Knowledge of buzzer and speaker

dios(25)
Published in
#buzzer
Words
249
Reading
2 min
Listen
Play
9y

Speaker နဲ့ Buzzer တို့ရဲ့ ကွာခြားချက်များ အကြောင်း

၁။ အပေါ်က ပုံကတော့ Speaker ဖြစ်ပီး အောက်ပုံကတော့ Buzzer ဖြစ်ပါတယ်။

၂။ Speaker တွေဟာ Audio Frequency ထည့်သွင်းရင် အလုပ်လုပ်ဆောင်တဲ့ အရာ ဖြစ်ပါတယ် ။ တနည်းအားဖြင့် သူ့ထဲကို ဝင်လာတဲ့ Audio Frequency ဆိုတဲ့ Signal တွေကို speaker အတွင်းမှာ ရှိတဲ့ Coil ကို ရှေ့တိုး / နောက်ဆုတ် အနေနဲ့ တုန်ခါစေခြင်း အားဖြင့် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

၃။ Buzzer ကတော့ DC Power Source အနေနဲ့ + and - Voltage တန်ဖိုးကို Polarity မှန်ကန်စွာ ပေးမယ်ဆိုရင် အသံ ကို ထုတ်ပေးပါတယ်။ ဒါပေမယ့် ထုတ်ပေးတဲ့ အသံ (Output Frequency) ဟာ Constant အနေနဲ့ပဲ ထုတ်လွင့်ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက Speaker လို အပြင်ကနေ Audio Frequency Range အကျယ်ကြီးကို Output အနေနဲ့ ထုတ်ပေးတာ မဟုတ်ပါဘူး။ 1.3 KHz တန်ဖိုးခန့်ရှိတဲ့ Constant Frequency ကိုသာ ထုတ်ပေးခြင်း ဖြစ်ပါတယ်။

( Buzzer" မှာ 24V DC နဲ့ 220V AC supply type တွေကို ကျွန်တော်တို့ အသုံးများပါတယ်။သင်တန်းသားလူသစ်များအဖို့ အနီးကပ်ပေါ်ထွက်လာတဲ့ 220V Buzzer ရဲ့ အသံဟာ ရုတ်တရက် ထိတ်လန့်ဖွယ်ဖြစ်စေတာတွေ့ရပါတယ်။)

၎။ Speaker တွေဟာ Output Power အပေါ်မူတည်ပြီးတော့ (5W , 10W , 25W , 50W စသည်ဖြင့်) Speaker ရဲ့ အရွယ်အစားတွေဟာ ကွဲပြားကြပါတယ်။ ခု ပထမ ပုံမှာ ပြထားတဲ့ Speaker ကတော့ 5W Output Power ကို အများဆုံး အနေနဲ့ လက်ခံနိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Speaker တွေဟာ coil တွေနဲ့ တည်ဆောက်ထားလို့ ၄င်းတို့ရဲ့ Resistance တန်ဖိုးတွေဟာ အလွန်နည်းပါတယ်။ 8 ohm , 20 ohm စသည်ဖြင့် Resistance တန်ဖိုးတွေ ရှိကြပါတယ်။

၅။ Buzzer တွေကတော့ Speaker တွေလို Output Power Range ပေါ်မူတည်ပြီးတော့ အရွယ်အစား အမျိုးမျိုးနဲ့ ထုတ်လုပ်တာ သိပ်မတွေ့ဖူးပါဘူး။

၆။ Speaker တွေကို Music ပိုင်း ဆိုင်ရာတွေမှာ ၊ ရိုးရိုးသာမန် အသံချဲ့စက်တွေ နေရာမှာ အသုံးပြုကြတာ များပါတယ်။

၇။ Buzzer တွေကို Electronic ပစ္စည်းတွေရဲ့ Warning စနစ်တွေမှာ အသုံးပြုကြတာ များပါတယ်။ Desktop Computer ကို စဖွင့်ရင် ကြားရတဲ့ တီ ဆိုတဲ့ အသံဟာ Buzzer မှ တဆင့်ထုတ်ပေးခြင်း ဖြစ်ပါတယ်။ နောက် Alarm စနစ် တပ်ဆင်ထားတဲ့ ပစ္စည်းတွေမှာ ကြားရလေ့ ရှိတဲ့ တီ တီ တီ ဆိုတဲ့ အသံဟာ Buzzer ပဲ ဖြစ်ပါတယ်။ သူက တီ ဆိုတဲ့ အသံကိုပဲ ပုံစံ အမျိုးမျိုးနဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

၈။ Microphone နဲ့ တွဲဖက်အသုံးပြုကြတာ Speaker တွေ ဖြစ်ပါတယ်။ Warning စနစ်တွေအတွက် Microcontroller တွေနဲ့ တွဲဖက်အသုံးပြုကြတာ အများအားဖြင့် Buzzer တွေပဲ ဖြစ်ပါတယ်။ FB_IMG_1499652430892.jpgFB_IMG_1499652438086.jpg

Knowledge of buzzer and speaker | Ecency