Destiny (1)

Words
65
Reading
1 min
Listen
Play
9y

စိတ်ရင်းကောင်းသူတွေက အဆိုးရွားဆုံးသူတွေနဲ့ ဖူးစာဆုံရတဲ့ အကြောင်းရင်း (၁၀) ချက်

အပိုင်း (၁)


စိတ်ရင်းကောင်းတဲ့သူတွေဟာ ကိုယ့်ချစ်သူ ရည်းစားရဲ့စိတ်ထားကို မကြိုက်ပေမဲ့ ဖြတ်ဖို့ ခက်ခဲနေတတ်ကြတယ်။
နောက်ဆုံးမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ထိုသူနဲ့ပဲ ဖူးစာဆုံပြီး တစ်ဘဝလုံး သည်းညည်းခံနေရတော့တာပေါ့။

စိတ်ထားကောင်းသူတွေအတွက် ရည်းစားက ဆိုးမှန်းသိပေမဲ့ ဖြတ်ရခက်တဲ့ အကြောင်းရင်းတွေကတော့....

၁။ ကိုယ်က ဒီထက်အများကြီး ကောင်းတာနဲ့ ထိုက်တန်တယ်ဆိုတာ သဘောမပေါက်ဘူး။
 (ကိုယ်က ဘယ်လောက်ကောင်းတယ်ဆိုတာ အသိအမှတ်အပြု မခံရတဲ့အတွက်၊ ကိုယ်တိုင်လည်း အသိအမှတ်ပြုခံရဖို့ မတောင်းဆိုမိတဲ့အတွက် ကိုယ့်ရဲ့ ကောင်းကွက်တွေကို မသိဘူး။ ကိုယ့်ရဲ့ အဆင့်ကို ကိုယ့်ဘာသာ နိမ့်ကျအောင် ပြုလုပ်နေမိတယ်။)

၂။ ကိုယ့်လိုပဲ သူလည်း ရိုးသားလိမ့်မယ်လို့ ထင်မိတယ်။
( သူ့ကို ကိုယ်က အမြဲအမှန်အတိုင်းပြောတယ်။ အဲဒီတော့ သူလည်း အမှန်အတိုင်း ပြန်ပြောမယ်လို့ ယူဆတယ်။ အဲဒါကြောင့် အလိမ်ခံရမယ်ဆိုတာ မသိဘူး။)


@chitchit
Destiny (1) | Ecency