Love inside the heart

Words
118
Reading
1 min
9y
Listen to this post
~1 min

မိုးမရွာလို့ ထီးမပါခဲ့ဘူး...နှင်းတစ်စိမ့်စိမ့်ဝေတယ်
ဇန်နဝါရီကဇန်နဝါရီလိုအေးတယ်...
ဖျော်လက်စကော်ဖီဟာ...
အလွမ်းတို့ ဖြင့်ခါးနှင့်နေရဲ့...
မထူးဆန်းတဲ့အရာတစ်ခုကို
ရူးနှမ်းစွာ စွဲလန်းမိတဲ့ကောင်...
လမိုက်ညလို ပိန်းပိတ်မှောင်တယ်..
မင်းလှတာမထူးဆန်းဘူးလေ...
ဒါပေမယ့်လည်း...
''ချစ်တယ်''

နှင်းတစ်စိမ့်စိမ့်ဝေတယ်
ဇန်နဝါရီကဇန်နဝါရီလိုအေးတယ်...
ဖျော်လက်စကော်ဖီဟာ...
အလွမ်းတို့ ဖြင့်ခါးနှင့်နေရဲ့...
မထူးဆန်းတဲ့အရာတစ်ခုကို
ရူးနှမ်းစွာ စွဲလန်းမိတဲ့ကောင်...
လမိုက်ညလို ပိန်းပိတ်မှောင်တယ်..
မင်းလှတာမထူးဆန်းဘူးလေ...
ဒါပေမယ့်လည်း...

ငါ့ရင်ကို တူရွင်းနဲ့ ဆွဲခွာရင်...
မင်းအပြုံးတွေ အလွှာလိုက်
ကျလာကောင်းရဲ့...
မင်းနဲ့ ပတ်သတ်ရင်...
ငါဟာ သိမ်းဆည်းနိုင်စွမ်းသိပ်ကောင်းတဲ့
memory stickတစ်ခုပဲ...
မင်းက မြေအိုးမြီးရှည်သိပ်ကြိုက်တယ်
ကမ္ဘာ့ အပြင်ဘက်သီချင်းကို
သိပ်ကြိုက်တယ်...
ရင်ဖုံးအင်္ကျီ one setလေးတွေ
သိပ်ကြိုက်တယ်
နောက်ပြီး...
ငါ့ကို ဂျစ်တိုက်ရတာသိပ်ကြိုက်တယ်

နောက်ပြန်လှည့်ရိုးမရှိတဲ့အချိန်မှာ
ငါ့ရဲ့အသိတရားရယ်
မင်းပေါ်ထားတဲ့အချစ်ရယ်...
ညီမျှစွာကြီးထွားလာတယ်...
အကယ်၍များပေါ့...
မင်းပါးပေါ်ကမှဲ့ ကလေးနဲ့ ...
ငါ့ရဲ့လက်တစ်ဖက်
နှစ်သက်ရာကိုရွေးပါဆိုရင်...
ပထမတစ်ခုကိုငါရွေးမယ်...
အဲ့ဒိစံပါယ်တင်မှဲ့ ကလေးကိုချစ်တယ်
နှုတ်ခမ်းပါးပါးလေးကိုချစ်တယ်...
ဆံနွယ်ရှည်လေးတွေကိုချစ်တယ်..
ပြည့်စုံအောင်ပြောရရင်
မင်းကိုချစ်တယ်...
အကြိုက်မတူ
အသိမတူ
ဖြတ်သန်းခဲ့ပုံတွေမတူလို့ 
အတွေ့ အကြုံတွေလည်း မတူကြဘူး
မင်းမြင်သလို ကိုယ်မမြင်တဲ့အခါ ကိုယ့်ကိုနားလည်ပေးပါ
ကိုယ်အမြင်ကို့ မင်းသဘောမတူတဲ့အခါလည်း
လိုက်လျောနားလည်ပေးမယ်
ဒါဟာ အချစ်ရဲ့ ညီမျှခြင်းပေါ့ကွယ်
ငါ့ရင်ကို တူရွင်းနဲ့ ဆွဲခွာရင်...
မင်းအပြုံးတွေ အလွှာလိုက်
ကျလာကောင်းရဲ့...
မင်းနဲ့ ပတ်သတ်ရင်...
ငါဟာ သိမ်းဆည်းနိုင်စွမ်းသိပ်ကောင်းတဲ့
memory stickတစ်ခုပဲ...
မင်းက မြေအိုးမြီးရှည်သိပ်ကြိုက်တယ်
ကမ္ဘာ့ အပြင်ဘက်သီချင်းကို
သိပ်ကြိုက်တယ်...
ရင်ဖုံးအင်္ကျီ one setလေးတွေ
သိပ်ကြိုက်တယ်
နောက်ပြီး...
ငါ့ကို ဂျစ်တိုက်ရတာသိပ်ကြိုက်တယ်
---------စိတ္တစနာမ် များနဲ့ ချည်သိမ်းထားမိတဲ့
လိပ်ပြာ အလ်ဘာမ်------
image
Writer by@dellcrazy
Thank esteem

Love inside the heart | Ecency