ခေတ်ကြီးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ကျွန်မတို့လောကကြီးတွင် ရောဂါ အထူးဆန်းများ
အချိန်နှင့်မလပ်ဖြစ်ပွားနေလျှက်ရှိနေပါတယ် အခုကျွန်မ ရေးမှာက မျက်စိနဲ့ ပါတ်သတ်ပီးဖြစ်ပျက်
တတ်တာလေးတွေကိုရေးမှာဖြစ်ပါတယ်။လူတစ်ယောက်တိုင်းစီမှာမျက်စိသည်မပါမဖြစ်အရေးပါနေပေသည်လေမျက်စိညောင်းတယ်၊ကိုက်တယ်ဆိုတာမျက်စိကို ပြင်းပြင်းထန်ထန် အသုံးပြုပြီးတဲ့အခါ ဥပမာ အကြာကြီးစာဖတ်တာ၊ခရီးဝေးကားမောင်းတာဒါမှမဟုတ် phone and computer အစရှိတာတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတာမျက်စိပင်ပန်းသွားတာညောင်းသွားတာလို့ ဆိုနိုင်ပါတယ်။ဒါဟာစိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် သင့်အနေနဲ့ မျက်စိကို အနားပေးလိုက်တဲ့အခါ ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ မျက်စိကို သက်တောင့်သက်သာ ရှိအောင်လုပ်ပေးလိုက်တဲ့အခါ မျက်စိညောင်းတာ ပျောက်သွားတတ်တာမို့ အန္တရာယ်ရှိတဲ့ကိစ္စ မဟုတ်ဘူးလို့ပြောလို့တော့မရပါဘူး။ကားအကြာကြီးမောင်းတာဒါမှမဟုတ်အကြာကြီးစာဖတ်တာလိုမျိုးမျက်စိကိုအင်မတန်အလုပ်လုပ်ခိုင်းထားတဲ့အခြေအနေတွေအားလုံးဟာမျက်စိညောင်းစေ၊ကိုက်စေပါတယ်အလင်းစူးစူးကိုအကြာကြီးကြည့်တာဒါမှမဟုတ်အလင်းရောင်အားနည်းတဲ့နေရာမှာစာဖတ်ဖို့တခုခုကိုမြင်ရဖို့အပြင်းအထန်ကြိုးစားရင်လည်းမျက်စိညောင်းညာကိုက်ခဲစေပါတယ်။မျက်စိညောင်းညာကိုက်ခဲစေတဲ့အဓိကအပြုအမူတွေထဲမှာ computer,mobile phone စတာတွေကို အကြာကြီးသုံးတာ ဒါမှမဟုတ် Game တွေအလွန်အကျွံဆော့တာတွေလည်း ပါဝင်ပါတယ်။မျက်စိအာရုံစိုက်လွန်းသူတွေ၊မျက်စိအသုံးပြုမှုများသူတွေမှာ မျက်စိညောင်းတာမျိုး ဖြစ်နိုင်ပါတယ်။မျက်စိအောင့်ခြင်း၊နီရဲခြင်းတခုခုကိုအာရုံစိုက်ပြီးကြည့်ဖို့ခက်ခြင်းမျက်လုံးခြောက်ခြင်းဒါမှမဟုတ်မျက်ရည်ပူတွေထွက်ခြင်းအမြင်ဝါးခြင်း၊နှစ်ထပ်မြင်ခြင်းအလင်းရောင်ကိုမခံနိုင်ခြင်းလည်ပင်း၊ပုခုံး ဒါမှမဟုတ် နောက်ကျော နာခြင်းတို့ဖြစ်လာခဲ့လျှင်သတိထားသင့်ပါတယ်မျက်စိညောင်းတာဟာအန္တရာယ်မရှိသလိုကာလရှည်ခံစားရမယ့် နောက်ဆက်တွဲ ပြဿနာတွေ မဟုတ်ဘူးလို့မဆိုနိုင်ပါဘူး သတိထား ပီးမျက်စဉ်းခတ်ခြင်းဖြစ်စေ ဆေးခန်းပြခြင်းဖြစ်စေပြုလုပ်သင့်ပါတယ်။နေမထိထိုင်မသာ့ဖြစ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဒီနေ့တွေ့ခဲ့ရသဖြင့်မေးမြန်းကြည့်ရာ ဖုန်းကိုသာအသုံးပြုနေခဲ့သည်လို့ဆိုပါတယ်။ဆိုတော့ ဖုန်းအသုံးပြုသူဦးရေဟာနေ့စဉ်တိုးတက်လာနေတဲ့ အတွက် လူတိုင်းလူတိုင်းလဲသတိထားသင့်ပါတယ် မျက်စိညောင်းတာဟာသင့်ကိုပင်ပန်းနွမ်းနယ်စေမယ့်အပြင်အာရုံစူးစိုက်နိုင်စွမ်းကိုလည်းလျော့ကျစေပါလိမ့်မယ်။ဆေးခန်းသွားခဲ့လျင် ခံစားနေရတဲ့လက္ခဏာတွေကိုဖြစ်ပေါ်စေမယ့် အကြောင်းရင်းတွေအကြောင်း ဆရာဝန်က မေးခွန်းထုတ်ပါလိမ့်မယ် ပြီးရင် သင့်ရဲ့ အမြင်အာရုံကို စမ်းသပ်တာအပါအဝင်တခြားလိုအပ်တဲ့စမ်းသပ်မှုတွေကိုပြုလုပ်ပါလိမ့်မယ်။မျက်စိညောင်းတာကိုကုသဖို့အတွက်သင့်ရဲ့နေ့စဉ်ပြုလုပ်ဆောင်ရွက်မှုအလေ့အထတွေကိုဒါမှမဟုတ်သင့်ပတ်ဝန်းကျင်ကိုအပြောင်းအလဲလေးတွေလုပ်ဖို့လိုအပ်ပါမယ်။တခြားမျက်စိပြဿနာတွေရှိရင်လည်း ကုသပေးဖို့ လိုပါမယ်။တချို့လူတွေမှာ စာဖတ်တဲ့အချိန်ဒါမှမဟုတ် computer အသုံးပြုတဲ့အချိန်တွေမှာ မျက်မှန်တပ်ပေးဖို့ လိုပါလိမ့်မယ်။ဒါမှသာ မျက်စိကို ဒါဏ်မပိစေမှာ ဖြစ်ပါတယ်။မတူညီတဲ့ အကွာအဝေးတွေဆီ အာရုံစိုက်ပြီး ကြည့်နိုင်ဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လည်းဆရာဝန်ကအကြံပြုညွှန်ကြားပါလိမ့်မယ်။နေ့စဉ်နေထိုင်လုပ်ကိုင်မှု အလေ့အထလေးတွေ ဒါမှမဟုတ် ပတ်ဝန်းကျင်အနေအထားလေးတွေမှာရိုးရှင်းလွယ်ကူတဲ့ ပြောင်းလဲမှုလေးတွေ ပြုလုပ်လိုက်ခြင်းအားဖြင့် မျက်စိညောင်းညာကိုက်ခဲခြင်းကို ကာကွယ်ပေးနိုင် လျှော့ချပေးနိုင်ပါလိမ့်မယ်။အထူးဂရုပြုသင့်သည်များမှာအလင်းကို ချိန်ညှိပါ စာအုပ်ဖတ်တာ တီဗီကြည့်တာ အစရှိတဲ့ အချိန်တွေမှာ အလင်းရောင်ကို မျက်လုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင်ချိန်ညှိထားသင့်ပါတယ်။မျက်စိကို ပုံမှန် အနားပေးပါ ။ 20-20-20 ဆိုသော ဥပဒေသကို ကျင့်သုံးသင့်ပါတယ်။အဓိပ္ပာယ်ကတော့ မိနစ်20 ကြာတိုင်းမှာ ပေ 20 အကွာကို စက္ကန့် 20 လောက် ကြည့်ပေးဖို့ ဖြစ်ပါတယ်။computer သုံးသူများဆိုလျှင်ကိုယ်နေဟန်ထား မှန်ကန်ပါစေ။ အနေအထား ချိန်ညှိလို့ရတဲ့ ထိုင်ခုံကို အသုံးပြုပါ ဒါမှမဟုတ် computer နဲ့ မိမိရဲ့ အကွာအဝေးကို မှန်ကန်သင့်တော်အောင် ချိန်ဆသင့်ပါတယ် ကွန်ပျူတာရဲ့ ရုပ်ထွက်ကိုချိန်ညှိပါ computer ရုပ်ထွက်ကောင်းပါစေ၊ ကြည်လင်ပါစေ။ ဒါမှသာ သင့်မျက်စိ အရမ်းကြီး အာရုံမစိုက်ရမှာ ဖြစ်ပါတယ် သင့်ရဲ့ computer screen ကိုရှင်းလင်းနေပါစေcomputer မျက်နှာပြင်ပေါ်က ဖုန်တွေကို မှန်မှန်သုတ်ပေးပါ။ ဖုန်တွေက ရုပ်ပုံအရည်အသွေးကိုကျစေပြီးသင့်ကိုအာရုံပိုစိုက်ရစေလို့ ဖြစ်ပါတယ်။ mobile phone အသုံးပြုသူများလဲ ထို့အတူပါဘဲ ဗီတာမင်အားဆေးတွေ သောက်သင့်ပါတယ် သင့်တော်မျှတတဲ့ဗီတာမင်နဲ့သတ္တုဓာတ်အားဆေးတွေကိုသောက်ပေးမယ်ဆိုရင်မျက်စိကျန်းမာရေးအတွက်အင်မတန်အကျိုးရှိစေပါလိမ့်မယ်ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်တဲ့ ဗီတာမင်တွေ ဥပမာ ဗီတာမင် အေ၊စီ၊အီးနဲ့ဗီတာမင်ဘီတွေ၊ဇင့်ဓာတ်တွေပေါင်းစပ်ထားတဲ့အားဆေးတွေအစားစာတွေဟာမျက်စိကျန်းမာရေးအတွက်အကျိုးထူးစေပြီးမျက်စိဒဏ်ဖြစ်မှုကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သောက်သုံးသင့်ပါတယ်။မျက်စိ အားကောင်းစေသောအစားစာများလည်း ရွေးချယ်စားသုံးသင့်ပါတယ် ဒီနေ့သူငယ်ချင်းနဲ့ဆေးခန်းသွားစဉ် ဆရာဝန်ညွှန်ကြားသည်များမှ မှတ်မိသည်များကိုပြန်လည် ရေးသားဖြည့်စွက်ထားပါသည် ကျွန်မ ကိုယ်တိုင်လဲရံဖန်ရံခါ ဖြစ်တတ်သည်မို့ သတိထားနေရပေဦးမည်လေ။လူသားတိုင်းလဲသတိထားသင့်ပေသည်။
Author--@eain
31/10/18
8:36Pm