စပ်​မိစပ်​ရာအ​ကြာင်းအရာ

Words
164
Reading
1 min
Listen
Play
8y

ချစ်တတ်လွန်းသူကြီး နပိုလီယန်

နပိုလီယန်ဘိုနာပတ်ဟာဆိုရင်တော့ ပြင်သစ်တော်လှန်ရေး ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပထမပြင်သစ်အင်ပါ ယာကြီးရဲ့ ဧကရာဇ်တစ်ဦးဖြစ်ခဲ့ပါတယ်။
image
ရက်စက်တတ်တဲ့နှလုံးသားနဲ့ ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ဦးဖြစ်ပြီးပေမယ့်လည်း ဂျိုစပရင်းလို့ အမည်ရပြီး ချောမောလှပပြီး အဲဒီခေတ်အသိုင်းအဝိုင်းမှာ ရေပန်းစားခဲ့တဲ့ အမျိုးသမီးကို တွေ့ဆုံခဲ့တဲ့နောက်မှာတော့ အဲဒီအမျိုးသမီးရဲ့ပုံရိပ်တွေက သူ့ကို ညို့ယူဖမ်းစား နိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ နယ်မြေတွေ သိမ်းပိုက်ဖို့ကိုသာ စိတ်ဝင်စားတဲ့ နပိုလီယန်ဟာ ဂျိုစပရင်းနဲ့တွေ့ပြီး အချစ်ဆိုတဲ့ အရသာကို စတင် ခံစားရခဲ့တာ ဖြစ်ပါတယ်။

image

နပိုလီယန်ဟာဆိုရင် ခေါင်းမာစွာနဲ့ပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အသက် (၃၂)အရွယ် တစ်ခုလပ် အမျိုးသမီး တစ်ဦးဖြစ်ခဲ့တဲ့ ဂျိုစပရင်းကို ချစ်ခွင့်ပန်ခဲ့ပြီးတော့ ၁၉၇၆ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

နပိုလီယန်ဟာဆိုရင် စစ်ရေးနဲ့ပတ်သက်တဲ့အလုပ်တွေကိုပဲ အဆက်အပြတ်ဆောင်ရွက်ဖို့ လုပ်ဆောင်နေချိန် နောက်ပိုင်းမှာ နပိုလီယန်ရဲ့အမျိုးသမီးဖြစ်သူ ဂျိုစပရင်းဟာဖောက်ပြန်တဲ့ ဇာတ်လမ်းတွေဖြစ်ခဲ့ပါတယ်။

ဒီသတင်းကို သိခဲ့တဲ့နောက်မှာနပိုလီယန်ဟာ ဒေါသအကြီးအကျယ်ထွက်ခဲ့ပြီး ကွာရှင်းဖို့အထိ တောင်းဆိုခဲ့ပါတယ်။ ဂျိုစပရင်းဟာ သူမရဲ့အမှားကိုပြန်တောင်းပန်ပြီးနောက်မှာတော့ အင်မတန် အသဲမာပါတယ်ဆိုတဲ့ နပိုလီယန်ဟာ အမျိုးသမီးဖြစ်သူကို သနားစိတ်ဝင်ခဲ့ပြန်ပါတယ်။

နောက်ပိုင်းမှာ နပိုလီယန်ဟာ သြဇာအာဏာလွှမ်းမိုးသူတစ်ဦးဖြစ်လာပြီးတော့ ၁၈၀၄ ခုနှစ်မှာ ပြင်သစ်အင်ပါယာရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ သူရဲ့နန်းမွေကို ဆက်ခံဖို့အတွက် သားတစ်ယောက် ရဖို့ကိုလည်း သူကအာရုံစိုက်ခဲ့လာခဲ့ပါတယ်။

ဒါပေမဲ့ ဇနီးဖြစ်သူ ဂျိုစပရင်းဟာ ကိုယ်ဝန်မဆောင်နိုင်တဲ့အတွက် နောက်ဆုံးမှာတော့ နပိုလီယန်ဟာသူသိပ် ချစ်ခဲ့တဲ့ အမျိုးသမီးကို ၁၈၀၉ ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှတော့ နပိုလီယန်ဟာမာရီဆိုတဲ့ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ နပိုလီယန်အတွက် ဂျိုစပရင်းအနားမှာ မရှိတော့တဲ့ အချိန်တွေမှာ နပိုလီယန်ရဲ့ ကံတရားက သိပ်ကိုမနှစ်မြို့စရာကောင်းအောင်ဖြစ်ခဲ့ပါတယ်။

နပိုလီယန်မှာ စစ်အကြီးအကျယ်ရှုံးခဲ့ပြီး ၁၈၁၄ ခုနှစ်မှာ အယ်ဗာကျွန်းကို ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ သံယောဇဉ်မပြတ်နိုင်သေးတဲ့ နပိုလီယန်တဲ့ ဇနီးဟောင်းဖြစ်တဲ့ ဂျိုစပရင်းဟာ နပိုလီယန်နဲ့တွေ့ဆုံခွင့်ရဖို့ ဇာတ်လမ်းတွေပြန်ဆက်ဖို့ သူ့ဆီကို စာတစ်စောင်ရေးခဲ့ပါတယ်။

ဒါပေမဲ့နပိုလီယန်ဟာ လုံးဝမဖြစ်နိုင်တော့ဘူးဆိုတဲ့ စာတစ်စောင်ကို ဂျိုစပရင်းဆီပြန်ပို့ပြီးသူ့ဆီက စာကို ဂျိုစပရင်းဘက်ကလက်ခံမရရှိခဲ့ခြင်းမရှိလိုက်ဘဲ သူမသေဆုံးသွားခဲ့ပါတယ်။

၁၈၁၅ ခုနှစ်မှာတော့ နပိုလီယန်ဟာ အယ်ဗာကျွန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပဲရစ်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူလွတ်မြောက်လာပြီးနောက် အရင်ဦးဆုံးသွားရောက် တွေ့ဆုံခဲ့တဲ့သူက ဂျိုစပရင်းကို ကုသခဲ့တဲ့ ဆရာဝန်ဆီဖြစ်ပါတယ်။

နပိုလီယန်ကဆရာဝန်ဆီကို ဘာကြောင့်သူချစ်ရတဲ့ ဂျိုစပရင်းသေဆုံးခဲ့ရလဲဆိုတာ သိချင်လို့ မေးမြန်ခဲ့တဲ့ အခါ သူမဟာ ရင်ကွဲနာကျပြီးသေဆုံးခဲ့တယ်လို့ ဆရာဝန်ကပြန်ပြောခဲ့ပါတယ်။
image
အချစ်ကြီးလွန်းသူ နပိုလီယန်ဟာဆိုရင် ဂျိုစပရင်းရဲ့ပန်းဥယျာဉ်လေးထဲက Violets ပန်းလေးကို ယူဆောင်လာခဲ့ပြီး သူမသေဆုံးခင် ၁၈၂၁ ခုနှစ်အထိ လော့ကတ်ထဲမှာ အမြဲထည့်ပြီးသိမ်းဆည်းထားခဲ့ပါတယ်။

Crd by cheerylay@cheerylay
photo by google image

စပ်​မိစပ်​ရာအ​ကြာင်းအရာ | Ecency