Airdrop များ

Words
113
Reading
1 min
2y
Listen to this post
~1 min

ဒီရက်ပိုင်း Telegram airdrop တွေဘက် ပြန်လည်လို့ အာရုံ ရောက်နေပြန်၏။ Bybit SpaceS ကနေ စသည်ဟု ဆိုရမည်။ ခုလည်း Exclusive Rewards Round 2 အပြီးမှာ နောက်ထပ် Farming Event တခု ထပ်လာပြန်၏။ PinEye Airdrop ဖြစ်၏။ PinEye အကြောင်းကိုတော့ သေချာ မသိသေးပေ။ Total farming pool အနေနဲ့ PinEye 500000 ပေးသွားမည် ဖြစ်၏။ PinEye Airdrop အပြီးမှာ နောက်ထပ် Airdrop Event နှစ်ခုလည်း စတင် သွားဖို့ ရှိနေ၏။

Bybit SpaceS တို့ကတော့ အတော်လေး ခြေလှမ်း သွက်နေသည်ဟု ဆိုရပေမည်။ နောက်ထပ် လုပ်ဖြစ်နေသည့် Airdrop ကတော့ City Holder Game ဖြစ်၏။ အဆောက်အဦးတွေ တည်ဆောက်ရင်းကနေ Airdrop စုသွားရခြင်း ဖြစ်၏။ မြို့တည်ဂိမ်း သဘောလိုမျိုးပေါ့။ ဆော့လို့တော့ ကောင်း၏။ ဘယ်လောက် ပြန်ရမည်တော့ မသိသေးပေ။ ဆော့လို့ကောင်းလို့ ဆက်ဆော့ ဖြစ်နေခြင်း ဖြစ်၏။

အဆောက်အဦးတွေ တခုပြီး တခု ဆောက်ရတာ ပျော်ဖို့တော့ ကောင်း၏။ Blue Mark ကြီးနဲ့ဆိုတော့ သေတော့ သေချာမှာပါ။ ခရမ်းချဉ်သီးတုန်းကလို ခွက်ဈေး မဟုတ်ရင် ရပြီ။ နောက်ထပ်လည်း CEX.IO power tap လည်း လုပ်ဖြစ်နေသေး၏။ သူလည်း Blue Mark ကြီးနဲ့ပဲ။ ဘယ်အချိန် list မည်တော့ မသိသေးပေ။ မည်သို့ပင် ဆိုစေကာမူ ရသလောက်တော့ ရတုန်း ယူထားပေဦးမည်။

Airdrop များ | Ecency