အရင်လိုလွမ်းရတာအသက်မပါတော့တာအမှန်ပါ
လွမ်းချင်လို့သာဆက်လွမ်းနေသေးတာ
ရင်ထဲမှာမင်းဆိုတာတစ်ချိန်ကရှိခဲ့ဖူးတယ်ဆိုတဲ့
သဘောမျိုးသာကျန်တော့တယ်
မင်းဓာတ်ပုံလေးတွေ messageဟောင်းလေးတွေပြန်ကြည့်ပြီး တမင်လွမ်းအောင်ဖန်တီးနေမိတာမျိုးကျ
ဘယ်လိုလုပ်ကြမလဲ
ရင်ထဲကအပြီးအပိုင်ထုတ်ပစ်နိုင်ရက်နဲ့
မလုပ်ရက်ခြင်းဟာလဲဝဋ်တစ်မျိုးပဲ
ငါ့မှာလဲသံယောဇဉ်ကကြီးလွန်းပါတယ်