လဲ တွေးတောတီထွင်ကြံဆပီး သုတေသန ပြုစုလုပ်ဆောင် မှတ်တမ်းများ ထားသင့်ပါတယ်။အမြဲတမ်းလည်း သင်ယူနေကြရဦးမှာဘဲ ဖြစ်ပါတယ်။
Author->@eain
17/11/18
11:27