မင်္ဂလာနှစ်သစ်လေးပါ

chitlu(42)
Published in
#esteem
Words
29
Reading
1 min
Listen
Play
8y

ထမိန်ပါတဲ့အထုတ်ကို ယောင်္ကျားလေးများထမ်းရင်
ဘုန်းနိမ့်တယ်လို့ ပြောနေကြတာတွေ့ရတယ်။

ဘုန်းနိမ့်စေတာက အကုသိုလ်တရား
ဘုန်းကြီးစေတာက ကုသိုလ်တရား

ထမိန်ပါတဲ့အထုပ်ထမ်းတာက
သူတစ်ပါးမနိုင်လို့ ဝင်ကူထမ်းတာဖြစ်လို့
သူတစ်ပါးကို ကူညီတာက
ကုသိုလ်ဖြစ်တာမို့ ဘုန်းနိမ့်စေတာမဟုတ်ဘဲ
ဘုန်းကြီးကြောင်းဖြစ်တဲ့
ကုသိုလ်အလုပ်ပါပဲ။

သူတစ်ပါး မနိုင်မနင်းဖြစ်နေတဲ့
ထမိန်ပါတဲ့အထုပ်ကို ကူညီထမ်းတာက
ကုသိုလ်ဖြစ်တာမို့
ဘုန်းကြီးစေတဲ့အလုပ်ဖြစ်ပါတယ်။

နှစ်သစ်မှာ
ဘုန်းကံနိမ့်စေတဲ့အကုသိုလ်ကိုရှောင်၍
ဘုန်းကံကြီးစေတဲ့ ကုသိုလ်တရားများနှင့် ပြည့်စုံနိုင်ကြပါစေ။

အရှင်သဒ္ဓမ္မာနန္ဒ(မြင်းခြံ)

image

မင်္ဂလာနှစ်သစ်လေးပါ | Ecency