“ဆံရှည်သခင်မလေးအကြောင်း”
ဟိုး.......လွန်ခဲ့သော ၈ နှစ်ကျော်က နံနက်မိုးသောက်အာရုဏ်ရောင်နီလာခါစ နံနက် ၅နာရီခွဲ တပိုတွဲလပြည့်ကျော် ၂ ရက်နေ့ကပေါ့ နံနက်လင်းတော့ ဦးဇင်းလည်း ဆွမ်းခံကြွဘို့ပြင်ဆင်ရတာပေါ့ ဆွမ်းခံကြွတဲ့နေ့က လမ်းမှဆွမ်းလောင်းနေတဲ့ဒကာမကြီးတစ်ဦးအိမ်ရှေ့မှာဆွမ်းလောင်းနေခိုက် ဦးဇင်းဆီကို ရှေ့တည့်တည့်မှာလာပြီး ၅၀၀ ကျပ်တန်ငွေစက္ကူလေး လာပြီးလှူတယ် အဲ့ဒီဆွမ်းလောင်းနေတဲ့ ဒကာမကြီးက ယခုစစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ အမကြီးဆရာမကြီးပါ ။သူ့ရှေ့မှာတင်လာလှူတာပါ ဒါပေမည့် ရှေ့တည့်တည့်မှာလာရပ်ပြီး ငွေစက္ကူ ၅၀၀ တန်ကို ၅၀ ဘဲလှူမယ် ကျန်တာပြန်အမ်းပါလို့ ဦးဇင်းကိုလျှောက်တယ် သူ့ရဲ့ပုံသဏ္ဍန်ကတော့ အဖွားကြီးတစ်ယောက်ပုံ ကြည့်တော့လည်း စိတ်မနှံ့သလိုမျိုးထင်ရတယ် ....
အဲ့ဒီမှာဘာပြန်ပြေားရမှန်းလည်းမသိဘူး ပြန်အမ်းစရာငွေလည်းမပါဘူး ဒါကာမကြီးလှူတာကို ဦးဇင်းရတယ်လို့အောက်မေ့ပါတယ် ဒါကာမကြီးကို သူလာလှူတဲ့ငွေစက္ကူ ၅၀၀ တန်လေးကိုပြန်ပေးလိုက်တယ် ဒါပေမည့်သူကထူးဆန်းတာတစ်ခု ထက်လျှောက်တယ် အဖြေရပြီလားတဲ့....
ဘာကို ပြေားမှန်းလည်းမသိဘူး သူမေးတာကိုလည်း နားမလည်ခဲ့ဘူး နောက်ပြီးထူးဆန်းတာ ဆက်ပြေားတယ် က ခ ကခ အဲ့ဒါ ငါ့စာအုပ် ငါ့စာအုပ်ပြန်လိုချင်တယ် သိမ်ဘယ်နှစ်လုံးရှိသလည်းတဲ့ လည်တီသိမ်လို့လည်း ပြေားတယ် အဲ့ဒီသိမ်မှာသူနေမှာတဲ့ အဲ့လိုပြေားတော့ စိတ်ထည်း ဇဝေဇ၀ါဖြစ်ပြီး ဓါတ်တိုင် တစ်ခန်းကျော်လောက် ဆွမ်းခံရင်းဆက်လျှောက်လာခဲ့တယ် အဲ့ဒီမှာ နောက်ကနေလိုက်လာပြီး ပြေားပြန်တယ် အဖြေရလျှင် ဦးစိန်လှ တံတားနားကစောင့်နေတဲ့ ဘာတွေပြေားနေတာလည်းဆိုတာကို မသိခဲ့ဘူး......
ဒါနဲ့ အင်း.... အရူးမကြီးဖြစ်မှာပါလေ....
ဒီလိုနဲ့ ဆက်လျှောက်လာခဲ့တယ် စိန်ကုန်ရပ်မှာရှိတဲ့ နတ်ပန်းဓမ္မာရုံနားရောက်တော့မှ ပြဿနာ စဖြစ်တော့တာဘဲ စောစောက ဦးဇင်းကိုလှူတဲ့ငွေစက္ကူ ၅၀၀ တန်ကို မှတ်မိတယ်။ဓမ္မာရုံရှေ့လမ်းလယ်ခေါင် မှာ ဖြူဖွေးနေတဲ့စာအိတ်တစ် အဲ့ဒီစာအိတ်ကထူးခြားနေတယ် အတော်ကို အရောင်တွေထွက်နေတယ် ဒါနဲ့ ဘာလည်းဆို ကောက်ကြည့်လိုက်တော့ အဲ့ဒီထည်းမှာ စောစောက ဒါကာမကြီးကိုပြန်ပေးလိုက်တဲ့ငွေစက္ကူ ၅၀၀ တန်ပြန်တွေ့တယ်။ စိတ်ထည်းလည်းကြောက်သွားတယ် ဘုန်းကြီးဆိုပေမည့် နည်းနည်းတော့ကြောက် တာပေါ့ ဒါကြောင့် ဆွမ်းဆက်မခံဘဲပြန်လှည့်ပြီး စောစောက ဒါကာမကြီးမြန်းပြန်တွေ့လေမလားဆိုပြီး ပြန်ရှာတာ နာရီးဝက်ကြာသွားတယ် ။ ရေ၀န်းကျောင်းကနေ ဆွမ်းခံကြွလာတဲ့ ဦးသီရိမာလာနဲ့ဆွမ်းခံသွားရင်း တွေ့တော့သူကို ဒီအကြောင်းပြေားပြပြီး ဆက်ရှာတာ လမ်းခုလက် အမှတ်(၈၄)သစ်စက်ရှေ့အရောက် ဆိုက်ဆိုက်မြိုက်မြိုက် ပြန်တွေ့တယ် ပြန်တွေ့တော့ ဦးဇင်းကဦးအောင် အဖြေရပြီလားမေးလိုက်တာ သူကအဖြေမရသေးဘူးတဲ့....
ပြေားပြေားဆိုဆိုဘဲ ဦးသီရိမာလာသပိတ်ပေါ်ပါလာတဲ့ ၂၀၀ ကျပ်တန်ငွေစက္ကူကို ယူပြီး ဦးဇင်းကို ၅၀ လှူပါတယ်လုပ်ပြန်ရော....
အဲ့ဒီတော့ အဖြေမရသေးမှတော့ ဒါလေးပေးတော့ဘူးဆိုပြီး ၂၀၀ကျပ်တန် ငွေစက္ကူတန်လေးယူသွားပါလေရော
တစ်ခုခုမြန်းထူးခြားလေမလားဆိုပြီး လမ်းလယ်က စောစောက စာအိတ်ထဲတွေ့တဲ့ ၅၀၀ တန်လေးသိမ်းထားသေးတယ် (၃) နှစ်လောက်ကြာသည်အထိဘာမျှထူးမလာခဲ့ဘူး...
နောက်တော့ ဘာမှမဟုတ်လောက်ပါဘူးဆိုပြီး ၅၀၀ တန်လေးကို လက်ဘက်ရည်သောက်ပြစ်လိုက်တယ်...
ဒီလိုနဲ့ (၇) နှစ်ကြာသည်အထိ ဘာမှထူးမလာခဲ့ဘူး ယခု ၂၀၁၇ နှစ်ကုန်ခါနီး ဒီဇင်ဘာလအရောက်မှာ စထူးခြားလာခဲ့တာ မှတ်မှတ်ရရ ဒီဇင်ဘာ (၂၇) ရက်နေ့က ဦးဇင်းဆီကို ဒါကာမကြီး တစ်ယောက်က သိမ်လှူချင်လို့ဆိုပြီး ညကြီးလာလျှောက်တယ် သူကလည်း နည်းနည်းဘဲတက်နိုင်တာတဲ့ သိမ်အတွက် ကျပ်သိန်း (၃၀) လှူမယ် ဦးဇင်းကလည်းလိုတာ စိုက်ထုတ်ပြီး ပြီးအောင်ဆက်လုပ်မယ်ပေါ့ ကိုယ့်အတွေးနဲ့ကိုယ် ...
ဦးဇင်းက စိတ်ကလောဆိုသလလို ညပြေား နံနက် ချုံစရှင်းတော့တာဘဲ နှစ်ရက်သာချုံရှင်းရသေးတာ အချိန်အခါမဟုတ် ရွာလိုက်တဲ့မိုး (၈) ရက်တောင်ကြာတယ် ချုံလည်းဆက်ရှင်းမရ သစ်ပင်တွေလည်းခုတ်မရပေါ့ ဒီလိုနဲ့ ရက် (၂၀) လောက်ကြာသွားတယ်......
သိမ်ဆောက်မည်ဆိုတော့ စာချဆရာတော် ဦးပဏ္ဍ၀ံသ ဦးဇင်းလက်ဦးဆရာကို သွားလျှောက်တာပေါ့ သူက လည်းတက်နိုင်တဲ့ဘက်က ကူညီမည်ပေါ့....
ဆရာတော်မိန့်လိုက်ပုံက သိမ်ဆောက်မည်ဆို ဂရမ်လျှောက်ရမည်တဲ့ အစိုးရကို အမိန့်ခံမှ သိမ်သမုတ်လို့အောင်မည်တဲ့ ဒါနဲ့ သိမ်ဆောက်မည့်သူရဲ့ လိုအပ်တာတွေတောင်းတာပေါ့ အဲ့ဒီမှာ မူလအလှူရှင်က မှတ်ပုံတင်မရှိဘူးတဲ့......
ပြဿနာတက်ပြန်ရော ဒါနဲ့ဦးဇင်းအစ်မ နာမည်နဲ့လျှောက်မယ်ပေါ့ ပြီးတော့မှ မူလဒါကာကို နာမည်တပ်ပေးလိုက်မယ် ကိုယ်လည်းနားလည်သလောက်အဆင်ပြေသလိုလုပ်ရတော့တာပေါ့.....
အဲ့ဒီသိမ်သမုတ်တော့မည်ဆိုတော့ သစ်ပင်ခုတ် မြေသန့်လုပ်တာပေါ့ မြေသန့်တော့မှ သိမ်အစ်မကို ၀င်ပြီးပူကပ်ကုန်ရော ဘာပြေားချင်ကြလို့လည်းပေါ့ ကိုယ်ကလည်းနာမလည်ဘူးလေ အတွေ့အကြုံလည်းမရှိဘူး ......
ပထမ လာပြီးပူးကပ်တာကတော့ ကျိုက်ထီးရိုးမှ နံ့သာဘုဘိုးဘိုးတဲ့ ဘာလိုချင်လို့လည်းမေးတော့ ပျော်လို့တဲ့ သူတို့ဆီလည်း ဒီလို သိမ်လေးဆောက်ပေးစေချင်ကြတယ်တဲ့.....
နောက်တစ်ယောက်ကတော့ တအားကိုငိုတာဘဲ ဘယ်သူလည်း မေးမရဘူး အရိမ်နိမိတ်လောက်ဘဲ ပြေားပြသွားတယ် ဘုရင့်အမျိုးနွယ်ထဲက မောင်းမတဲ့ ဦးဇင်းရဲ့အရင်ဘ၀ဟောင်းကပေါ့ သူကချစ်သူပေါ့ဗျာ ရည်းစားဆိုလည်းမမှားဘူးပေါ့ သူ့အသံလေး ကြားလိုက်ရတာ တကယ်ဘဲ ရင်ထဲမှာစိတ်မကောင်းဘူး အရမ်းသနားတာဘဲ ပြောက်နေတာကြာပြီတဲ့ အခုမှပြန်တွေ့လို့ငိုနေရှာတာ အင်းဘ၀တွေက လည်းခြားသွားတာ ဘယ်လောက်တောင် ကြာနေပြီလည်းမှမသိတာ နောက်တစ်ခုက အုပ်စုလိုက်ကြီး သိုက်နန်းကအမျိုးတွေ သူတို့ကလည်း ဖူးမျှော်ကြောင်းနဲ့ ကန်တော့ပွဲနဲ့ ဦးဇင်းကို ကန်တော့ချင်ကြကြောင်း ပူးပြေားကြတဲ့အတွက် ကမန်းကတမ်း ကန်တော့ပွဲစီစဉ်ပေးရတယ်....
နောက်တစ်ယောက်က တော့ငါးမာန်အောင်ထင်သုံးစုံရှင် ဘုရားမှာစောင့်တဲ့ ဥစ္စာစောင့်မလေး ဆံရှည်သခင်မလေးပေါ့ သူကတော့ ယခုထိဦးဇင်းအပေါ်မှာခင်တွယ်နေတုံးဘဲ သူကတော့ နည်းနည်းစပ်စုတက်တယ် သူကနန်းတွင်းမျိုးရိုးမဟုတ်ဘူး သာမာန်အရပ်သူဘ၀ကနေ ဥစ္စာစောင့်ဘ၀ကို ရောက်လာတဲ့သူလေးပေါ့ ၊ သူက ဦးဇင်းကိုယခုထိမှတ်မိနေတုံး ဟိုး... လွန်ခဲ့တဲ့ သုံးဘ၀က ဦးဇင်းက ယခုနေနေတဲ့ ပြာဿာဒ်ကျောင်းမှာဘဲ ရသေ့ဝတ်ခဲ့ဘူးတယ် ဆရာကလည်း ပါတယ် ကျောင်းထိုင် ဆရာတော်က နာမည် ဦးနန်းနွယ်တဲ့ ။ သူတို့နဲ့အတူ ဓါတ်လုံးထိုးပြီး လောကီဓါတ် ထွက်ရပ်လမ်းတွေကိုကျင့်ခဲ့ကြတယ်တဲ့ ဆရာကတော့ ထွက်ရပ်ပေါက်သွားတာပေါ့ ဦးဇင်းက ဓါတ်လုံးတစ်လုံးသာ အောင်ခဲ့တာ ဓါတ်လုံးတစ်လုံးကို အနှစ် ၅၀ ထိုးရမယ်တဲ့ သုံးလုံးထိုးရင် အနှစ် ၁၅၀ ပေါ့ အဲ့ဒီလောက်ထိ အသက်ကို ဆွဲဆန့်နိုင်တဲ့ ပညာတွေတက်ခဲ့တယ်ဆိုပါတော့ ၊………
နောက်တော့ ရပ်ကွက်ထည်းမှာ ပယောဂတို့ ဘာတိုဖြစ်လျှင် ဦးဇင်းကုပျောက်ဆိုဘဲ အောက်လမ်းပညာသည်တွေနဲ့တော့ ဦးဇင်းကရန်ဘက်ဖြစ်ခဲ့ရတာပေါ့၊ အဲ့ဒီမှာ အပြင်းထူပြီးဓါတ်လုံးကို တစ်လုံးအနှစ် (၅၀) ထိုးရမှာ နှစ်လုံးကျန်နေတာ ကြာပါတယ်ဆိုပြီး နှစ်လုံးပေါင်းထိုးလိုက်တာ ဓါတ်ပေါက်ကွဲတဲ့အချိန် ရန်ဘက်စုန်းမတွေနဲ့ ပြဿနာတက်ပြီး ပေါက်ကွဲသွားတဲ့ဓါတ်လုံးက ကျောင်းခေါင်မိုးပေါ်လွင့်ခိုက် စုန်းမကလေပေါ်ပျံဝဲလာခိုက် အဲ့ဒီမှာ စုန်းမကထမီနဲ့အုပ်လိုက်တာ ဦးဇင်းကံနိမ့်ပြီး လွန်ခဲ့တဲ့ သုံးဘ၀က ရသေ့ဘ၀ကံကုန်ခဲ့တယ်ဆိုပါတော့...
ဒုတိယဘ၀ ဘယ်နေရာရောက်ခဲ့တယ်မသိဘူး သူမသိနိုင်ဘူး ဆံရှည်သခင်မလေးက အဲ့လွန်ခဲ့တဲ့သုံးဘ၀ကတည်းက သူကဥစ္စာစောင့်မလေး ဦးဇင်းတို့ဓါတ်လုံးထိုးတိုင်းသူက ဖိုလာဆွဲမီးကူထိုးလို့ သူ့ကို ဓါတ်ပြာလျှက်ခိုင်းခဲ့တာ တစ်တို့လောက်ဘဲ သူကအဲ့ဒီဓါတ်ပြာကြောင့် ကိုယ်ထင်ပြနိုင်တဲ့အစွမ်းတွေ ရလာခဲ့တာ တဲ့သူကပြေားပြရှာတယ်....
အဲ့ဒီပြဿာဒ်ကျောင်းမှာဘဲ ရဟန်းကြီးတစ်ပါးက ရဟန္တာဖြစ်သွားခဲ့တာရှိခဲ့ဘူးတယ် လူတွေက သေမှ သိကြတာ မီးသဂြိုလ်မှ ရဟန္တာမှန်းသိကြတာတဲ့ ဆံရှည်သခင်မလေးက လူရောင်ဖန်ဆင်းပြီးရဟန္တာကြီးကို သင်္ကန်းလျှော်ပေးဝတ်ပြုရှာသတဲ့ သူကမှပြုစုခွင့်ရလိုက်သေးတယ် လူတွေက မသိနားမလည် အစောင့်ရှောက်တွေကမှတက်သိနေသေးတယ်။
နောက်တော့ဆရာတော်က မိန်းကလေးတွေမလာကောင်းဘူး နင်လည်းနင့်ဘ၀နဲ့နင်ပျော်အောင်နေလို့ ဆုံးမလိုက်တော့ ဆရာတော်တွေအနား မလာရှာတော့ဘူး သနားပါတယ် ဒီဘ၀ကနေကျွတ်တမ်းဝင်ပါစေလို့ ဆရာတော်ဆုမပေးခဲ့လို့ သူခမျာဒီအချိန်အထိ ဘုရားမှာစောင့်နေရတုံး………