Far Away

Words
53
Reading
1 min
Listen
Play
9y

ဘယ်လောက်ပဲချစ်ချစ်
နောက်ဆုံးတော့
ကိုယ်ချစ်တဲ့သူက စိတ်ညစ်မှုတွေပေးခဲ့တယ်
နားလည်မှု မရှိတဲ့ ချစ်ခြင်းဟာ
နောက်ဆုံးတော့
ဝေးကွာသွားစေဖို့ အကြောင်းဖန်လာတယ်
သဝန်တိုတတ်တဲ့ အချစ်ဟာ
ကြည်နူးပျော်ရွှင်ရဖို့ထက်
ခဏခဏ ရန်ဖြစ်ဖို့ပဲများလိမ့်မယ်
အချစ်ဦးနဲ့ ဆုံတွေ့ဖြစ်ခဲ့ရင်တောင်
အချစ်စစ်နဲ့ တွေ့ရဖို့ကြ
ခက်ခဲနေသလို လွဲသွားတတ်ကြပြန်ပါတယ်

သူမရှိရင် မနေတတ်ဘူးလို့
မငြီးတွားပါနဲ့
သူမရှိလည်း နေတတ်အောင်နေပါ
နောက်ဆုံးတော့
အကြောင်းတစ်ခုခုကြောင့်
ခွဲခွါ ဝေးကွာ ကျန်ရစ်ခဲ့ကြရမှာမို့
တစ်ယောက်တည်းလည်း
စိတ်ချမ်းသာမှုရှိအောင် နေလိုက်ပါ

ချစ်တော့လည်း ဒီစိတ်
မုန်းတော့လည်း ဒီစိတ်ပါပဲ
ချစ်နေတုန်း ပျော်ပျော်နေရင်
မုန်းသွားတဲ့အခါ ပြုံးနိုင်အောင်
အားတင်းထားလိုက်ပါ
အမှတ်မထင်ပဲ တွေ့ဆုံခြင်းရှိသလို
မျှော်လင့်မထားတဲ့ အခြေအနေကြောင့်လည်း
ဝေးရတတ်ပါတယ်
တစ်ဘဝစာ ခဏတာယာယီလေးမှာ
ရေစက်ရှိတုန်း တွေ့ဆုံဖြစ်ကြတာပါ

chitchit@chitchit

Far Away | Ecency