📷📝📝✏📒

claye(37)
Published in
#esteem
Words
1258
Reading
6 min
Listen
Play
9y

How a true religion can settle our problems
စစ်မှန်တဲ့ဘာသာတရားက ပြဿနာတွေကို ဘယ်လိုပြေငြိမ်းစေနိုင်လဲ

When people get into trouble they remember their elders or religious teachers and seek their help and sometimes even ask them to pray for them. When they are in trouble they remember religion to seek some blessing for protection and guidance. Before that they do not think it is necessary for them to know what to do or what not to do according to their religion. The upward journey in the spiritual life may be regarded​ by the beginners as difficult but if one makes the first step forward, employing one's energy with the little knowledge one has, then half the difficulty is overcome.

လူသားတွေဟာ ဒုက္ခရောက်တဲ့အခါ အကြီးအကဲတွေ ဘာသာရေးဆရာတွေကို သတိရပြီး အကူညီကို ရယူကြတယ်။ တစ်ခါတစ်ရံ သူတို့အတွက် ဆုတောင်းပေးခိုင်းတယ်။ ဒုက္ခရောက်တဲ့အခါမှ ဘာသာရေးကို သတိရပြီး ကာကွယ်မှုနဲ့ လမ်းညွှန်မှုအတွက် ကောင်းချီးမင်္ဂလာတွေ ရှာဖွေကြတာပါ။ ဒုက္ခမရောက်သေးရင် သက်ဆိုင်ရာ ဘာသာရေး ထုံးတမ်းစဉ်လာနဲ့အညီ လုပ်သင့်တာနဲ့ မလုပ်သင့်တာတွေကို သိအောင်အားထုတ်ဖို့ လိုအပ်တယ်လို့ မထင်ကြပါဘူး။ ဘာသာရေးစလုပ်သူတွေဟာ ဘာသာရေးသမားဘဝနဲ့ ရှေ့ဆက်ရမယ့်ခရီးကို ခက်ခဲမယ်လို့ ထင်ကြပါလိမ့်မယ်။ တကယ်လို့ လူတစ်ယောက်ဟာ သူ့မှာရှိတဲ့ မဆိုစလောက် အသိဉာဏ် စွမ်းအင်ကို အသုံးချပြီး ပထမခြေလှမ်း စလှမ်းလိုက်ရင် အခက်အခဲတစ်ဝက် ကျော်လွှားအောင်မြင်သွားပါတယ်။

We should remember that the top of Mount Everest was not reached with one step but ​with perseverance, surmounting enormous hardships​ step by step.True religion​is help us to follow certain noble principles​ to avoid many self-made problems by training our mind before they cause misery. What we are talking about here is not merely understanding things intellectually because there is so much in life which cannot be explained rationally. We need spiritual solace.

ခြေတစ်လှမ်းနဲ့ ဧဝရက်တောင်ထိပ်ကို မရောက်ပေမယ့် လုံ့လဝီရိယနဲ့ အလွန်ကြီးမားတဲ့ အခဲအခဲတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားပြီး အရောက်လှမ်းနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ စစ်မှန်တဲ့ ဘာသာတရားတွေဟာ ကျွန်တော်တို့စိတ်က ကျွန်တော်တို့ကို ဒုက္ခမပေးခင် စိတ်ကို လေ့ကျင့်ပေးပြီး ကိုယ်တိုင်ဖန်တီးတဲ့ ပြဿနာတွေကနေ ရှောင်ရှားနိုင်ရန် မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာတွေကို လိုက်နာအောင် အကူညီပေးပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ဉာဏ်ပညာနဲ့ နားလည်နိုင်တယ်ဆိုရုံမျှသော အကြောင်းအရာတွေကိုသာ ပြောဆိုနေတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘဝမှာ အကျိုးသင့် အကြောင်းသင့် ရှင်းပြလို့မရတာတွေ အများကြီးရှိလို့ပါ။ ကျွန်တော်တို့မှာ ဘာသာရေးကပေးတဲ့ ဖြေသိမ့်မှု လိုအပ်ပါတယ်။

Armed with academic knowledge some people who glorify science think that they can solve all the worldly problems. Science can help to overcome problems related to our material needs and also to create more problems but it cannot help us solve our spiritual problems.

သိပ္ပံပညာကို အမွှမ်းတင်တဲ့ ပညာတတ် အသိဉာဏ်ကို အသုံးပြုသူအချို့ကတော့ လောကပြဿနာအားလုံးကို သူတို့ဖြေရှင်းနိုင်တယ်လို့ ထင်နေကြပါတယ်။ သိပ္ပံပညာဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်နဲ့ ဆက်စပ်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်အောင် အကူညီပေးနိုင်သလို ပြဿနာတွေ ပိုများလာအောင်လည်း ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုတော့ ကူညီဖြေရှင်းမပေးနိုင်ပါဘူး။

There is no substitute for wise people who have experienced the world. Think about this saying, 'when I was 18, I thought what a fool my father was, now that I am 28 I am surprised how much the old man had learned in 10 years'. It is not your father who had learned. It is you who have learned to see things in a more mature way with the wisdom of your father's wide eyes. More than 2500 years ago the Buddha, Confucius and many other religious teachers gave us wonderful advice. This advice can never become out of date, being based on Truth. It will remain fresh forever. It is impossible to overcome our human problems by ignoring the ancient wisdom.

လောကအတွေ့အကြုံရင့်ကျက်တဲ့ ပညာရှိများနေရာမှာ အစားထိုးစရာမရှိပါဘူး။ "ကျွန်တော့်အသက် (၁၈) နှစ်တုန်းက ကျွန်တော့်အဖေဟာ လူနုံလူအတစ်ယောက်လို့ ထင်မိခဲ့တယ်။ ကျွန်တော် (၂၈) နှစ် ရောက်တဲ့အခါမှာတော့ (၁၀) အတွင်း သက်ကြီးရွယ်အိုတစ်ယောက် သင်ယူထားတာတွေ ဘယ်လောက် များတယ်ဆိုတာကို သိပြီး အံ့သြဘနန်း ဖြစ်ရတယ်" ဆိုတဲ့ အဆိုလေးကို ဆင်ခြင်ကြည့်ပါ။ သင်ယူခဲ့တာက သင့်အဖေ မဟုတ်ပါဘူး။ သင့်အဖေရဲ့ အမြင်ကျယ်ကျယ် မျက်လုံးတွေလို ပညာဉာဏ်နှင့် ပိုပြီး ရင့်ကျက်တဲ့ နည်းနဲ့ အရာရာကို လေ့လာခဲ့သူ သင်ကိုယ်တိုင် ဖြစ်ပါတယ်။ လွန်ခဲ့နှစ်ပေါင်း (၂၅၀၀) ရာကျော်ထဲက မြတ်ဗုဒ္ဓ၊ ကွန်ဖျူးရှပ်နှင့် အခြားဘာသာရေးဆရာများဟာ ကျွန်တော်တို့ကို အံ့သြလောက်တဲ့ အကြံဉာဏ် ပေးခဲ့ကြပါတယ်။ သစ္စာတရားအပေါ် အခြေခံတာကြောင့် အဲဒီအကြံဉာဏ်ဟာ ဘယ်တော့မှ ခေတ်နောက်ကျမသွားမှာ မဟုတ်ပါဘူး။ ထာဝရ သစ်လွင်နေမှာပါ။ ရှေးဟောင်း အသိပညာကို လျစ်လျူရှုပြီး လူ့လောကရဲ့ ပြဿနာတွေကို ကျော်လွှားအနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။

At a recent conference which was held in Malaysia,​ the Prime Minister, Tun Dr. Mahathir​Mohd said, 'Science can explain what and how but science can never explain why.' Only the wisdom gained over centuries of personal experience, contained in religious teaching can help us to understand why things happen. This wisdom leads us to develop human dignity, understanding peace and happiness.

မကြာခင်က မလေးရှားမှာ ကျင်းပခဲ့တဲ့ ညီလာခံတစ်ခုတွင် ဝန်ကြီးချုပ် Tun Dr. Mahathir​Mohd က "သိပ္ပံပညာက ဘာဆိုတာနဲ့ ဘယ်လိုဆိုတာကို ရှင်းပြနိုင်ပေမယ့် ဘာ့ကြောင့်ဆိုတာကိုတော့ ဘယ်တော့မှ ရှင်းမပြနိုင်ပါဘူး" လို့ ပြောခဲ့ပါတယ်။ လူသားတွေရဲ့ အတွေ့အကြုံကနေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရလာသည့် ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေပါဝင်တဲ့ ဉာဏ်ပညာကသာ အရာဝတ္ထုတွေ ဖြစ်ပျက်တဲ့ အကြောင်းရင်းကို နားလည်အောင် ရှင်းပြနိုင်ပါတယ်။ ဒီဉာဏ်ပညာကပဲ လူ့ဂုဏ်သိက္ခာ၊ နားလည်မှုရှိတဲ့ ငြိမ်းချမ်းရေး၊ စိတ်ချမ်းသာမှုတို့ တိုးမြင့်လာအောင် ကျွန်တော်တို့ကို ဦးဆောင်လမ်းပြပေးတာ ဖြစ်ပါတယ်။

Probably the greatest source of irritations which upsets our everyday sense of well-being is our relationships with the people around us. Everyday our emotions are tested in the way we react to people we love, people we hate and those whom we are neutral to. All the difficult problems of life will be understood more easily if one learns Buddhism. The Buddha's approach to this subject was straight and scientific - hence effective and
far-reaching.

ကျွန်တော်တို့ နေ့စဉ် ချမ်းသာသုခ ခံစားမှုကို ကမောက်ကမဖြစ်စေသည့် သည်းမခံနိုင်မှုရဲ့ ဖြစ်နိုင်တဲ့ အနက်ရှိုင်းဆုံး အကြောင်းရင်းဟာ ပတ်ဝန်းကျင်က လူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်တဲ့သူ၊ မုန်းတဲ့သူ၊ မချစ်မမုန်းသူတွေကို တုန့်ပြန်ရာမှာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေဟာ နေ့စဉ် စမ်းသတ်ခံရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာရင် ခက်ခဲတဲ့ ဘဝပြဿနာအားလုံးကို ကျွန်တော်တို့ ပိုပြီး လွယ်လွယ်ကူကူ နားလည်းနိုင်ပါတယ်။ ဒီအကြောင်းကိစ္စကို မြတ်ဗုဒ္ဓဖြေရှင်းပုံဟာ ရှင်းလင်းပြီး သိပ္ပံနည်းကျပါတယ်။ ဒါကြောင့် ထိထိမိမိရှိပြီး ပိုမို ခရီးရောက်တာ ဖြစ်ပါတယ်။

What Buddhism requires of man
ဗုဒ္ဓဘာသာက လူတွေအတွက် သတ်မှတ်ပြဋ္ဌာန်းထားချက်များ

What does Buddhism require of man? A Chinese scholar once asked a monk what constituted the essence of Buddhism and the sage replied:- To do good, not to do evil, to purify the mind, This is the teaching of all the Buddhas. Naturally this scholar had expected a much more 'profound' answer, something deep and abstruse, and he remarked that even a child of three could understand that. But the sage replied that while a child of three could understand it, a man of eighty could not practice it!

ဗုဒ္ဓဘာသာက လူတွေအတွက် သတ်မှတ်ပြဋ္ဌာန်းချက်တွေက ဘာတွေပါလဲ။ တရုတ်ပညာရှင်တစ်ယောက်က ရဟန်းတစ်ပါးကို ဗုဒ္ဓဘာသာရဲ့ အနှစ်သာရမှာ ဘာတွေပါဝင်ပါသလဲလို့ မေးရာ ရဟန်းက မကောင်းတာကို မလုပ်ရ၊ ကောင်းတာကိုသာလုပ်ပါ၊ စိတ်ကိုဖြူစင်အောင်ထားပါ ဒါဟာ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်သင်ကြားချက် ဖြစ်တယ်လို့ ဖြေကြားပါတယ်။ အမှန်တော့ ပညာရှင်က အလွန် လေးနက်တဲ့၊ နက်ရှိုင်းတဲ့၊ ခဲရာခဲဆစ် အဖြေကို မျော်လင့်ထားတာပါ။ သူက အဲဒါလောက်တော့ ကလေးသုံးယောက်မှာ တစ်ယောက် နားလည်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ ရဟန်းတော်က ကလေးသုံးယောက်မှာ တစ်ယောက် နားလည်နိုင်ပေမယ့် လူအယောက် ရှစ်ဆယ်မှ တစ်ယောက်တောင် လက်တွေ့မလိုက်နာနိုင်ပါလို့ ပြန်ပြောလိုက်ပါတယ်။

The Buddha had similarly cautioned his attendant disciple, Ananda not to regard seemingly simple teachings as something easy to follow. This is the essence of Buddhism - Man is required to ​follow 'simple' precepts in his search for emancipation,​ but the practice of these can be extremely difficult. To begin with:
• ​one must not take the life of any living creature knowingly;
• one must not take anything not given;
• one must guard against sexual misconduct;
• ​one must refrain from lying and harsh frivolous speech;
• one must not take anything like drugs and
liquor which causes him to lose his mindfulness

မြတ်ဗုဒ္ဓက သူရဲ့ အလုပ်ကျွေးတပည့် အာနန္ဒာကို ရိုးရှင်းတယ်ထင်ရတဲ့ တရားတော်တွေကို လိုက်နာကျင့်သုံးဖို့ လွယ်ကူတယ် မမှတ်နဲ့လို့ အလားတူ သတိပေးတော်မူခဲ့ပါတယ်။ အဲဒါဟာ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်ပါတယ်။ လူဟာ လွှတ်မြောက်မှုကို ရှာဖွေရာမှာ ရိုးရှင်းတဲ့ အကျင့်သီလတွေကို လိုက်နာစောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အကျင့်သီတွေကို လိုက်နာကျင့်သုံးမှုဟာ အလွန် ခက်ခဲနိုင်ပါတယ်။ စတင်ကျင့်သုံးရမှာကတော့
-သက်ရှိသတ္တဝါရဲ့ အသက်ကို ရည်ရွယ်ချက်ရှိရှိ မသတ်ရပါ။
-သူများမပေးတဲ့ ဥစ္စာပစ္စည်းကို မယူရပါ။
-မှားယွင်းတဲ့ ကာမဂုဏ်ပြုကျင့်မှုကို မလွန်ကျူးရပါ။
-လိမ်ညာစကား၊ ကြမ်းကြမ်းတမ်းတမ်းစကား၊ အတင်းအဖျင်းစကားမှ ရှောင်ကျဉ်ရမယ်။
-သတိမေ့လျော့စေတတ်သော မူးယစ်ဆေးဝါ၊ အရက်သေစာ မသောက်သုံးရပါ။

These are important Buddhist principles to observe. These principles are not meant for outward show but to be simply put into practice with understanding. The central problem of the spiritual life is one of active, practical application, not a matter of intellectual knowledge.
The ultimate aim of man in Buddhism is to break finally and irrevocably the bonds that bind him to constant rebirth in the repeated birth - and - death cycle of samsara.

ဒါတွေဟာ လိုက်နာစောင့်ထိန်းဖို့ အရေးကြီးတဲ့ ဗုဒ္ဓဝါဒလာ ကိုယ်ကျင့်သီလတွေဖြစ်ပါတယ်။ ဒီကိုယ်ကျင့်သီလတွေကို အပြင်ပန်း ဟန်ပြကောင်းရုံ ရည်ရွယ်တာမဟုတ်ပါဘူး။ စာနာနားလည်မှုနဲ့ တကယ် လက်တွေ့ လိုက်နာကျင့်သုံးရန် ရည်ရွယ်တာဖြစ်ပါတယ်။ ဘာသာရေးသမားတွေကြုံရတဲ့ အဓိက ပြဿနာက ထိထိရောက်ရောက် လက်တွေ့ကျင့်သုံးခြင်း ဖြစ်ပါတယ်။ ဉာဏ်သုံးရတဲ့ အသိပညာဆိုင်ရာ ပြဿနာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ အမြင့်ဆုံး ရည်ရွယ်ချက်က သံသရာတစ်ခွင်မှာ အကြိမ်ကြိမ် မွေးလိုက် သေလိုက်နှင့် အဆက်မပြတ် ပဋိသန္ဓေနေစေတဲ့ ယောဂအနှောင်အဖွဲ့တွေ နောက်ဆုံး အကြွင်းမဲ့ ရပ်ဆဲသွားစေရန်ဖြစ်ပါတယ်။

Man is destined to be subjected to an ​endless round of rebirths because in his ignorance,​ he conceives of an enduring entity called an 'ego' or 'self'. Taking the illusion of an ego for real he develops selfish desires. Man is thus endlessly struggling to satisfy his cravings but he is never satisfied. It is like scratching a sore to find temporary relief, only to discover that in doing so the itch increases because the sore is being aggravated.

လူဟာ မဆုံးနိုင်တဲ့ ပဋိသန္ဓေနေမှု သံသရာကို ကံစီမံရာအတိုင်း နာခံရပါတယ်။ အကြောင်းကတော့ အဝိဇ္ဇာဖုံးလွှမ်းခံရပြီး အတ္တလို့ခေါ်တဲ့ ထာဝရတည်မြဲတဲ့အရာရှိတယ်လို့ ထင်မှတ်နေတာကြောင့်ပါ။ လူဟာ တကယ့်အရှိကို အတ္တဟု မှားယွင်းယူဆပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေကို တိုးမြှင့်ပါတယ်။ ဒီလိုနဲ့ အာသာပြင်းပြမှုတွေကို ဖြည့်ဆည်းရန် အတောမသတ်အောင် အပြင်းအထန် ကြိုးပမ်းပါတယ်။ ဒါပေမယ့် ဘယ်တော့မှ အာသာမပြေပါဘူး။ ဒါဟာ ယာယီသက်သာမှုရဖို့ အနာကို ကုတ်ခြစ်နေတာနဲ့ တူပါတယ်။ အဲလို ကုတ်ခြစ်လေ ယားယံမှု တိုးလာလေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနာကို ပိုဆိုးလာစေတာကြောင့်ပါ။

image

claye@claye

📷📝📝✏📒 | Ecency