ပိုက်ဆံစုတတ်ဖို့

Words
79
Reading
1 min
9y
Listen to this post
~1 min

တစ်လတစ်လ လစာထုတ်ပြီးတာနဲ့ အသုံးများလွန်းလို့ ဘာမှမစုဆောင်းမိဘဲ သံသရာလည်နေရင် ပိုက်ဆံစုတတ်ဖို့  ဒီနည်းလမ်းလေးသုံးကြည့်စေချင်ပါတယ်။
(၁) သင်တစ်လတစ်လ အသုံးပြုနေတဲ့ ဖုန်းဘေလ်တွေကို ပြန်စဉ်းစားတွက်ချက်ကြည့်ပါ။ အရမ်းအသုံးများ နေပြီ ဆိုရင်အလုပ်ကိစ္စကလွဲရင် အသုံးစရိတ်လျော့ချလိုက်ပါ။ အပိုထွက်လာတဲ့ငွေတွေကို စုလို့ရနိုင်ပါတယ်။
image
(၂) လစဉ်လတိုင်း ဂိမ်းခွေဝယ်တာ၊ သီချင်းခွေတွေဝယ်တတ်တဲ့ အကျင့်တွေရှိတယ်ဆိုရင် လတိုင်းဝယ်တတ်တဲ့အကျင့်တွေကို လျော့ပြီးဝယ်မယ့်ပိုက်ဆံကို သင်စုမယ့်ထဲသာထည့်ပြီး စုဆောင်းလိုက်ပါ။

image

(၃) အဝတ်အစားတွေကို လတိုင်းလိုလို မလိုအပ်ဘဲမဝယ်ပါနဲ့။ အဟောင်းတွေကိုလည်း တခြားပြန်အသုံးပြုလို့ရတဲ့ နေရာတွေမှာ သုံးပါ။ ဥပမာ - ကြမ်းတိုက်ဝတ်၊ ဂျင်းဘောင်းဘီအဟောင်းတွေဆိုရင် ပိုက်ဆံအိတ်လေးတွေ ချုပ်ပြီးပြန်သုံးလို့ရပါတယ်။

(၄) သူများကို လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း ကိုယ်လက်နဲ့သေချာဖန်တီးထားတဲ့ ပစ္စည်းလေးတွေပေး မယ်ဆိုရင် အကုန်အကျသက်သာနိုင်ပါတယ်။
image
(၅) အိမ်မှာ အပင်လေးတွေစိုက်စရာနေရာရှိမယ်ဆိုရင် သီးပင်စားပင်လေးတွေစိုက်ပျိုးထားမယ်ဆိုရင် ဈေးဖိုးအတွက် အကုန်အကျသက်သာနိုင်လို့ ငွေပိုထွက်လာနိုင်ပါတယ်။

(၆) Discount ချတဲ့ဆိုင်တွေမှာ ဝယ်မယ်ဆိုရင် သာမာန်ရောင်းတဲ့အချိန်ထက်ပို သက်သာနိုင်လို့ Discount ချတဲ့အချိန်ကို ရွေးဝယ်ပါ။

(၇) ပစ္စည်းတွေကြာရှည်ခံဖို့ အရည်အသွေးကောင်းတာတွေကို ရွေးချယ်ဝယ်ယူပါ။ ဈေးပေါတဲ့ပစ္စည်းတွေက ကြာကြာမခံဘဲ လွယ်လွယ်လေးနဲ့ ပျက်စီးနိုင်ပါတယ်။

ဒီလိုနည်းလမ်းလေးတွေ အသုံးပြုကြည့်မယ်ဆိုရင် အပိုငွေထွက်လာနိုင်တဲ့အတွက် ပိုက်ဆံစုဆောင်းလို့ အဆင်ပြေနိုင်ပါဖြစ်ပါတယ်..အသုံးအစွဲလေးတွေ လျော့ကြည့်ကြပါဦး။

ပိုက်ဆံစုတတ်ဖို့ | Ecency