နားဝင်ချိုချို မချိုချို
ဒီစကားဟာ ကိုယ့်အတွက်
အမှန်ဖြစ်ဖို့ ပိုလိုအပ်တယ် . .
ကိုယ် ကြိုက်ကြိုက် မကြိုက်ကြိုက်
ဒီအရာဟာ ကိုယ့်အတွက်
အသင့်တော်ဆုံးဖြစ်ဖို့
ပိုလိုအပ်ပါတယ် . .
မှန်ကန်မှု မရှိတဲ့ အရာဟာ
ဘယ်လောက်ပဲ ချိုမြိန်ပါစေ. .
သင့်တော်မှုမရှိတဲ့ အရာဟာ
ဘယ်လောက်ပဲ နှစ်သက်ဖွယ်
ကောင်းနေပါစေ . .
လူကို အကျိုး မပြုတတ်ပါဘူး . .
အမှန်တရားဟာ တခါတလေ
ကိုယ့်အတွက် ချိုချင်မှ ချိုလိမ့်မယ်
ကိုယ့် အကြိုက်နဲ့လည်း
ကိုက်ညီချင်မှ ကိုက်ညီလိမ့်မယ်. .
ဒါပေမယ့် ဒီအမှန်တရားဟာ
ကိုယ့် အတွက်ဆေးဖက်ဝင်နေ
မှာပါတယ် . .
ဒါကြောင့်အမှန်တရားကို
ချစ်မြတ်နိုးပါ . .
အမှန်တရားရဲ့
ဘက်တော်သား တစ်ယောက်
အနေနဲ့ ရပ်တည်နိုင်ကြ ပါစေ . .