ငါပိုင်တဲ့
ဒီခန္ဓာကိုယ်
ဒီစိတ် ဟာလေ
မင်းနဲ့ပတ်သတ်လာရင်
ငါ့ အမိန့်ကို
ဘာမှ
မနာခံတော့တာ
တကယ်ခက်တယ်
တခါတလေမှာ
မင်းနောက်မှာ
ရှိနေတဲ့ငါ့ကို
လှည့်ကြည့်ပေးပါလား
ဝမ်းနည်းချိန်တိုင်း
ငါ့ရှေ့မှာပဲ
အားရပါးရ ငိုပေးပါလား
ငါမင်းကို
ထွေးပွေ့ချင်လို့ပါ
မင်းမျက်ရည်တွေကို
သုတ်ပေးချင်လို့ပါ
ချစ်ရသူ