Keep Your Friend Close But Your Enemy Closer.

daviddkl(36)
Published in
#life
Words
156
Reading
1 min
Listen
Play
8y

ဒီစာကြောင်းလေးကို ဖတ်လိုက်ရတဲ့ချိန် ခင်ဗျားတွေးမိတဲ့ ပထမဆုံး အတွေးက "ဘယ်လိုကြီးလဲဟ မိတ်ဆွေကို နီးကပ်စွာ နေတာတော့ ဟုတ်ပြီ ဒါပေမယ့် ကိုယ့်ပြိုင်ဖက်နဲ့ ကျတော့ ဘယ်လို(ဒီနေရာမှာ Enermy ကို ပြိုင်ဖက်အဖြစ်သုံးထားပါသည်။) နီးကပ်စွာ နေလို့ရမှာတုန်း။ သူနဲ့နီးနီးကပ်ကပ် ဖြစ်နေရင် သူကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ အကုန်သိသွားမှာပေါ့, ကိုယ့်ကိုမကောင်းကြံမှာပေါ့, စီးပွားရေးလုပ်ငန်းဆိုရင် ကိုယ့်စီးပွားဖက်တွေကို ကိုယ့်ဆီကနေ လုယူသွားမှာပေါ့ စသည့် အတွေးအမျိုးမျိုးကို ပထမတော့ ကျွန်တော့် လည်း အဲ့လိုပဲ တွေးခဲ့မိတာပါ။နောက်ထပ်တစ်ဖက်ကနေ တွေးကြည့်ရအောင် ကိုယ့်ပြိုင်ဖက်ကို ကိုယ်နဲ့နီးနီးကပ်ကပ်ဖြစ်ခွင့် ပေးလိုက်ရင် ဘာတွေဖြစ်လာမလဲ:
ကိုယ့်ုပြိုင်ဖက်ကို ကိုယ်ပိုပြီး နီးကပ်စွာ သိလာနိုင်မယ်။ သူရဲ့ အားသာချက်တွေက ဘာလဲ။ အားနည်းချက်တွေက ဘာတွေလဲ ။ ကိုယ်နဲ့မတူတဲ့ သူရဲ့ တစ်မူထူးခြားသော ကိုယ်ရည်ကိုယ်သွေးတွေက ဘာလဲ။
ကိုယ်နဲ့ မတူစွာ သူ့လုပ်ငန်း လည်ပတ်ပုံတွေက ဘယ်လိုတွေလဲ။ သူရဲ့ အနာဂတ် အစီအစဉ်တွေက ဘာတွေ ဖြစ်နိုင်မလဲ။ကိုယ်က သူ့ထက်သာနေတယ်ဆိုရင် ကိုယ့်ကို နောက်ကောက်ချဖို့ သူဘာတွေ လုပ်နေပြီလဲ။ ဒါတွေအတွက် ကိုယ်ဘာတွေ ပြင်ဆင်ထားသင့်သလဲ။သူက ကိုယ့်ထက် အောင်မြင်နေတယ်ဆိုရင် သူရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်တွေ ဘာတွေဖြစ်မလဲ။ သူ့ကို အသာရဖို့ဆိုရင် ကိုယ်ဘယ်လောက်ထိ အားစိုက်ထုတ်ရမလဲ။သူက ကိုယ်အနိုင်ရနိုင်မယ့် အဆင့်မှာ ရှိသလား။ ကိုယ့်ထက်အပြတ်အသတ် သာနေပြီလား။ သူ့ကို ယှဉ်ပြိုင်သင့်သလား ? ယှဉ်ပြိုင်ရင်ကော အနိုင်ရနိုင်မယ့် အခြေအနေလား? အနိုင်ရဖို့ ဘယ်လောက်ထိ ကိုယ်ပေးဆပ်ရမှာလဲ ။ ကိုယ်အနိုင်ရနိုင်မယ့် အခြေအနေ မဟုတ်ရင် ဘယ်လို ရှေ့ဆက်သင့်သလဲ။ အရှုံးပေးလိုက်မှာလား သို့ တစ်မူထူးခြားစွာ ခွဲထက်မှာ
လား။
download (2).png
Google

သူ့ကို ပြိုင်တဲ့အတွက် ကိုယ့်မှာ တကယ်ကော အကျိုးရှိပါသလား အစရှိသည့် မေးခွန်းမျိုးစုံရဲ့ အဖြေကို လေ့လာနိုင်မယ်။ ဆိုတော့ ကိုယ့်မှာပြိုင်ဘက်ရှိနေရင် ဂုဏ်ယူလိုက်ပါ။ ဘာလို့လဲဆိုတော့ သူက ကိုယ့်ကို အဘက်ဘက်မှာ ကောင်းလာအောင် ပါရမီ ဖြည့်ဆည်းပေးနေတာ မဟုတ်ဘူးလား။ ဒါပေမယ့် ကောင်းသော ပြိုင်ဖက်ဖြစ်ဖို့တော့ လိုပါတယ်။ရန်သူကောင်း တစ်ယောက်က ကိုယ့်ဘေးနားက ကိုယ့်အကျိုးကို သွယ်ဝိုက်ပြီး ထမ်းဆောင်ပေးနေတတ်ပါတယ်။ သင့်ပြိုင်ဖက်ဆီက ဘာတွေ လေ့လာပြီးပြီလဲ??

Author : daviddkl@daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU 052

Keep Your Friend Close But Your Enemy Closer. | Ecency