ပညာ ဥစ္စာ မည်မျှပင်ပြည့်စုံသော်လည်း ကျန်းမာရေးချို့ တဲ့ လျှင် မည်သို့ မှ အသက်ရှင်ရပ်တည်နိုင်မည်မဟုတ်ချေ။ အသက်ရှည်ရာ အနာမဲ့ကြောင်း ဟူသောစကားအတိုင်း လူ့ဘဝ သကတမ်းတစ်လျှောက် ကျန်းမာရေးနှင့် ပြည့်စုံစေရန် အားထုတ်ကြရမည် ဖြစ်သည်။ ဘဝ သကတမ်းတစ်လျှောက် ကျန်းမာနေစေရန် ကျန်းမာရေး လိုက်စားသင့်ပါသည်။ ကိုယ်လက်လှုပ်ရှားရသည့် အားကစားတစ်မျိုးမျိုးကို ရွေးချယ်လိုက်စားသင့်ပါသည်။ ဘောလုံးကန်ခြင်း ခြင်းခတ်ခြင်း ရေကူးခြင်း စသဖြင့် အားကစားနည်းမျိုးစုံရှိပါသည်။ ၄င်းတို့ အနက် မိမိတို့ နှစ်သက်ရာ ကစားနိုင်ကြပါသည်။
ငွေကြေးတက်နိုင်လျှင် အားကစားရုံများ အားကစား အထောက်အကူပြု ပစ္စည်းကိရိယာများ ဖြင့်နှစ်သက်ရာ အားကစားတို့ကို လေ့ကျင့်ကစားနိုင်ပါသည်။ ထိုအထဲမှ ငွေကြေးလည်းမကုန် အချိန်လည်းအတိအကျပေးစရာ မလို လူတန်းစားမရွေး ပြုကျင့်နိုင်သော အားကစားမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ လမ်းလျှောက်ခြင်းဖြင့် ကိုယ်တွင်းမှ မလိုအပ်သော အဆီပိုများကို လျှော့ကျစေသည်အပြင် အသံတိတ် လူသတ်သမားဟု တင်စားခေါ်ကြသော ဆီးချို သွေးချို သွေးတိုး နှလုံး စသည့် ရောဂါ အမျိုးမျိုးတို့ ကို လည်း သက်သာပျောက်ကင်းစေနိုင်သည်။