မနက်သစ် အတွေး

eain(49)
Published in
#esteem
Words
134
Reading
1 min
8y
Listen to this post
~1 min

image

တစ်နေ့တစ်နေ့ စားဝတ်နေရေး အတွက် လုံးပန်းနေတာနဲ့ ဘဲ
အသက်က ကြီးမှန်းမသိ ကြီး လာခဲ့တယ် ရည်မှန်းချက်တချို့
လဲအောင်မြင်ခဲ့ သလို ကျရှုံးခဲ့တာတွေလည်းတစ်ဖုံ ရှိပါစေ
တော့ တစ်နေ့ပီး တစ်နေ့ တစ်ပါတ်ပီး တစ်ပါတ် တစ်လပီး တစ်
လ ကနေ တစ်နှစ်ပီး တစ်နှစ် စက္ကန် မိနစ် နာရီ ရင်ပေါင်းများ
စွာ ဖြတ်သန်းလာခဲ့ပေမယ့် ခုလက်ရှိအချိန်မှာတော့ခဏလေး
ဖြတ်သန်း ခဲ့ရသလိုဘဲ အသက်လေးရလာရင် ဒီလိုဘဲ အတွေး
ဝင်တတ်သလာတော့သေချာမသိပေမဲ့ ကျွန်မတော့ ဒီလိုအ
တွေးတွေ ဝင်နေပီလေ။အရင်လို မနေ့ကအကြောင်းတွေ သိပ့်
မတွေးတတ်တော့ဘဲ ဒီကနေ့ မှာအကောင်းဆုံးနေဖို့ဘဲ ကြိုး
စားတော့တယ်။ဒါမှလည်း ကိုယ် မနက်ဖြန်များစွာ ရှင်သန်ဖို့
အကောင်းဆုံးဖြတ်သန်းရမယ် မဟုတ်လား???

ပိုင်ဆိုင်မှု ရာထူး အာဏာ ပါဝါ တွေ တောင်မမြဲ ကိုတက်ရမယ့်
အခြေနေတိုင်းကိုလဲ မမက်မော့တတ်တော့ပီ ။ဤသို့ဤနှယ်
အတွေး ဘယ်လောက်ခံနိုင်မလဲ သေချာမသိပေမယ့် ပုထုဇဉ်
သဘောအရ စိတ်မပျံလွင့်မီ ခဏသာထင်မိသေးသည်။ဘယ်
လိုပင်ဖြစ်စေ တရားစခန်း တုန်းက နာယူဖူးတာလေးတစ်ခုရှိ
ခဲ့သည်လေ "တရား အသိ အမြဲတမ်း ရှိမနေတောင် ရှိတဲ့
အချိန် လေးမှာ သတိလေးကပ်ပီး ဆင်ခြင် နေနိုင်ခြင်းဟာ
အကုသိုလ် ကိုလျှော့ စေပါတယ်" တဲ့ကိုယ်ကလဲအတွေးသ
မားဆိုတော့ တွေးမိတာနဲ့ ကို စိတ်က ချောင်းရေစီးမြောနေသလိုဘဲ ရပ်တန့်တဲ့နေရာမရှိသလိုစီးမြောနေပါတော့တယ်။
အလုပ်တာဝန် အထက်အမိန့် တွေကြရောက်ပြန်တော့လဲ အ
တွေးတို့ကိုဖြတ်ကာ တာဝန်ကျေအောင်လုပ်ရပြန် ဒီဘဝ ဒီသံ
သရာ ဒီခန္ဓာ ကိုယ်ပိုင်ဆိုင်ထားသ၍တော့ဒီလိုဘဲ ကျင်လည်
နေရဦးမည်သာ လောဘ ဒေါသ မောဟ အားလုံးဟာ တလှည့်
စီစီး လျက် စိတ်မတိုချင်လဲ တိုရဦးမည် မပိုင်ချင်လည်း လိုချင်
ရဦးမည် ကျေနပ်နေလဲ မနာလိုရဦးမည် တွေးရင်းစိတ်ကလေး
ကဖောက်ပီးဗိုက်ကဆာလာပီ ဝိတ်လျှော့နေတယ်လို့ မာန်တင်း
ရင်း အစားလျော့ရန် ကျမ အိပ်ယာထပါပြီ။

Author->eain@eain
21/11/18
7:18Am

မနက်သစ် အတွေး | Ecency