ပြောင်းလဲခြင်း တန်ဖိုး

eain(49)
Published in
#esteem
Words
290
Reading
2 min
8y
Listen to this post
~2 min

image
ကျွန်မတို့ လူသားအများစုသည် ရှာရှာဖွေဖွေ တွေးတော လုပ်ကိုင် နိုင်ကြသဖြင့် ယနေ့ခေတ်ကြီးမှာ သက္ကရာဇ်ပြောင်းလဲလာသည်နှင့် အမျှ တိုးတက် မှုတွေများ လာသလို ဆုတ်ယုတ်မှုတွေ လဲ လွန်စွာများ ပြားလာခြင်းကိုတွေမြင်နိုင်ပေသည်။ကျွန်မ အတွေး အလွန်အံသြဖွယ်ပင် ယခင်က ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး
ကိုယ့်အတွေးနှင့်ထင်မိ သည်က အလွန် နောက်ကျ ညံဖြင်းကြသည်ဟု သာ အမှန်တကယ်မှာတော့ကိုယ်
တိုင်လဲ ဘာဆို ဘာမှ ကောင်းကျိုး ပေးနိုင်ခဲ့သည်တော့မဟုတ်ပါချေ။ သူများအပြစ်ကိုသာ
မြင်တတ်သည်မှာလဲ ကျွန်မ တို့ ရဲ့ မွေးရာပါအကျင့် တစ်ခုလိုသာဖြစ်နေခဲ့သည်လေ။ "agent 47" ဇာတ်ကားလေး မနေ့ညကကြည့်မိတော့ ကျွန်မ အတွေးတစ်ခုဝင်မိခဲ့ပါတယ် "လူသား တိုင်းဟာ ပြောင်းလဲနိုင်တယ် " ဆိုတဲ့စကားလုံးလေးကြောင့်ပဲဖြစ်ပါတယ်။ "ကျွန်မတို့ လူသားတွေ မပြောင်းလဲနိုင်ကြဘူးလား?".........

မေးခွန်းရှိလျှင် အဖြေရှိရမည် သာ ကျွန်မ အတွေးတို့ယောက်ယက်ခတ်လေပီ နဂို ကမှတစ်ကိုယ်တည်း နေတတ်ပြီး အတွေးများသူတစ်ယောက် ခက်ချေပီလေ အတွေးတို့က အဖြေအမျိုးမျိုး ကို ကို့ဖာသာပေးနေမိသည် သို့သော် မဝေခွဲ နိုင်ခဲ့ပါ ဒီလိုနဲ့လဲ ရပ်မနေဘဲ မနေ့ကအတွေးက ဒီနေ့ထိတိုင်
တွေးမိ ကိုယ်တိုင်မေးခွန်းထုတ်မိ အဖြေတွေပေးနေမိတုန်းပင် ကိုယ့်မေးခွန်း ကိုယ့်အဖြေကို မရှင်းလင်းသောအဖြေ များ နှင့် သံသရာလည်နေသူများရှိကောင်းရှိလိမ့်မည် သို့သော် အလွန် ရှားပါးလိမ့်မည် ဆိုတာတော့သေချာသည် တချို့ ကပြောသည် ညနက်ထိ အိပ်မပျော်သူများသည် သာမန်ထက် လွန်ကဲသော စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေသူများ တစ်နည်းအားဖြင့် ရူးသွပ်နေသူများဟု ဆိုကြသည်။ နောက်တစ်ဖက်သော လူတစ်ချို့ ကလဲ ထိုလူများသည်အောင်မြင်မည့် သူများ လောကအကျိုး
သယ်ပိုးဆောင်ရွက် နိုင်မည့်သူများ ဟု ဆိုကြပြန်လေသည် ကျွန်မ သိပါသည် အဆိုးနဲ့ အကောင်းဆိုသည်မှာ ဒွန်တွဲ နေမည်သာ ကိုယ်က အဆိုးဘက်ကိုအတွေး သန်မိလျှင် ဆိုးနေမည် ဖြစ်ပီး အကောင်းဖက်ကို စိတ်သန်လျှင်လဲ ကောင်းနေပါလိမ့်မည် ဆိုတော့ "မေးခွန်းရဲ့ အဖြေက ?" . . . . . . . . . . .

ကျွန်မ ထင်မိသည် လူတိုင်းပြောင်းလဲ နိုင်ပါသည် အဆိုးကိုပင် ဖြစ်စေ အကောင်းကိုပင်ဖြစ်စေ ဆိုးနေသူမှ အကောင်းဘက်ကိုပြောင်းလဲ နိုင်သလို ကောင်းနေသူမှ လဲ အဆိုးဖက်ကို ပြောင်းလဲ နိုင်သည်မဟုတ်ပါလော့ ။ ကျွန်မသည် ငယ်စဉ်က မိမိ ကိုယ်ကို ကောင်းသည်ဟု အထင်ရောက်ခဲ့ဖူးပါသည် ထိုသို့ အထင်ရောက်ခြင်းမှာ မိမိ ကိုယ်ကို အထင်ကြီးခြင်း ဆိုတဲ့ အဆိုးမြင် ဝါဒ တစ်ခုဖြစ်ပီး မထင်မှတ်သင့်တဲ့ အရာတစ်ခုပင် အဘယ့်ကြောင့်ဆို
သော် လုပ်သမျှ အမှန် ငါ တကောစိတ်ဖြင့် တစ်ပါးသောသူပြောသမျှ ကတစ်လွဲ ငါကအမှန်ဟု ဘဝင်လေ ဟပ် စိတ်ဖြင့် လူတကာဖြင့်မတည့်အောင် နေမိခြင်း ကြောင့် လူမုန်းများနိုင်သောစိတ်ကို ယူမိခြင်း
ကြောင့်ဖြစ်သည် အမှန်မှာ ကျွန်မ လူတကာနှင့်ပေါင်း
သင်းဆက်ဆံနေရာ၍ သူတို့၏ အတွေး ခံစားချက်ကို မျှဝေ နားလည်ပေးနိုင်ခဲ့မည် ဆိုလျှင်ကား ကျွန်မသည် လူမုန်းများမည့်သူ မဖြစ်နိုင်ဟု နောက်ပိုင်းမှတွေးမိခြင်းဖြင့် နောင်တတွေရစေခဲ့ပါသည်။

ဆိုတော့ကျွန်မပြောင်းလဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သည် တကယ်ရော ပြောင်းလဲနိုင်ခဲ့သည်
အဆိုးမှအကောင်းသို့ပြောင်းလဲခြင်း ဖြစ်သဖြင့် အချိန်တော့ အတော်ယူခဲ့ရပါသည်။ ပီးပြည့်စုံ ခြင်းမဟုတ်သေးသော်လဲ ကျွန်မ အတော်အတန် သူတစ်ပါးအား မကောင်းမြင်တတ်ခြင်းမှာ ပပျောက်လာပီး လူမှုဆက်ဆံရေးလဲ တိုးတက်လာခဲ့ပါသည် ကိုယ့်ကို ကိုယ် ယုံကြည်မှု လွန်ကဲခြင်း များပျောက်ကွယ်ကာ ခြင့်ချိန် တတ်လာသဖြင့် လူချစ်လူခင်ပေါများလာပြန်ပါသည်။
ဆိုတော့ ကျွန်မပြောချင်သည်မှာ "လူတိုင်းက ပြောင်းလဲ နိုင်ပါသည်" လိုအပ်သည်က အဆိုးမှ အကောင်းဖက်သို့ပြောင်းလဲခြင်းမှာ ကောင်းမွန်သော လုပ်ရပ်ဖြစ်ပီး အကောင်းမှ အဆိုးသို့ပြောင်းလဲသည်မှာတော့ လူမုန်းစရာတစ်ခုပင်ဖြစ်ပေ လိမ့်မည် ကျွန်မ တို့ လူသားအား လုံး တစ်ယောက်ချင်း ဆီတိုင်းမှာ စိတ်တစ်ခုတော့ ရှိပါလိမ့်မည် လူမုန်းများခြင်းထက် လူချစ်လူခင်များခြင်းကို လူတိုင်း မက်မော ကြပါလိမ့်မည်။ အဲ့ဒီတော့ ပြောချင်သည်က မိမိ ဆိုးသည်ဟု ထင်မြင်မိလျင် ပြောင်းလဲကြည့်ပါ ကောင်းသည်ဟု ထင်လျှင်လဲ ဒီထက်ပိုကောင်းအောင်
ပြောင်းလဲကြည့်ပါ ပြောင်းလဲခြင်း တိုင်းမှာ တန်ဖိုးတစ်ခုတော့ ရှိတတ်ပါသည် တန်ဖိုးမဲ့သူနှင့် တန်ဖိုးရှိသူ မိမိ ကိုယ်သာ ဆုံးဖြတ်လို့ရနိုင်ပါသည် အတွေးမှားပီး အဝေး မသွားစေရန်သာ အထူးလိုအပ်ပါကြောင်း.. . . . . . . .

Author--eain@eain
29/10/18
8:38Pm

ပြောင်းလဲခြင်း တန်ဖိုး | Ecency