Neo Blockchain ၏ ပထမဆုံး Decentralized Exchange စတင်ဖွင့်လှစ်

daviddkl(36)
Published in
#msu
Words
149
Reading
1 min
Listen
Play
8y

Neo Blockchain ၏ ပထမဆုံး Decentralized Exchange ဖွင့်လှစ်

Neo Blockchain Platform ၏ ပထမဆုံး Decentralized Exchange ပရောဂျက် ဖြစ်သည့် "Switcheo" Exchange ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ Switcheo ပရောဂျက်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက် အလွန်မြင့်မားခဲ့ပြီး ICO ၌ ရင်းနှီးမြှုပ်နှံမှုမှ ရရှိငွေမှာ ဒေါ်လာ ၈.၅သန်းထိရှိခဲ့ကြောင်း သိရှိရပါသည်။ Exchange Live ဖြစ်ပြီး ပထမအပတ်၌ပင် နေ့စဉ် ရောင်းဝယ်မှု ပမာဏ မှာ ပျမ်းမျှ ဒေါ်လာ နှစ်သန်းကျော်ရှိခဲ့သည်။

Exchange ၏ တိုးတက်မှု အလွန်မြန်ဆန်ခဲ့ပြီး တစ်ပတ်အတွင်းပင် Decentralized Exchange များအနက် Ethfinex, Idea နှင့် Cobinhood တို့နောက် စတုတ္ထမြောက် အကြီးဆုံး Exchange ဖြစ်လာခဲ့သည်။Switcheo မတိုင်မီ Exchange အများစုမှာ Ethereum Blockchain အခြေခံ ERC 20 Tokensများဖြင့်သာ အသုံးပြုသူများကို ရောင်းဝယ်မှု ပြုလုပ်စေသောကြောင့် Switcheo မှာ Neo Blockchain အခြေခံ NFP5 Tokens ဖြင့် ရောင်းဝယ်မှု ပြုလုပ်စေသည့် ပထမဆုံး Exchange ဖြစ်လာခြင်းဖြစ်သည်။
download (4).jpeg

သို့သော် Exchange ပေါ်တွင် Fiat Currency Pairing ကို ဖွင့်လှစ်ခြင်း မရှိသေးဘဲ ဖွင့်လှစ်မည့်ရက်ကိုလည်း အသေအချာ မသိရှိရသေးပေ။Exchange ပေါ်၌ Cryptocurrencies ပေါင်း နှစ်ဆယ်ကျော်ကို အရောင်းအဝယ် ပြုလုပ်နိုင်ပြီး Kucoin နှင့် Binance ကဲ့သို ကိုယ်ပိုင် Token "SWH" ကိုလည်း လက်ရှိပေါက်ဈေး 0.026$ တစ်ဝိုက်၌ ဝယ်ရောင်းလုပ်နိုင်ကြောင်း သိရှိရပါသည်။

Decentralized Exchanges များသည် Centralized Exchanges များထက် ပို၍ ယုံကြည်စိတ်ချရပြီး ဈေးနှုန်းလည်းTrading( Fees) ပို၍ သက်သာသည်ကို တွေ့ရှိရပါသည်။

References: Investing.Com

Author : daviddkl@daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurreny နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU052