မြန်မာခုနှစ် ၁၃၈၀နှစ် သီတင်းကျွတ်လဆန်း (၁၁)ရက်နေ့တောင်ရောက်လာပြီဆိုတော့ သီတင်းကျွတ်ရောက်တော့မည်။
သီတင်းကျွတ်တာ နဲ့ မုတ်သုန်လေက အားနည်းလာပြီး မုန်တိုင်းရှိမှ မိုးကစွေပြီး ရွာဖို့ဘဲရှိလေတော့သည်။
မြောက်လေက တိုက်ခတ်လာပြီး မြူမှုန် နှင်းဖွေး နှင်းခါးများ ကျလာပေတော့သည်။ နံက်စောစော ခရီးသွားကြသူများအဖို့ နှင်းကျခြင်းကို မြင်တွေ့ကြရပေတော့သည်။
လမ်းလျှောက်လျှင်လည်း တွေ့နိုင်ပေသည်။ ကားစီးရင်းလည်း တွေ့နိုင်ပေတော့သည်။
လှေစီးကြသော ရေလမ်းကတော့ ပိုပြီးအေးမည်ဟု တွေးမိပါသလား။ လက်တွေ့ကတော့ တအားအေးလှပေတော့သည်။
@chitnaingoo