Painful

Words
77
Reading
1 min
Listen
Play
9y

နာကျင်မှုတွေလျော့ပါးလာဖို့အတွက်


မမျှော်လင့်ပါနဲ့ 
ကိုယ့်ပျော်ရွှင်မှုတွေရဖို့အတွက်ကို
အခြားတစ်ယောက်က ဖြည့်ဆည်းပေးမှရမယ်ဆိုတဲ့
အတွေးမျိုး ဘယ်တော့မှ မမျှော်လင့်ထားပါနဲ့
သူကိုယ့်အတွက် မဟုတ်တော့တဲ့တစ်နေ့
ပျော်ရွှင်မှုတွေမရှိတော့သလို့ ခံစားလာရတတ်တယ်။

မကြိုးစားပါနဲ့ 
မဖြစ်နိုင် မရနိုင်တာကို အရမ်းကြီးမကြိုးစားပါနဲ့
တစ်ခါတစ်ရံ အချို့သော ပိုင်ဆိုင်မှုတွေက ကံတရားက
သတ်မှတ်ပြီးသားဖြစ်နေတတ်တာမို့ ကိုယ်ဘယ်လောက်
ကြိုးစားကြိုစား မရနိုင်တာမို့ စိတ်မလျော့သ၍
ကိုယ့်တိုင် စိတ်မောလာရတတ်တယ်။

ယုံကြည်မှုအရမ်းကြီးမထားပါနဲ့
တစ်ချို့သောအရာတွေက ကိုယ့်စိတ်နဲ့ယှဉ်ပြီး
ယုံကြည်မှုထားပေမယ့် သူတစ်ပါးစိတ်က ကိုယ်လိုအမြဲ
မဟုတ်တဲ့အခါမျိုး ယုံကြည်မှုတွေက ကိုယ့်အပေါ်ပြန်ပြီး
သက်သွားတဲ့ အခါမျိုးဖြစ်တတ်တယ်။

မရပ်တည်ပါနဲ့
ကိုယ့်ခြေလှမ်းတိုင်းက သူတစ်ပါးထိန်းပေးနေရတဲ့
ဘဝထဲ သာယာကျေနပ်မနေပါနဲ့ ကိုယ့်ရပ်တည်မှုက
သူတစ်ပါးအရိပ်အောက်ရောက်နေသမျှ တစ်နေ့မဟုတ်
တစ်နေ့တော့ အနည်းနဲ့အများ သူတစ်ပါးအတွက်
ရှင်သန်နေတတ်တယ်။

မရှင်သန်ပါနဲ့
လူတစ်ဦးအတွက်နဲ့ ဘဝကို မရှင်သန်ပါနဲ့ ပြီးတော့ 
ချစ်ပါ သို့သော် တစ်စုံတစ်ဦးအတွက် ဘဝကိုတော့ 
ထိခိုက်အောင် မနစ်မြုပ်မိပါစေနဲ့ ကိုယ့်အပေါ် 
ကောင်းတဲ့သူ တကယ်ချစ်တဲ့သူဆိုတာ ဘယ်တော့မှ
ကိုယ်ထိခိုက်နာကျင်ရအောင် မလုပ်ဘူး ကိုယ့်အပေါ်
မကောင်းတဲ့ သူမျိုးနဲ့ ကြုံဆုံခဲ့ရင်လည်း ဘဝထဲအထိ
သယ်ဆောင်လာသမျှ တစ်ချိန်မဟုတ်တစ်ချိန်တော့
ဝမ်းနည်းမှုတွေရလာလိမ့်မယ်။

@chitchit
Painful | Ecency