လေ့လာစရာစိတ်​ပညာ

Words
86
Reading
1 min
Listen
Play
8y

ခွင့်လွှတ်ပေးနိုင်ခြင်း
image
လုပ်မိတဲ့အမှားတိုင်းကို တတွတ်တွတ်လိုက်ပြောနေတတ်တဲ့ သူဌေးနဲ့တော့ ဘယ်သူကမှာ ပျော်ပိုက်မှာ မဟုတ်ပါဘူး။ ၀န်ထမ်းတွေကို တွက်ချက်စွန့်စားခွင့် ပြုပေးတာ တကယ်ပဲ စွမ်းအားကြီးမားပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဆန့်ကျင်မှုတွေလုပ်သွားဖို့ ခွင့်ပြုတာမဟုတ်ကြောင်း သူတို့သိထားဖို့ လိုအပ်ပါတယ်။ ဒီလိုတွေလုပ်တာဟာ ဖန်တီးနိုင်စွမ်းတွေနဲ့ လှုံ့ဆော်နိုင်စွမ်းတွေကို သတ်ပစ်ရာရောက်ပါတယ်။ ဒီလိုလုပ်တာဟာ သူတို့ရဲ့ အကြံဉာဏ်သစ်တွေတင်ပြလိုစိတ်ကို မတင်ပြခင်မှာပဲ နှစ်ခါပြန်စဉ်းစားစေတာ၊ လုပ်ငန်းစဉ်အသစ် ထုတ်ကုန်အသစ်တွေ စမ်းသပ်ဖို့အတွက် နှစ်ခါပြန်စဉ်းစားသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပြီး ဖန်တီးနိုင်စွမ်းတွေ၊ စိတ်ဓာတ်တွန်းအားတွေရအောင် ပြုစုပျိုးထောင်ပေးဖို့ သင်ယူကြည့်ပါ။ သင့်ရဲ့အဖွဲ့သားတွေက သင့်ကို ဆယ်ဆ ပြန်ပေးပါလိမ့်မယ်။
472585-a-photo-of-sunset-in-waikiki-honolulu-hawaii-fit_400_400.jpg
၎။ ကိုယ်ကျိုးမငဲ့ခြင်း

ကိုယ်ကျိုးမငဲ့ခြင်းဆိုတာ သင့်အနေနဲ့ သူတစ်ပါးရဲ့ ကောင်းကျိုးကိုပဲ ဂရုစိုက်တယ်လို့ ဆိုလိုပါတယ်။ စီးပွားရေးလောကမှာတော့ သင့်အနေနဲ့ သင့်အနားမှာရှိနေတဲ့သူတွေ ပိုပြီးလုပ်နိုင်စေဖို့၊ ပိုပြီး ကောင်းတယ်လို့ ခံစားရစေဖို့၊ြ့ပီးတော့ စွမ်းဆောင်ရည်ပိုကောင်းစေဖို့ ဆန္ဒရှိတယ်လို့ ဆိုလိုပါတယ်။ သင်ဟာ ကျွန်းမြေတစ်ခု မဟုတ်ပါဘူး။ ကောင်းတာတွေအားလုံး သင့်ဘာသာသင်ပဲ ယူထားဖို့ မလိုပါဘူး။ သင့်အနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို တည်ဆောက်ပေးတာက သင့်ကို ပိုကောင်းမွန်တဲ့သူဖြစ်စေတယ်လို့ နားလည်ထားပါ။ ဒါဟာ စွမ်းအား သို့မဟုတ် ခွန်အားနဲ့ဆက်စပ်တဲ့ ရှေးဟောင်း နည်းလမ်းမဟုတ်သော၊ အရမ်းကောင်းတဲ့ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်တစ်ရပ်ဖြစ်ပါတယ်။
image
Crd by cheerylay@cheerylay

လေ့လာစရာစိတ်​ပညာ | Ecency