I have finished up to this

Words
210
Reading
1 min
Listen
Play
7y

Shared From Dlike

I have finished up to this

ရေအားလျှပ်စစ် ပြန်လာပြီလား

မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးများ ရပ်တန့်သွားပြီး ဦးသိန်းစိန် အစိုးရသည် သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်ခြင်းကိုသာ အားကိုးလာသည်။

ရေအားလျှပ်စစ် စီမံကိန်းများ သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်လာစေရန် World Bank Group ၏ အဖွဲ့ဝင်ဖြစ်ပြီး သြစတြေးလျ အစိုးရ၏ ထောက်ပံ့ကူညီရေး အဖွဲ့ဖြစ်သော International Finance Corporation သည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ကဏ္ဍအတွက် Strategic Environmental Assessment မူကြမ်းကို ရေးဆွဲပေးခဲ့သည်။ SEAမူကြမ်းသည် ရေအားလျှပ်စစ် ကဏ္ဍ၏ ခြုံငြုံအမြင်ကို ဖော်ပြပေးပြီး မြစ်ဝှမ်းများ အားလုံးကို စစ်ဆေးပြီး ရေအားလျှပ်စစ် စီမံကိန်းများ လုပ်ဆောင်ပါက ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို သုံးသပ်ထားသည်။ ၎င်းသည် အစိုးရ၏ အစီအစဥ်များကို လမ်းညွှန်ပေးနိုင်ရုံသာမက ပုဂ္ဂလိက ကဏ္ဍအတွက် လမ်းညွှန်မှုများပါ ပါဝင်သည်။ စီမံကိန်းတွင် ပါဝင်သူများကို နားလည်စေခြင်း စီမံကိန်းကြောင့် ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို သုံးသပ်ပေးထားခြင်း စီမံကိန်းများ လုပ်ဆောင်ရန် မည်သည့် မြစ်များ၏ မြစ်ဆုံများက သင့်တော်သည်ကို ဖော်ပြထားသည်။

၂နှစ်ခန့် ကြာပြီးသောအခါ ရေအားလျှပ်စစ်အတွက် Strategic Environmental Assessment နောက်ဆုံး စာတမ်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိလာသည်။ မတိုင်ခင် ၆ လက ထုတ်ဝေခဲ့သော မူကြမ်းစာတမ်းထက် သေးငယ်သော အရေးပါသည့် အပြောင်းလဲတစ်ခု ပါလာခဲ့သည်။ ၎င်းမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ အမှတ်တံဆိပ် ပါမလာတော့ခြင်း ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ အမှတ်တံဆိပ် ပါမလာခြင်းသည် ဝန်ကြီးဌာနက ထိုသုံးသပ်ချက်က ကမ်းလှမ်းထားသော အဓိက အချက်များကို လိုက်နာရန် ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။ အဓိက အကြံပြုချက်များမှာ ဧရာဝတီနှင့် သံလွင်အပါအဝင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ၅ ခုတွင် မည်သည့် ရေအားလျှပ်စစ် စီမံကိန်းမှ မလုပ်ဆောင်ရန် အကြံပြုထားသည်။

ထိုသို့လုပ်ဆောင်ပါက တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ကြံရွယ်ထားသော ဒေါ်လာဘီလျံချီတန်သည့် ရေအားလျှပ်စစ် စီမံကိန်း ရင်းနှီးမြုပ်နှံမှုများ ပိတ်ဆို့သွားမည်။ ၎င်းတို့သည် SEA ၏ အကြံပြုချက်များအတိုင်း မလုပ်ဆောင်နိုင်ရန် အာဏာပိုင်များကို ပေါ်ထင်တစ်မျိုး တံခါးပိတ်၍တစ်မျိုး ဆွဲဆောင်နေခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် နှစ်ဝက်ခန့်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် တရုတ်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ရေအားလျှပ်စစ် မူဝါဒသစ်တစ်ခုကို တိတ်တဆိတ် ချမှတ်ခဲ့သည်။

တရုတ်နိုင်ငံက ရေအားလျှပ်စစ် မူဝါဒကို ချမှတ်ပေးခြင်းဖြစ်ရာ ဆည်စီမံကိန်းကြီးများဖြစ်သော မြသ်ဆုံနှင့် ချီဗွေ စီမံကိန်းများသည် ရှေ့ဆက်နိုင်ရန် အလားအလာ ပိုမိုကောင်းမွန်သွားသည်။ သို့မဟုတ်ပါက ထိုစီမံကိန်းများ၏ အလားအလာသည် အလှမ်းဝေးနေဦးမည်။

ထိုသို့ဖြင့် SPIC နှင့် တရုတ်အစိုးရသည် ပြည်သူများ နှစ်သက်မှုမရှိသော ထိုစီမံကိန်းများ လုပ်ဆောင်ရန် ပိုမိုအင်တိုက်အားတိုက် တွန်းအားပေးလာသည်။

ဤဆောင်းပါးအတွက် SPIC ကို ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

Source of shared Link



I have finished up to this | Ecency