📔📔✏📝

claye(37)
Published in
#esteem
Words
976
Reading
5 min
Listen
Play
9y

The Bodhisatta, the clever king of the monkeys
"လိမ္မာပါးနပ်သော ဘုရားလောင်းမျောက်မင်း"

In past times, there was a thick forest on a certain spot. And in the lake there dwelt a water-ogre who used to devour everyone who went down into the water. In those days the Bodhisatta had come to life as the king of the monkeys, and was as big as the fawn of a deer ; he lived in that forest at the head of a troop of no less than eighty thousand monkeys whom he shielded from harm.

ရှေးအခါက ဒေသတစ်ခုတွင် တောအုပ်တစ်အုပ်ရှိခဲ့၏။ ထိုတောအုပ်ရှိ ရေကန်ထဲတွင် ရေဘီလူးတစ်ကောင် ရှိခဲ့သည်။ သူသည် ရေထဲဆင်းလာသမျှ သတ္တဝါတိုင်းကို စားသောက်လေ့ရှိ၏။ ထိုအချိန်က ဘုရားလောင်းသည် မျောက်မင်းဘဝသို့ ရောက်ရှိနေခဲ့သည်။ မျောက်မင်းသည် သမင်ပေါက်တစ်ကောင်၏ အရွယ်အစားပမာဏခန့် ကိုယ်ခန္ဓာကြီးမား၏။ ယင်းသည် အကောင်ရေ ရှစ်သောင်းကျော်ရှိသော မျောက်အုပ်စု၏ အကြီးအကဲအဖြစ် ထိုမျောက်အပေါင်းကို အန္တရာယ်မှ အကာအကွယ်ပေးကာ ထိုတောထဲတွင် နေထိုင်ခဲ့သည်။

Thus one day he did counsel his subjects;—''My friends, in this forest there are trees that are poisonous and lakes that are haunted by ogres. Mind to ask me first before you either eat any fruit which you have not eaten before, or drink of any water where you have not drunk before." "Certainly," said they readily.

ဤသို့နေလာရင်း တစ်နေ့တွင် မျောက်မင်းက ကိစ္စတစ်ရပ်ကို အကြံပြု၏ "မိတ်ဆွေတို့ ဒီတော်ထဲမှာ အစိပ်ရှိတဲ့ အပင်တွေရှိတယ်။ ဘီလူးတွေ ဖမ်းစားတဲ့ ရေကန်တွေရှိတယ်။ မစားဘူးတဲ့သစ်သီးကို စားမယ်၊ မသောက်ဘူးတဲ့နေရာက ရေကို သောက်မယ်ဆိုရင် ကျွန်န်ုပ်ကို မေးဖို့ သတိရပါ"။ မျောက်တွေက "ဟုတ်ကဲ့ပါ" ဟု မဆိုင်းမတွ ပြန်ပြောကြသည်။

One day they came to a spot they had never visited before. As they were searching for water to drink after their day's wanderings, they came on this lake. But they did not drink ; on the contrary they sat down watching for the coming of the Bodhisatta.

တစ်နေ့ ယခင် ယင်းတို့မရောက်ဘူးသော နေရာသို့ ရောက်လာခဲ့ကြ၏။ တစ်နေကုန် လှည့်လည်သွားလာပြီးနောက် သောက်ရေရှာဖွေရင်း ထိုရေကန်သို့ ရောက်လာခဲ့သည်။ ယင်းတို့သည် ရေမသောက်ကြဘဲ ဘုရားလောင်းအလာကို စောင့်နေရင်း ထိုင်နေခဲ့ကြသည်။

When he came up, he said, " Well, my friends, why don't you drink ?
" We waited for you to come."
" Quite right, my friends," said the Bodhisatta. Then he made a circuit of the lake, and scrutinized the footprints round, with the result that he found that all the footsteps led down into the water and none came up again.

ဘုရားလောင်းရောက်လာသောအခါ သူက "အော် မိတ်ဆွေတို့ကလည်း ဘာဖြစ်လို့ ရေမသောက်ကြတာလဲ" ဟု ပြောဆို၏။
"ကျွန်တော်တို့ ခင်များအလာကို စောင့်နေကြတာပါ"
"စောင့်နေတာ သိပ်မှန်တာပေါ့ မိတ်ဆွေတို့" ဟု ဘုရားလောင်ကပြောဆိုပြီး ရေကန်ကို ပတ်လျှောက်ပြီး ပတ်ပတ်လည်မှ ခြေရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။ စစ်ဆေးချက်အရ ရေထဲဆင်းသွားသော ခြေရာများသာရှိပြီး ပြန်တက်လာသော ခြေရာများမရှိကြောင်း တွေ့လိုက်ရသည်။

"Without doubt," thought he to himself, "this is the haunt of an ogre." So he said to his followers, "You are quite right, my friends, in not drinking of this water ; for the lake is haunted by an ogre."

"ဒါ ဘီလူး ညှို့ယူဖမ်းစားထားတာဘဲ၊ သံသယဖြစ်စရာကို မလိုဘူး" ဟု တစ်ကိုယ်တည်းတွေးတောကာ နောက်လိုက်များကို "သင်တို့ ရေမသောက်ဘဲ စောင့်နေတာ လုံးဝ မှန်သွားတယ် မိတ်ဆွေတို့။ ဒီရေကန်က ဘီလူးဖမ်းစားတယ်" ဟု ပြောလိုက်သည်။

When the water-ogre realised that they were not entering his domain, he assumed the shape of a horrible monster with a blue belly, a white face, and bright- red hands and feet ; in this shape he came out from the water, and said, "Why are you seated here"? Go down into the lake and drink."

ရေဘီလူးသည် ယင်း၏ ပိုင်းနက်ထဲသို့ မျောက်များဝင်မလာကြောင်း သိရှိသွားပြီး ဝမ်းဗိုက်ပြာပြာ မျက်နှာဖြူဖြူ ခြေလက် နီရဲရဲနှင့် ကြောက်မက်ဖွယ်ရာ ဘီလူးအသွင် ဖန်ဆင်းလိုက်၏။ ထိုအသွင်ဖြင့် ရေထဲကတွက်လာပြီး "သင်တို့ ဘာဖြစ်လို့ ဒီမှာထိုင်နေကြတာလဲ။ ရေကန်ထဲဆင်းပြီး ရေသောက်ကြပါအုံး" ဟု ပြောဆို၏။

But the Bodhisatta said to him, "Are not you the ogre of this water '? "
"Yes, I am," was the answer.
"Do you take as your prey all those who go down into this water?"
"Yes, I do; from small birds upwards, I never let anything go which comes down into my water. I will eat the lot of you too."
" But we shall not let you eat us."
" Just drink the water."
" Yes, we will diink the water, and yet not fall into your power."

ဘုရားလောင်းက "သင်ဟာ ရေဘီလူးမဟုတ်လား" ဟု မေးလိုက်၏။
"ဟုတ်ပါတယ်" ဟု ဘီလူက ဖြေဆို၏။
"ဒီရေထဲ ဆင်းတဲ့သတ္တဝါအားလုံးကို သင့်ရဲ့ သားကောင်အဖြစ် ဖမ်းယူသလား"။
"ဟုတ်တယ်။ ငှက်ကောင်လေးတွေကစပြီး ရေထဲဆင်းလာသမျှ ဘယ်လိုသတ္တဝါကိုမှ အလွတ်မပေးဘူး။ မင့်တို့ အများကြီးကိုလည်း ငါစားမယ်"။
"ငါတို့ မင်းစားတာကို မခံဘူး"။
"ရေတော့ သောက်ကြပါ"။
"ရေသောက်မယ်၊ ဒါပေမယ့် သင့်ရဲ့ သားကောင်းအဖြစ်တော့ အရောက်မခံဘူး"။

"How do you propose to drink the water, then?"
"Ah, you think we shall have to go down into the water to drink ; whereas we shall not enter the water at all, but the whole eighty thousand of us will take a cane each and drink therewith from your lake as easily as we could through the hollow stalk of a lotus.
And so you will not be able to eat us."

"ဒါဆိုရင် သင်က ရေကို ဘယ်လိုသောက်မယ် ကြံရွယ်သလဲ"။
"သင်က ငါတို့ ရေထဲဆင်းပီး သောက်မယ်လို့ထင်ထားတယ်။ ငါတို့ကတော့ လုံးဝ ရေထဲမဆင်းဘူး။ ကြာရိုးအခေါင်းကနေ အလွယ်တကူရေသောက်လို့ရသလို တို့အကောင်ရှစ်သောင်းလုံး ကြိမ်ဝါးကိုသုံးပြီး အဲဒါနဲ့ သင့်ရေကန်ထဲက ရေကို သောက်မယ်။ အဲဒါဆိုရင် သင် ငါတို့ကို မစားနိုင်တော့ဘူး"။

So saying, the Bodhisatta had a cane brought to him. Then, calling to mind the Ten Perfections displayed by him, he recited them in a solemn asseveration', and blew down the cane. Straight way the cane became hollow throughout, without a single knot being left in all its length.

ထိုသို့ပြောဆိုပြီး ဘုရားလောင်က ကြိမ်ယူလာခိုင်းလိုက်၏။ ဒီနောက် ယင်းဖြည့်ဆည်းပူးထားသော ပါရမီဆယ်ပါးကို စိတ်ထဲမှ အောင့်မေ့လိုက်ပြီး အလေးအနက်အဓိဋ္ဌာန်ပြုကာ ရွတ်ဆို၏။ ဒီနောက် ကြိမ်ကို မှုတ်လိုက်၏။ ကြိမ်သည် အဆစ်တစ်ခုမျှကျန်ဘဲ အရှည်ရှိသလောက် တောက်လျှောက် အခေါင်းပေါက်ဖြစ်သွားလေသည်။

In this fashion he had another and another brought and blew down them. Next the Bodhisatta made the tour of the lake, and vowed, saying, "Let all canes here become hollow throughout." And thenceforth every single cane that grew round that lake became hollow throughout.

ဤပုံအတိုင်း အခြားကြိမ်များကိုလည်း တစ်ခုပြီးတစ်ခု ယူကာ မှုတ်လေ၏။ ဒီနောက် ဘုရားလောင်းသည် ရေကန်ကို လှည့်ပတ်ပြီး "ဒီမှာရှိတဲ့ ကြိမ်အားလုံး အခေါင်းပေါက်ဖြစ်ပါစေ" ဟု ပြောဆိုလျက် အဓိဋ္ဌာန်ပြုလိုက်သည်။ ထိုအခါ ရေကန်တစ်ဝိုက်တွင် ပေါက်နေသော ကြိမ်အားလုံးသည် အခေါင်းများဖြစ်သွား၏။

After making this vow, the Bodhisatta seated himself with a cane in his hands. All the other eighty thousand monkeys too seated tliemselves round the lake, each with a cane in his hands. And at the same moment when the Bodhisatta sucked the water up through his cane, they all drank too in the same manner, as they sat on the bank.

ဘုရားလောင်းသည် အဓိဋ္ဌာန်ပြုပြီးနောက် ကြိမ်တစ်ချောင်းကိုကိုင်ကာ နေရာယူလိုက်၏။ အခြား မျောက်ရှစ်သောင်းလုံးကလည်း လက်ထဲတွင် ကြိမ်လုံးများကိုင်ကာ ရေကန်ကို ပတ်လျှက် နေရာယူကြ၏။
ဘုရားလောင်းက ကြိမ်နှင့် ရေသောက်သည်နှင့်တပြိုင်နက် ကန်ဘောင်ပေါ်ထိုင်နေသော ယင်းတို့အားလုံးလည်း ထိုနည်းအတိုင်းလိုက်ပြီး ရေသောက်ကြ၏။

This was the way they drank, and not one of them could the water-ogre get ; so he went off in a rage to his own habitation. The Bodhisatta, too, with his following went back into the forest.

ဤနည်းဖြင့် ရေသောက်ကြရာ ယင်းတို့အထဲမှ မျောက်တစ်ကောင်ကိုမျှ ရေဘီလူးက ဖမ်းစားနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ရေဘီလူးသည် ဒေါသူပုန်ထလျှက် သူ့နေရာသူ ပြန်သွားတော့၏။ ဘုရားလောင်းသည်လည်း နောက်လိုက်မျောက်များနှင့်အတူ တောတွင်းသို့ ပြန်လာခဲ့တော့သည်။
image

claye@claye

📔📔✏📝 | Ecency