ဓနဥပဒေသ ငါးရပ်နှင့် ကျွန်မ

eain(49)
Published in
#esteem
Words
267
Reading
2 min
8y
Listen to this post
~2 min

image
ရှေးစာတော် ကြီးများနှင့် အတွေးခေါ်ပညာရှင်များ
သူတေသီများ လေ့လာစမ်းသပ် ကျင့်သုံးခဲ့သူများ၏စကားများသည် လွယ်မယောင်နှင့်ခက် တိမ်မယောင်နှင့် နက်နဲခဲ့သော
ကိစ္စ အကျိုးကြောင်းများစွာတို့ရှိသည့်အနက် ကျွန်မသည် ဘေဘီလုံ မှ အချမ်းသာဆုံး ပုဂ္ဂိုလ်စာအုပ်မှအကြောင်း ခြင်းရာ တစ်ချို့ ကိုသဘောကျ နှစ်ချိုက်မိသည် အနက်မှ ယခု ဓနဥ ပဒေသ ငါးရပ်ကို လွန်စွာ နှစ်ချိုက်မိပါသည်။တိုရှင်း လိုရင်းများကို သာရွေးချယ်မှတ်သားမိစေရန် အကျယ်ကို အကျဉ်းချုန်းဖေါ်ပြ လေ့ရှိပေသည် မှတ်သားသင့်သည်ထက် လိုက်နာကျင့်သုံးခြင်းအားဖြင့်
လူမှုဘဝ စီးပွားရေး ကိုတိုးတက်စေခြင်းဖြင့် ကျန်းမာချမ်းသာခြင်းသုခကိုမလွဲဧကန်ရလိမ့်မည်ဟုလဲသုံးသပ်မိပါသည် တစ်ခုခြင်းစီမှတ်သားစေနိုင်ရန်အားဖြင့် ပထမ

ဥပဒေသ တစ်အနေဖြင့်-----
" ဓနဥစ္စာ ဟူသည် မိမိရရှိသော ၀င်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင်.မိမိ မိသားစုအတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို.သာ ၀မ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်စမြဲ ဖြစ်သည် " မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကြေးကိုစုဆောင်းရန်မိသားစုရှေ့ရေးအတွက် သိမ်းဆည်းရန် ဆိုသည်အချက်မှာ လိုက်နာသင့်ကြောင်းတွေ့မြင်ရပါသည် မှတ်ထားသည်ထက် ကျင့်သုံးခြင်းအားဖြင့် ငွေစုဆောင်းခြင်း အလေ့ထ ကိုလိုက်နာနိုင်မည်ဖြစ်ပီး ကြီးပွားလိုသူတိုင်းလိုက်နာသင့်သောပထမအချက်ဟုမြင်မိပါသည်။

ဥပဒေသ နှစ်အနေဖြင့်----
''ဓနဥစ္စာ ဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းစေ တတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ထိုသူ၏ လက်မှာ သိုးအုပ် နွားအုပ်သဖွယ် များပြားလာတတ်သော သဘောရှိပေသည် "
ငွေကြေးအားဖြင့် စုဆောင်းသိမ်းဆည်းထားယုံနှင့် မလုံလောက်စေနိုင်ပေရာ အကျိုးဖြစ်စေမည့်အရာများတွင် ရင်းနှီး မြုပ်နှံမူပြုကာ တိုးပွား ပွားများလာအောင် ဆောင်ရွက် ခိုင်းသောအချက်မျာလည်း လိုက်နာကျင့်သုံးသင့်သော အဓိကအချက်တွင်ပါဝင်သည်ဟုမြင်မိပါသည်။

ဥပဒေသ သုံးအနေဖြင့်----
" ဓနဥစ္စာ ဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ကျွမ်းကျင်လိမ္မာ သူတို.၏ အကြံဥာဏ်ကို ရယူလုပ်ကိုင် သူများထံသို.သာတွယ်ကပ် ခိုလှုံကြသည်"
ရင်းနှီးမြှုပ်နှံမှု ပြုသည်ဆိုသည့်အရာမှာလဲ အမှန်တကယ်အကျိုးရှိမည့် အရာများတွင်သာပြုလုပ်ရန်နှင့်မိမိထက် ကျွမ်းကျင်သူများထံမှ အကြံညာဏ်များရယူကာ
အလဟသ အချည်းနှီး မဖြစ်စေရန်ဂရုတစိုက်လုပ်ယူနိုင်မှသာလျင် မပျောက်ဆုံးမပျက်ဆီးဘဲ တိုးပွားပွားများလာနိုင်သည်ဆိုသည့်အချက်မှာလဲလိုက်နာကျင့်သုံးသင့်သောအချက်ဟုမြင်မိပါသည်။

ဥပဒေသ လေးအနေဖြင့်----
" ဓနဥစ္စာ ဟူသည် မိမိလည်းမကျွမ်းကျင် ၊ကျွမ်းကျင်သူတို.လည်းအားမပေးသော အလုပ် များတွင် ရင်းနှီးမြုပ်နှံ မှုပြုသူများထံမှ လျောကျပျောက်ကွယ် သွားတတ်စ မြဲဖြစ်သည်"
အဆိုပါအချက်မှာလဲ မိမိ ကိုယ်တိုင်မကျွမ်းကျင်သောအလုပ်ကိုလုပ်ခြင်းဖြစ်စေ
ကျွမ်းကျင်ပိုင်နိုင်သောသူတို့မှလည်း အားမပေးသောအလုပ်ဆိုရာ၌ မှန်ကန်သောနည်းလမ်း
မဟုတ်သောနေရာများတွင် မှားယွင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြင့် ဆုံးရှုံး မှု များသာဖြစ်လာနိုင်သဖြင့် မိမိလုပ်မည့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် လိုအပ်မှု ကျွမ်းကျင်သူတို့ထောက်ပြသောနည်းလမ်းအတိုင်း မလိုက်နှာဘဲ လျှောက်လုပ်မိလျှင် ပျက်စီးဆုံးရှုံး နိုင်သောကြောင့် သတိထားလိုက်နာသင့်သော အချက်တစ်ချက်အဖြစ်လဲပါဝင်ပေသည်။

ဥပဒေသ ငါးအနေဖြင့်----
" ဓနဥစ္စာ ဟူသည် ယင်းမှ လွန်ကဲသော အမြတ်အစွန်းကို မျော်လင်.သူများ ၊လူလိမ်များ နှင်. မဆင်မခြင် ရင်းနှီး မြုပ် နှံ မှု ပြုသူများမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်"
အထက်ပါအချက်မှာ ဖြတ်လမ်းလိုက်ချင်သောသူများအတွက် အထူးသတိထားသင့်သောအချက်ပင်ဖြစ်ပေသည်အမြတ်စွန်းဆိုရာ၌ တစ်ထောင်ရင်းပီး တစ်ထောင် ချက်ချင်းလိုချင်သူများမှအစ အလွယ်တကူရလိုဇောဖြင့် သေချာမလေ့လာမလိုက်စား နားမလည်မကျွမ်းကျင် မလိမ်မာဘဲ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူများတွင် ရေရှည် တွယ်ကယ်ငြိမနေနိုင်တော့ဘဲ ဆုံးရှုံးနစ်နာမှုများသာရရှိနိုင်သည်ဟုဆိုသောအချက်မှာလဲ သတိထား ဆင်ခြင်သင့်သောအချက် တစ်ချက်ဟုမြင်မိပါသည်။အထက်ပါ ဥပဒေသ ငါးရပ်အားအစဉ်လိုက်မှတ်သားလိုက်နာရန် ရှေးစာတော်ကြီးများ စီးပွားရေးပညာရှင် များမှာလေ့လာသုံးသပ်ပီး အတိုချုန်းရေးသားခဲ့သည်မှာအောက်ပါအတိုင်းပင်ဖြစ်လေသည်။ကျွန်မသည်လည်း ထိုဥပဒေသများကိုကျင့်သုံးလိုက်နာသွားရန် သင့်ပေသည်ဟုထင်မိပါသည် လိုက်နာနိုင်ရန်လည်းကြိုးစားရပေဦးမည်။

      "  ဓနဥပဒေသ ငါးရပ် "

၁။ဓနဥစ္စာ ဟူသည် မိမိရရှိသော ၀င်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင်.မိမိ မိသားစုအတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို.သာ ၀မ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်စမြဲ ဖြစ်သည်။

၂။ဓနဥစ္စာ ဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းစေ တတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ထိုသူ၏ လက်မှာ သိုးအုပ် နွားအုပ်သဖွယ် များပြားလာတတ်သော သဘောရှိပေသည်။

၃။ဓနဥစ္စာ ဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ကျွမ်းကျင်လိမ္မာ သူတို.၏ အကြံဥာဏ်ကို ရယူလုပ်ကိုင် သူများထံသို.သာတွယ်ကပ် ခိုလှုံကြသည်။

၎။ဓနဥစ္စာ ဟူသည် မိမိလည်းမကျွမ်းကျင် ၊ကျွမ်းကျင်သူတို.လည်းအားမပေးသော အလုပ် များတွင် ရင်းနှီးမြုပ်နှံ မှုပြုသူများထံမှ လျောကျပျောက်ကွယ် သွားတတ်စ မြဲဖြစ်သည်။

၅။ဓနဥစ္စာ ဟူသည် ယင်းမှ လွန်ကဲသော အမြတ်အစွန်းကို မျော်လင်.သူများ ၊လူလိမ်များ နှင်. မဆင်မခြင် ရင်းနှီး မြုပ် နှံ မှု ပြုသူများမှရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။

Author--eain@eain
27/10/18
10:25Pm