📄📄✏✏📝📙

claye(37)
Published in
#esteem
Words
821
Reading
4 min
Listen
Play
9y

Prepare to face difficulties and problems​ in life
"ဘဝမှာကြုံရမယ့် အခက်အခဲတွေ ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ"

Human failings, such as ego, greed, envy, enmity and hate that prevailed from time immemorial, have remained unchanged even to the present time. The perennial problems that beset human beings are due to our inability to subdue our emotions like hatred and to replace them with love and compassion. In practically every aspect of our lives, in family circles, in society, in communal, national and even international affairs, we find the ugly word 'hatred' looming large in our dealings with one another.

ရှေးအတီတေက ရှိနေခဲ့တဲ့ အတ္တကြီးမှု၊ လောဘကြီးမှု၊ မနာလိုမှု၊ ရန်လိုမှု၊ အမုန်းပွားမှုစသည့် လူသား၏ ချွတ်ယွင်းချက်တွေဟာ ယနေ့အချိန်ထိ မပြောင်းလဲဘဲ ဆက်ဖြစ်နေပါတယ်။ လူသားတွေကို ပတ်ချားဝိုင်းနေတဲ့ ရေရှည် ပြဿနာတွေဟာ ဒေါသထွက်ခြင်းကဲ့သို့ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ခြင်း၊ မေတ္တာ၊ ကရုဏာတရားတွေနဲ့ အစားမထိုးနိုင်ခြင်းကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ မိသားစု အသိုင်းအဝိုင်းအတွင်း၊ အစုအဖွဲ့အတွင်း၊ လူ့အဖွဲ့အစည်းအတွင်း၊ နိုင်ငံတော်အရေး၊ နိုင်ငံတကာ အရေးကိစ္စဆိုတဲ့ ကျွန်တော်တို့ ဘဝတွေရဲ့ ရှုထောင့်စုံနီးပါးမှာ လူလူချင်း ဆက်ဆံရေးနယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန့် စိုးမိုးနေတဲ့ အမုန်းပွားမှုဆိုသည့် ကြောက်မက်ဖွယ်ရာ စကားလုံးကို တွေ့နိုင်ပါတယ်။

The father hates the child's disobedience, the child hates the parents for not providing what he considers are his essential needs. In society, a person would show hate to another person because of the feeling, rightly or wrongly, that the particular person was a stumbling block to one's aspiration and so on. In international relationships, one country would express hate for another country because of certain actions against it.

ဖခင်ဖြစ်သူက ကလေးငယ်ရဲ့ မနာခံမှုကို သဘောမကျသလို ကလေးကလည်း သူ့အတွက် အဓိက လိုအပ်ချက်တွေလို့ စဉ်းစားထားတာကို စီစဉ်မပေးတဲ့အတွက် မိဘတွေကို သဘောမကျပေ။ လူ့အဖွဲ့အစည်းထဲမှာ လူတစ်ယောက်က အခြားသူတစ်ယောက်ကို မုန်းတီးတာဟာ ခံစားချက်ကြောင့် ဖြစ်ပါတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ထိုလူဟာ အခြားတစ်ယောက်ရဲ့ ရည်မှန်းချက်စတာတွေမှာ ခလုတ်တံသင်းဖြစ်သွားပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာတော့ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်ခုကို မနှစ်သက်တာဟာ ယင်းကို ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကြောင့်ဖြစ်ပါတယ်။

How we are paying the rent
ငှားရမ်းခကို ဘယ်နည်းနဲ့ ပေးဆပ်နေကြသလဲ

We must be prepared to face difficulties and problems​in our day to day life. There is no existence without problems: that is the reality. We have strong craving to enjoy the sensual pleasures of the world. While we gain temporary satisfaction from enjoying these pleasures we have to pay the price in terms of physical pain and mental agony, because these things cannot last and will be taken away from us sooner or later.

ကျွန်တော်တို့ဟာ နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ပြဿနာတွေနဲ့ မကြုံတဲ့ဘဝဆိုတာ မရှိပါဘူး။ ဒါဟာ တကယ့်အခြေနေမှန်ပါ။ ကျွန်တော်တို့ဟာ လောကီ ကာမဂုဏ်အာရုံတွေကို ခံစားလိုတဲ့ အာသာဆန္ဒ အလွန်ပြင်းပြကြတယ်။
ဒီအာရုံအပျော်အပါးတွေကို ကြည်နူးမွေ့လျော်ရာကနေ ယာယီ ကျေနပ်မှုရပေမယ့် ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ အရင်းအနှီးတွေ ပေးရပါတယ်။ ဒီကျေနပ်မှုတွေဟာ တာရှည်မခံတဲ့အတွက် ကျွန်တော်ဆီကနေ အနှေးနှင့်အမြန် ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။

This can be equated to the payment of rental for the body just as we pay rent for the house occupied by us. Think of the rental as the physical pain and mental agony and the house as our physical body occupied by us on a temporary basis. Through our body we enjoy our sensual pleasures and we must pay for it. There is nothing free in this world. Therefore if we seriously want to eradicate or eliminate​ physical pain and mental agony, we should​ subdue the strong craving force which results​ from the desire for sensual pleasures.
So long as we are subjected to this craving force, we are subjected to the consequences of physical pain and mental agony. So we become the slaves of our craving.

ကျွန်တော်တို့ နေထိုင်တဲ့ အိမ်အတွက် အိမ်ငှားခပေးရတာနဲ့ ကိုယ်ခန္ဓာအတွက် အခကြေးပေးရတာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုကို ငှားရမ်းခအဖြစ် သဘောထားပြီး၊ ယာယီသာခံတဲ့ အခြေခံအုတ်မြစ်ပေါ်က ကျွန်တော်တို့ ရုပ်ခန္ဓာကို အိမ်အဖြစ် သဘောထားပါ။ ကျွန်တော်တို့ ကိုယ်ခန္ဓာနဲ့ ကာမဂုဏ်အာရုံတွေကို ခံစားတဲ့အတွက်ကြောင့် အခကြေးပေးရတာဖြစ်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ဟာမှ အလကားမရပါဘူး။ ဒါကြောင့် ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတွေကို အမှန်တကယ် အမြစ်ဖြတ်ချင်တယ်ဆိုရင် သို့မဟုတ် ဖယ်ရှားချင်တယ်ဆိုရင် ကာမဂုဏ်အာရုံတွေကို တပ်မက်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ အားကောင်းသော အာသာပြင်းပြမှု အရှိန်ကို နှိမ်နင်းပစ်သင့်ပါတယ်။
ဒီအားကောင်းသော အာသာပြင်းပြမှု အရှိန်ကို လက်ခံနေသမျှတော့ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဆိုတဲ့ အကျိုးဆက်ကို ခံနေရမှာဖြစ်ပါတယ်။ ဒီအခါ ကျွန်တော်တို့ဟာ တဏှာရဲ့ ကျေးကျွန်တွေ ဖြစ်သွားပါတယ်။

To do away with the physical pain and agony and to achieve​ spiritual happiness we must make our choice. We cannot have both completely, although the Buddha's teaching of the Middle Path allows us to enjoy pleasures moderately while at the same time​ we develop our understanding to train ourselves to eventually give them up altogether. We should not look for outside sources to blame when we come across some problems as a result of enjoying sensual pleasures.

ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုတွေကို ဖယ်ရှားပြီး ချမ်းသာသုခ ခံစားခွင့်ရအောင် ကျွန်တော်တို့ ရွေးချယ်ရမှာဖြစ်ပါတယ်။ နှစ်မျိုးလုံးတော့ လုံးဝ မရနိုင်ပါဘူး။ မဇ္ဈိပဋိပဒါဆိုတဲ့ ဗုဒ္ဓတရားတော်က အပျော်အပါးကို အသင့်အတင့် လိုက်စားခွင့်ပြုတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ထိုအပျော်အပါးတွေကို အဆုံးမှာ စွန့်လွတ်နိုင်အောင် ကျင့်ကြံရမယ်ဆိုတဲ့ နာလည်မှုကို မြှင့်တင်ရပါတယ်။
ကာမဂုဏ်အာရုံတွေ ခံစားခြင်းရဲ့ အကျိုးဆက်အဖြစ် ပြဿနာတွေ ကြုံလာရင် ပြင်ပက အကြောင်းရင်းတွေကို ရှာကြံပီး အပြစ်မတင်သင့်ပါဘူး။

People cannot experience worldly pleasures and attachments without paying the price in worry and misery. They must be prepared to accept the consequences if they really want to enjoy the worldly life. Those who are unaware of the consequences will be deeply disappointed. Changed circumstances due to old age and sickness could cancel out these pleasures. People who are not ready to face these problems commit suicide or end up in mental institutions.

လူတွေဟာ စိုးရိမ်မှု၊ စိတ်ဆင်းရဲမှုဆိုတဲ့ အရင်းအနှီးမပေးဘဲ လောကီ သာယာဖွယ်တွေ၊ တွယ်တာမှုတွေကို မခံစားနိုင်ပါဘူး။ လောကီဘဝကို အမှန်တကယ် အရသာတွေ့ချင်ရင် ထိုရဲ့ အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ဆင်ထားရပါမယ်။ အကျိုးဆက်တွေကို သတိမမူသူတွေဟာ အပြင်းအထန် စိတ်မချမ်းမသာ ဖြစ်ရတတ်ပါတယ်။
အိုမှု၊ နာမှုကြောင့် အခြေအနေတွေ ပြောင်းလဲသွားခြင်းကတော့ ဒီကြည်နူးနှစ်သက်မှုတွေကို ချေဖျက်သွားနိုင်ပါတယ်။
ဒီပြဿနာတွေကို ရင်ဆိုင်ရန် အဆင်အသင့်မဖြစ်သူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ် ဒါမှမဟုတ် စိတ်ရောဂါကု ဆေးရုံတွေမှာ ဘဝအဆုံးသတ်ကြရတယ်။

We must not label Buddhism a pessimistic religion simply because it points out these realities of life! All the Buddha's Teachings show us how to lead meaningful and happy lives by understanding our human nature and the reality of the world around us.

ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာကို အဆိုးမြင် ဘာသာလို့ ခပ်လွယ်လွယ် အမည်မတပ်သင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘာသာက ဘဝရဲ့ လက်တွေကျတဲ့ အခြေနေတွေကို ညွှန်ပြပေးလို့ပါပဲ။ မြတ်ဗုဒ္ဓဟောကြားသော တရားတော်အားလုံးဟာ လူသား၏ သဘောသဘာဝနှင့် ကျွန်တော်တို့ ပတ်ဝန်းကျင် ကမ္ဘာ၏ ဒိဋ္ဌဖြစ်ရပ်ကို သဘောပေါက် နားလည်စေခြင်းဖြင့် အဓိပ္ပါယ်ရှိပြီး စိတ်ချမ်းသာတဲ့ ဘဝတွေဆီ ဦးတည်တဲ့ နည်းလမ်းကို ညွှန်ပြပေးတာဖြစ်ပါတယ်။

image

claye@claye