ရှေးခေတ် ရာဇဝင်တစ်ချို့တွင် မြန်မာလူမျိုးများသည် တရားစီရင်ရာတွင် လည်း လက်ဖက်ကို အသုံးပြုကြကြောင်း ကိုလည်းသိရသည်။ အမှုကိစ္စ တိုင်ကြားသူက ခုံမင်း (ယခုခေတ် တရားသူကြီး) ကို လက်ဖက်တစ်ပွဲ တင်၍ အမှု ကိစ္စတိုင်ကြားနိုင်သည်။ အမှုကိစ္စ ပြီးသောအခါ တရားရှုံးက လက်ဖက်ဖိုးကွမ်းဖိုး လျော်ရသည်။ သာဓကများရှိခဲ့သည်။ လက်ဖက်သည် မြန်မာတို့ အတွက် အိမ်၌ သာမက ရုံးတော်များအထိ အသုံးတော်ခံ စားစရာတစ်မျိုးဖြစ်၍ နေပါတော့သည်။မြန်မာတို့ အစဉ်အလာအရ ကျင်းပပြုလုပ်သော ရှင်ပြု ရဟန်းခံ အိမ်သစ်တက် နှစ်ကျိပ်ရှစ် ဝါဆိုသင်္ကနါး ကထိန်သင်္ကန်းအလှူများ နှစ်သစ်အလှူ မည်သည့် အလှူပွဲတွင်မဆို လက်ဖက်သည် မပါမရှိ ရိုးရားအစားအစာ တစ်မျိုးဖြစ်၍ နေပါသည်။
ယခုအခါလက်ဖက်သည် မိသားစုစားစရာ အလှူမင်္ဂ အစားစာ သာမက နိုင်ငံရပ်ခြားသို့ တင်ပို့ ရောင်းချသည့်အထိတွင်ကျယ်လာခဲ့သည်။ နေရာဒေသအစုံ မှလက်ဖက်ကို ပုံစံ အမျိုးမျိုး ဖြင့် ထုတ်လုပ်လာခဲ့ကြသည်။ လက်ဖက်ကို စားစရာသာမက လက်ဖက်အညွန့်လေးများကို အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် လည်း ရေနွေးကြမ်းနှင့် ရော၍ အသုံးပြုကြသည်။ ရေနွေးကြမ်းနှင့် လက်ဖက်သည် အစဉ်အမြဲဒွန်တွဲနေသည့် စားစရာ နှင့် သောက်စရာအဖြစ် မြန်မာ အိမ်ဦးခန်းတွင် နေရာယူထားကြပါသည်။ထို့ ကြောင်ပင် မြန်မာ ရိုးရား အစားအစာများတွင် စွဲမက်ဖွယ်ကောင်းသော မြန်မာကျက်သရေဆောင် အစာအစာအဖြစ် လက်ဖက်သည် မြန်မ့ာတို့၏ အိမ်ဦးခန်းတွင် နှစ်ပေါင်းကြာရှည်စွာ ဆက်လက်တည်ရှိနေအုံးမည် ဖြစ်ပါသည်။