#အလွမ်းမှတ်စု
ငါ့လွမ်းဆွတ်မှုတွေမှာ
မင်းရဲ့ အရိပ်အယောင်တွေ ကြွေကြွေကျတယ်...၊
ငါသိခဲ့တဲ့ အချစ်ဆိုတာ...
ပေါင်းစပ်ခြင်းပါ
ဒါပေမဲ့ ဝေးကွာခြင်းတွေနှိပ်စက်ခံလိုက်ရတော့
အိပ်မက်တွေ အရောင်ပြောင်းလဲကုန်ပြီလေ...၊
နွေဦးရေ...
ဥဩရဲ့ အထီးကျန်မှုကို
မင်းရဲ့ခြောက်သွေ့မှုတွေနဲ့ မနှိပ်စက်ပါနဲ့လား😔
ကြေကွဲတယ်ဆိုတာ...
ခံစားဖူးမှ နားလည်ပေးနိုင်တဲ့အရာပါ
သူ့ဘက်က နေနိုင်ခဲ့ပေမဲ့
ကိုယ့်ဘက်က ဘယ်လောက်တောင်
ခံစားနေခဲ့ရလဲဆိုတာ...
သူသိရင် ကျေနပ်ပါပြီ 😔
ကိုယ်ဟာ...
နွေကို စောင့်နေတဲ့ နွေခို ငှက်ပါ
မင့်ရဲ့ ရွက်ခြောက်ကြွေသံတွေကို
မင်းရဲ့ စကားသံတွေအဖြစ်
ကိုယ်ခံစား နားစဉ်ပါ့မယ်
ကျလာမယ့် မျက်ရည်စတွေကို
ဘယ်သူမှ မသိအောင် ကိုယ်သိမ်းထားပါ့မယ်...၊
ဟူး.....
သက်ပြင်းတွေရဲ့ အလည်ခရီးမှာ
ကိုယ့်အနာဂတ်တွေမှာ
မင်းမပါတော့ဘူးဆိုတာ သိသာလွန်းနေတယ်
မထူးတော့ပါဘူး ကြေကွဲမှုကို ရင်ဝယ်ပိုက်ပြီး
သာ၍ဝေးရာဆီ ကိုယ်သွားပေးပါ့မယ်...။😥