ကျွန်မတို့ ယခုခေတ်လူသားများသည် ရှေးခေတ်လူများ စားသောက်ခဲ့ကြရသည့် အစားအစာမျိုးကိုသာ ဆက်လက် စားသောက်နေကြရလျှင် အမှန်မုချ အော့အန်ခြင်းများဖြစ်နိုင်သည်။ ဟိုးယခင် ရှေးခေတ်လူများသည် ရှေးခေတ် အလျောက်ယခုခေတ်လောက် မည်သည့်ပစ္စည်းကိုမျှ မတီထွင်နိုင်ကြသေးသဖြင့် ရသမျှသော အသီးအနှံများ၊ သစ်ဥသစ်ဖု သစ်မြစ်များနှင့် သားငယ် ငါးငယ်တိရိစ္ဆာန်များ၏ အသားများကို အစိမ်းလိုက် စားခဲ့အဟာရဖြည့်တင်းခဲ့ကြရပါသည်။ ထိုလူများသည် သားငါး တိရစ္ဆာန်များကိုရလျှင် ပျော်ရွှင်စွာ စားသောက်ကြ ပြီး လျှင် ကံမကောင်းအကြောင်းမလှသောကြောင့် မရကြလျှင်လည်း အငတ်ခံကာ နေခဲ့ကြရပါသည်။ ရှေးခေတ် လူများ သာမက ယခုခေတ် လူများပင်လျှင် အစာ၏ အာဟာရဓာတ်ကို လူတိုင်းစေ့ အပြည့်အဝ မရနိုင်ကြသေးပါ နားမလည်မှုများကြောင့်လဲဖြစ်နိုင်ပါသည်။ ကားတွင် ဓာတ်ဆီ ဒီဇယ် အစရှိသည့် ဆီဓါတ်ငွေ့များသည် အလွန်အရေးကြီးသကဲ့သို့ ကျွန်မတို့လူတို့လူသားများတွင်လည်း အစားအစား၌လည်း အာဟာရ ဓာတ်သည် အလွန် အရေးကြီးပါသည် ဓာတ်ဆီသာမရှိလျှင် မည်မျှလောက် ကောင်း သည့် ကား ဆိုင်ကယ် ပင် ဖြစ်လင့်ကစား သွားနိုင်မည် မဟုတ်ပါ ထိုကဲ့သို့ အာဟာရဓာတ် မရှိသည့်အစာကို စားသောက်ရသည့် လူတစ်ဦး သည်လည်း အလုပ်တစ်ခုကို လုပ်နိုင်ကိုင်နိုင် ကြံစည်နိုင်မည်မဟုတ်တော့မည်မဟုတ်ပါ။ အစားအစာများကို လိုအပ် သည့် အာဟာရဓာတ်များ နည်းပါးခဲ့လျှင် ခန္ဓာကိုယ် အစိတ် အပိုင်း များတွင်လည်း အာဟာရဓာတ် ခေါင်းပါးမည်ဖြစ်သဖြင့် လုပ်ရမည့် အလုပ်များကို လုပ်ကိုင်နိုင်ကြတော့မည်မဟုတ်ပါ။ လက်ရုံးရည်နှင့် နှလုံးရည်ကို ကောင်းစွာ စွမ်းဆောင်နိုင်ရေး အတွက်သော်လည်းကောင်း၊ ကြီးပြင်း၍ အလေးချိန်တိုးလာ စေရန် အတွက်သော်လည်းကောင်း၊ ပျက်စီးယိုယွင်းလျက်ရှိ သောကိုယ်ကို ပြန်လည် ဖြည့်တွင်းပေးရန်အတွက်သော်လည်း ကောင်း၊ ကျန်းမာမှု ရရှိရေးအတွက်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မျှတလုံလောက်သော အစား အစာကို များစွာ လိုအပ်ပါသည်။ အစားအစားကို လိုသည် ထက် ပို၍စားလျှင်ဖြစ်စေ နည်း၍စားလျှင်ဖြစ်စေ မမျှတသဖြင့် ရောဂါဖြစ်ပွားတတ်ပါသည်။ ရှေး စာတော်ပညာရှင် လေ့လာသူများသည်လဲ အစားအစာနှင့်စပ်လျဉ်းသော အကြောင်းအရာ များကို ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားလိုက်စားလာခဲ့ကြ ပါသည်။ ထိုဘာသာရပ်သည် ခန္ဓာဗေဒပညာရပ်များတွင် အလွန်အရေးပါအရာရောက်သည်။ ယခုအခါ ထိုအစားအစာ ဘာသာရပ်ကို အာဟာရဓာတ်ပညာဟူ၍ ခေါ်တွင်ခဲ့ကြပါတယ်။ ထိုအာဟာရဓာတ်ပညာ တိုးတက် အောင်မြင်ရေးအတွက် သိပ္ပံပညာရှင်များသည် တစ်ဦးတည်း တစ်ဖွဲ့တည်း မဟုတ်ပဲ အစိုးရများနှင့် ပူးပေါင်းကြပြီးလျှင် မည်သည့်အစား အစာ များတွင် မည်သည့် အာဟာရဓာတ် ပါ၍ မည်သို့ အကျိုးရှိ ကြောင်းကို စုံစမ်းစစ်ဆေးခဲ့ကြပါတယ်။
စစ်ပြီးခေတ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြီးမှူးသော အာဟာရဓာတ် စုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့သို့ပင် လာရောက် စုံစမ်းစစ်ဆေးခဲ့သေးသည်ဟု စာပေမှတ်တမ်းများအရသိရပါသည်။ ထိုအဖွဲ့တွင် နိုင်ငံ အသီးအသီးမှ ကိုယ်စားလှယ်များ ပါဝင်ကြ၍ မဆုတ်မနစ်သော လုံ့လဖြင် လိုအပ်သည့် ကိစ္စအဝဝတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အစားအစာ မြောက်မြားစွာ ထွက်မှုအတွက် ဂရုမပြုမူ၍ ထွက်သည့်အစားအစာများတွင် လိုအပ်သည့် အာဟာရဓာတ်များ ပြည့်စုံမှု မပြည့်စုံမှုကိုသာလျှင် စုံစမ်းစစ်ဆေးရန် ဖြစ်ပါတယ် အစားအစာများကို စားသုံးရာတွင် စားသုံးသူများ၏ အသက်အရွယ်၊ ရာသီဥတု၊ အလုပ်အကိုင်တို့ကို လိုက်၍ ချင့်ချိန် စား သောက်ကြမှသာလျှင် အာဟာရဓာတ် ဖြစ်ပြီးလျှင် ကျန်းမာသန်စွမ်းကြပါလိမ့်မည်။ အာဟာရဓာတ်နည်းပါး၍ မမျှတသော အစားအစာများကိုသာ မှီဝဲ သုံးဆောင်သောသူများသည် ရောဂါ ဝေဒနာ ဖိစီး နှိပ်စက်ခြင်း ခံရကြောင်း ထိုဆေးပညာရပ်ဖြင့် စုံစမ်းသိရှိခဲ့ကြပါတယ်။ အာဟာရဓာတ် ပြည့်စုံသည်၊ မပြည့်စုံသည်ကို စုံစမ်းကြသည့် ပုဂ္ဂိုလ်ကြီးများမှာ သိပ္ပံပညာရှင်ကြီးများနှင့် ပါမောက္ခ ကြီးများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ စုံစမ်းရှာဖွေချက်အရ လူ၏ခန္ဓာကိုယ်သည် ပရိုတင်းဓာတ် တစ်ခုတည်းကိုသာလျှင် လိုအပ်သည်မဟုတ်၊ သကြားဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဖောစဖောရပ် ဓာတ်၊ ကလိုရင်းဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဆာလဖာဓာတ်နှင့် အခြားသတ္တုဓာတ်များလည်း လိုအပ်ပေသည်။ ထိုပြင် စားသောက်သည့် အစားအစာများတွင် ဗီတာမင်များလည်း ပါဝင်ရမှာဘဲဖြစ်ပါတယ်။ လူများ စားသောက်လျက်ရှိသည့် အချို့သော အစာများသည် အပူနှင့် စွမ်းအင်ကို ဖြစ်ပါသည်။ တချို့သည် သွေးသားများကို ဖြစ်စေပြီးလျှင် တချို့သည် အခြားလိုအပ်သည့်ပစ္စည်းများကို ဖြစ်စေသည်။ ထိုကြောင့် အာဟာရဓာတ်ပါသောအစာများကို စားသောက်သူများသည် ကျန်းမာသန်စွမ်းစွာဖြင့် အလုပ်အကိုင် အကြံ အစည်များကို ပြီးမြောက်သည်တိုင်အောင် လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြပါတယ်။ ဓာတုဗေဒပညာရှင်များသည် မိမိ တို့၏နည်းဖြင့် စုံစမ်းရှာဖွေခဲ့ကြရာ ခန္ဓာကိုယ်အစိတ်အပိုင်း များတွင် အာဟာရဓာတ် မည်မျှလိုကြောင်းကို ပြောနိုင်ကြ သည်။ ထိုအာဟာရဓာတ်ကို လုံလောက်အောင် မပေးနိုင်လျှင် မည်သို့သောရောဂါ စွဲကပ်နိုင်ကြောင်းကိုလည်း ပြောနိုင်ကြ သည်။ သိပ္ပံပညာရှင်ကြီးများသည် အစားအစာ များတွင် ပါဝင် သည့် အာဟာရဓာတ်များကို ငါးမျိုး ပိုင်းထားကြသည်။ ထို ငါးမျိုးမှာ (1) အဆီဓာတ်၊(2) ပရိုတင်းဓာတ်၊ (3) ကာဗို ဟိုက်ဒရိတ်ဓာတ်၊ (4) သတ္တုဓာတ်၊ (5) ဗီတာမင်ဓာတ်တို့ ဖြစ်ပါတယ်။ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ် ဓာတ်တို့သည် အပူဓာတ်ကို ဖြစ်စေပါတယ်။ ပရိုတင်းနှင့် သတ္တု ဓာတ်များသည် ကိုယ်လက်အင်္ဂါ ကြီးထွားစေသည့်ပြင် ကိုယ် ခန္ဓာ၌ ဖြစ်သော ချို့ယွင်းချက်များကိုလည်း ဖြည့်စွက် ပြုပြင် ပေးကြပါတယ်။ သတ္တုဓာတ်နှင့်ဗီတာမင်ဓာတ် တို့သည် ခန္ဓာ ကိုယ်တွင်း၌ ဓာတ်ပြောင်းလဲမှုများ မှန်မှန်ဖြစ်နိုင်အောင် အကူ အညီ ပေးကြပါတယ်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တို့ အကူ အညီ ပေးကြသကဲ့သို့ ရေကလည်း အကူအညီပေးသေးသည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပို၍ လှုပ်ရှားလေလေ အပူဓာတ်ကို ပို၍ လိုလေလေ ဖြစ်ပါတယ် အရွယ်နှင့် အချိုးကျ အစာကို စားရာတွင် ကလေးသည် လူကြီးထက် ပို၍စားနိုင် လေသည်။ အလုပ်ကို ပိုလုပ်သော လူကြီး တစ်ဦးသည် လှုပ်ရှားမှု နည်းသည့် အခြားလူကြီး တစ်ဦးထက်ပို၍ အစာကို စားနိုင် ပါသည်။ ထိုပြင် ခန္ဓာကိုယ် ထွားကြိုင်းသူသည် မိမိခန္ဓာကိုယ် လှုပ်ရှားစေရာတွင် စွမ်းအင်ကို ပို၍ အသုံးပြုသောကြောင့် ခန္ဓာကိုယ် ငယ်သူထက် ပို၍စားနိုင်ပါတယ်။ ရာသီဥတု အေးသော တိုင်းပြည်များတွင် နေထိုင်သည့် လူများသည် အပူဓာတ်ကို အထူးလိုအပ်သောကြောင့် အပူ ဓာတ်ကို ဖြစ်စေသည့်အစာများကို ပို၍စားကြရပါတယ်။ အပူကို ဖြစ်စေသည့် အစာများမှာ အဆီပင် ဖြစ်သည်။ ထိုကြောင့် အေးသည့်တိုင်းပြည်များတွင် နေထိုင်သူများသည် ပူသည့် တိုင်း ပြည်များ၌ နေထိုင်သူ များထက် အဆီကိုပို၍ စားသုံးပေးသင့်ပါတယ်။ အနောက်နိုင်ငံများတွင် အလေးချိန်များကို ပေါင်ဖြင့် တိုင်းတာလေ့ရှိကြသကဲ့သို့ အပူကိုလည်း ကယ်လိုရီဖြင့် တိုင်းတာလေ့ရှိကြပါတယ်။ ကျွန်မတို့နိုင်ငံတွင်လည်း နည်းပညာ မြင့်တိုင်းတာသည့် electronic ပစ္စည်းများရောက်ရှိ သုံးစွဲနေနိုင်ပီ ဖြစ်သော်လည်း သာမန်လူတန်းစားများအတွက်ကမူ အလှမ်းဝေးနေဆဲဘဲ ဖြစ်လျက်ရှိနေပါတယ်။ များမကြာသောအချိန်များမှာတော့ ပိုမိုတိုးတက် ဖွံဖြိုးတော့မည်ဟု သာမျှော်လင့်မိနေပါတော့သည်။
Author-- @eain
7/11/18
9:51Pm