စပ်​မိစပ်​ရာဘာညာသလကာ

Words
73
Reading
1 min
Listen
Play
8y

ဒီအံ့သြဖွယ်ရာ အကြောင်းအရာလေးတွေ ကို ဖတ်ရှုကြည့်ပါဦးနော်။
၁။ ၂၀၀၆ ခုနှစ်လောက်က သြစတြေးလျ အမျိုးသားတစ်ဦးဟာ နယူးဇီလန်နိုင်ငံကို eBay ကနေ ရောင်းချဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ရောင်းချဖို့ စီစဉ်ခဲ့တဲ့ နှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ ဖြစ်ပါသတဲ့။
image
၂။ ၁၉၉၉ ခုနှစ်လောက်က ဂူးဂဲလ်ကုမ္ပဏီတည်ထောင်သူတွေက ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁ သန်းအောက်နဲ့ ရောင်းချဖို့ စည်းရုံးခဲ့ဖူးပါသတဲ့။ ဒါပေမယ့် အဲဒီအစီအစဉ် မအောင်မြင်ခဲ့ပါဘူး။

၃။ ဂျပန်နိုင်ငံက ဆူမိုနပန်းသမားတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေကို ငိုအောင်လုပ်တာဟာ ကောင်းတဲ့ဆုလာဒ်ရရှိစေလိမ့်မယ်လို့ အယူအဆရှိပါတယ်။
image

၎။ ဂျပန်အမျိုးသား ဆူတိုမူ ရာမာဂူချီဟာ ဟီရိုရှီးမားဒေသ နူကလီးယားဗုံးနဲ့တိုက်ခိုက်မှုခံရစဉ် အဲဒီဒေသမှာပဲ အလုပ်လုပ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာနာဂါဆကီဒေသမှာရှိတဲ့ အိမ်ကိုလည်း တည်ဆောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူဟာ အဲဒီဒေသမှာ အသက် ၉၃ နှစ်အထိ နေထိုင်ခဲ့ပါတယ်။

၅။ ဗြိတိန်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ နာမည်ကို ခေါ်ရတာလွယ်ကူစေဖို့ Tim Pppppppppprice အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။
image

Crd by cheerylay@cheerylay

စပ်​မိစပ်​ရာဘာညာသလကာ | Ecency