WarTee (Chapter 2)

Words
244
Reading
2 min
Listen
Play
7y

FB_IMG_1527335451652.jpg

ညဖက် ဆုံကြမည့် ဆိုင်က ကျနော့် အိမ်နားလေးမှာ ဖြစ်၏။ hotel တခုက ဖွင့်ထားသည့် bar ဖြစ်၏။ ည (၈) နာရီလောက် ဆုံကြရန် ပြောထား၏။ ည (၈) နာရီထိုးတော့ တယောက်ပြီး တယောက် ရောက်လာကြ၏။ bar က hotel အပေါ်ဆုံးထပ်မှာ ဖွင့်ထား၏။ အပေါ်ဆုံးထပ် (ခေါင်မိုးထပ်) ဆိုတော့ မြင်ကွင်းက ကောင်းလှ၏။ တောင်ကြီးမြို့ သုံးပုံ တပုံလောက်ကို ကောင်းကောင်း မြင်ရ၏။ သို့သော် ညဖက် ဖြစ်နေသဖြင့် မီးရောင်များ နှင့် ညအလှကိုသာ ခံစားခွင့်ရခဲ့၏။ ဒါလည်း တမျိုးလေးပေါ့။ ညနေစောင်းလေးသာဆိုရင် အတော်လေး လှပေလိမ့်မည်။

Bar က တော်တော်လေး လူရှင်း၏။ ရှင်းဆို ရှိကို မရှိနေတာ။ Bar စဖွင့်စတုန်းကသာ လူပုံမှန် ရှိ၏။ ယခုနောက်ပိုင်းမှာတော့ မိတ်ဆုံစားပွဲများနှင့် အခြား ပျော်ပွဲ ရွှင်ပွဲများသာ Bar မှာ ကျင်းပကြ၏။ ထိုအချိန်မှသာ Bar လည်း လူစည်၏။ ထိုကဲ့သို့သော ညမျိုးဆိုလျှင် ကျနော့် အိမ် အထိ သီချင်းသံတွေ ကြားနေရ၏။ ည (၁၂) နာရီကျော် (၁) နာရီထိကို ကြားနေရခြင်း ဖြစ်၏။ ဒီနေ့တော့ ကျနော်တို့ အလှည့်ပေါ့။ ဒီနေ့ ပွဲက အဆိုတော့ မပါပေ။ ဒီအတိုင်း စား၊ ကြ သောက်ကြပြီး ပျော်ပျော်ပါးပါး စကားပြောကြရုံသာ။

ဖြစ်ချင်တော့ Menu ထဲမှာ ပါသည့် အစားအသောက် တော်တော်များများက မရပေ။ ရှေ့တရက်က dinner ပွဲ လုပ်သဖြင့် အစားအသောက် အချို့ ပြန်မဖြည့်ရသေးဟု ဆို၏။ အင်းလေ ပွဲကြီးတွေ အတွက်ပဲ ရည်ရွယ်ထားတယ် ထင်ပါ့။ အစား မပြောနှင့် အသောက်လည်း မစုံပေ။ မြန်မာ ဘီယာ မရှိ၊ ABC မရှိ၊ အရက်ကလည်း သောက်ချင်သည့် အရက်က မရှိပေ။ ဆိုင်ပြောင်းကြမလား ပြောကြဆိုကြရင်း ဘာ စားစရာ၊ အမြည်းရမလဲဟု မေးကြည့် မှာကြည့်ရ၏။ စားချင်သည့် အရာ များ အားလုံး မဟုတ်ပေမယ့် တော်တော်များများ မှာလို့ ရသဖြင့် ဒီမှာပဲ ထိုင်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြ၏။

P90610-202451.jpg

သောက်စရာများကိုတော့ ကိုယ့်ကို အပြင်မှာသာ ၀ယ်ကြပေါ့။ သူတို့က ၀ယ်ပေးမယ် ဆိုပေမယ့် ကျနော်တို့က ကိုယ့်ကိုပဲ သွားဝယ်လိုက်၏။ Black Label တလုံးကတော့ သူတို့နားက ရသဖြင့် Black Label တလုံး၊ ABC သုံးလုံးနှင့် မြန်မာ ဘီယာ တဖာ ၀ယ်လာလိုက်၏။ လူက (၂၀) ကျော်ဆိုပေမယ့် အချို့လူများက မသောက်ကြပေ။ မွေးနေ့ရှင် ကိုယ်တိုင်လည်း မသောက်ပေ။ သူကား ယခုမှ မဟုတ် ယခင်ကတည်းကကို ဘာမှ မသောက်သူ ဖြစ်၏။

သောက်စရာ သွားဝယ်သူနှင့် စားစရာများကို စောင့်နေရင်း ကျနော်နှင့် သူငယ်ချင်း အချို့ ကျန်ခဲ့၏။ Bar ၏ ရေခဲ သေတ္တာထဲမှာ ဘာများ သောက်စရာ ရှိမလဲဟု စပ်စုကြည့်မိ၏။ ထူးဆန်းစွာ Mandaly ဘီယာကို တွေ့၏။ ပုလင်းလေးနှင့် ဖြစ်၏။ ပုလုံးလုံးနှင့် ချစ်စရာလေး ဖြစ်၏။ ပုံမှန်အားဖြင့် Mandaly ဘီယာကို တောင်ကြီးမှာ သိပ်မတွေ့ရပေ။ Mandaly ဘီယာ ရသည့် စားသောက်ဆိုင်များတောင် လက်ချိုးရေလို့ ရ၏။ လက် (၅) ချောင်း မကျော်ပေ။ Mandaly ဘီယာက Mdy မှာပဲ ရသည်ကများ၏။ အခြား ဒေသ၊ အခြား နေရာများ၌ တွေ့ရခဲ၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

WarTee (Chapter 2) | Ecency