hive မှာ post လေးနည်းနည်း စပြီးတင်မိလာတော့ hive ရဲ့ အကြောင်းကို အနည်းငယ် သတိထားမိလာသည် ။ အခြားသူများတော့ ယခင်ကတည်းက သတိထားမိကြမည်ထင်ပါသည် ။ ယခင်က steemit မှာ အခြား တစ်နေရာမှာ post တင်ပါက အခြား တစ်ခုနှင့် steem rewards ရမည် ။ ကျွန်တော်ထင်တာပါ ဟုတ်ချင်မှလဲ ဟုတ်လိမ့်မည် ကြာပြီဆိုတော့ သိပ်တော့ မမှတ်မိ ။
ယခု hive တွင် post တစ်ခုတင်လိုက်လျှင် မိမိအား vote ပေးမည့်သူတွင် hp အပြင် အခြား steak လုပ်ထားသော အရာများရှိပါက မိမိမှာလဲ ထို အရာများကို ရရှိနေခြင်းပါ ။ ကျွန်တော် တစ်ခါမှ မရင်းနီးသော အရာတို့ကို hive-engine ကနေ claim လို့ ရနေခြင်းကို ဘယ်ကနေ ရခဲ့လဲ အတော် စဥ္းစားလိုက်ရသည် ။ မည်သည့်နေရာတွင် post တင်သည်ဖြစ်စေ ကျွန်တော့မှာ pob ရှိနေလျှင် vote ပေးခံရသူမှာ pob ပါ ရရှိဦးမည် ဖြစ်သည် ။ သို့သော် proofofbrain ရဲ့ website ကနေ တင်သည်မဟုတ်သည့်အတွက် pob ရဲ့ သည်းသန့် vote တွေကိုတော့ ရရှိမည် မဟုတ်ပါ ။ pob ကနေ ပေးတာကတော့ 0.04 ထဲ ထင်ပါသည် ။ အလွန်နည်းတာကြောင့် မထူးခြားပါ ။ အခြား pob usear တွေ ပေးမှသာ များများရမည်ထင်ပါသည် ။
peakd မှ တင်လျှင် pob steak ရှိထားသူမှ vote သောအခါ pob reward ပါ ရရှိနိုင်ပါသည် ။ ထို့ပြင် အခြား pal ccc အစရှိသဖြင့်ရရှိနိုင်ပါသေးသည် ။ သို့သော် သီးသန့် website pob ရဲ့ website တွင် တင်သည်မဟုတ်သည့်အတွက် pob သီးသန့် အသုံးပြုသူများကတော့ တွေ့မည်မဟုတ်ပေ ။
တစ်ကယ်တော့ ကျွန်တော်လဲ လျှောက်ရေးတာပါ မှားနေတာ ရှိရင်လဲ ပြောပြကြပါဦးနော် ။ 😜😜😜