အ​မေ့​မေတ္တာ

chaithu(43)
Published in
#esteem
Words
170
Reading
1 min
9y
Listen to this post
~1 min

image

မွေးမေမေ ကျေးဇူးများကို မသိတတ်ရင်နေပါ ကျေးဇူးတော့ မကန်မိစေနဲ့ မိဘ မျက်ရည်တစက် သားသမီး ဆင်းရဲတသက် မေမေ မေတ္တာ စေတနာများ နားလည်သိတတ်သော သားသမီးများ ဖြစ်ကြပါစေ။ ခင်ဗျားသိပ်ရက်စက်တယ် ငယ်ငယ်က အမေပျောက်ရင် လိုက်ရှာတဲ့ခင်ဗျား အခုတော့ အမေတစ်ယောက်တည်းဖြစ်နေတာတောင် လှည့်မကြည့်တော့ဘူးလား။ ငယ်ငယ်က အမေခွံ့ေqမှ ထမင်းစားတဲ့ခင်ဗျား အခုတော့ အမေဘယ်လိုစားနေရတယ်ဆိုတာတောင် မသိတော့ဘူးလား။ ငယ်ငယ်က အမေချော့သိပ်မှ အိပ်တတ်တဲ့ခင်ဗျား အခုတော့ အမေဘယ်လိုအိပ်နေရတယ်ဆိုတာ မလေ့လာတော့ဘူးလား။ ငယ်ငယ်က အမေရှိရင် ငွေရှိတယ်ဆိုတဲ့ခင်ဗျား အခုတော့ ငွေရှိတာတောင် အမေ မသိအောင်ဝှက်ထားရက်တယ်။ ခင်ဗျားသိပ်ရက်စက်တယ်ဗျာ။
image
လူတစ်ယောက်ဟာ သူ့အမေအတွက် ပန်းဝယ်ဖို့ ပန်းရောင်းတဲ့ဆိုင်ကို ရောက်လာတယ်။ ကားပေါ်က ဆင်းလိုက်တာနဲ့ လမ်းဘေးမှာ ငိုနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လို့ ဘာဖြစ်လို့ ငိုနေတာလဲလို့ မေးလိုက်တယ်။ကလေးမလေးက သူ့အမေအတွက် ပန်းဝယ်ပေးချင်တာ ပိုက်ဆံမလောက်လို့ပါလို့ ပြန်ပြောတယ်။ ဒါနဲ့ သူက ကလေးမလေးကို နှင်းဆီပန်းတပွင့် ဝယ်ပေးမယ်၊ ဆိုင်ထဲကို လိုက်လာခဲ့လို့ ပြောလို့ ကလေးမလေးလည်း ဆိုင်ထဲ လိုက်လာတယ်။ သူက ကြိုက်တဲ့ နှင်းဆီပန်းတပွင့် ရွေးယူလိုက်ဆိုတာနဲ့ ကလေးမလေးက အလှဆုံး နှင်းဆီပန်းအနီတစ်ပွင့်ကို ယူလိုက်တယ်။သူလည်း ပန်းတစ်ချို့ဝယ်ပြီး သူ့အမေဆီကို ပါဆယ်နဲ့ ပို့ခိုင်းလိုက်တယ်။ သူဝယ်တဲ့ပန်းတွေနဲ့ ကလေးမလေးယူလိုက်တဲ့ နှင်းဆီပန်းဖိုး ကျသင့်ငွေရှင်းပြီး ဆိုင်ထဲက ထွက်လာတယ်။ နေကလည်း အတော် ပူနေတာမို့ ကလေးမလေးကို ဘယ်သွားမှာလဲဆိုတော့ အမေ့ဆီသွားချင်လို့တဲ့။ ဒါနဲ့ သူက ကားနဲ့ လိုက်ပို့ပေးမယ်ပြောတာနဲ့ ကလေးမလေး လိုက်လာတယ်။ သူက ကလေးမလေးကို အမေရှိတဲ့နေရာ ဘယမှာလဲ မေးလိုက်တော့ ကလေးမလေးက မြို့စွန်က သင်္ချိုင်းတစ်ခုကို ပို့ပေးပါလို့ ပြောတယ်။
image
သင်္ချိုင်းရောက်တာနဲ့ ကလေးမလေးဟာ ကားပေါ်က ဆင်းပြေးပြီး သူ့အမေရဲ့ အသစ်စက်စက် အုတ်ဂူဖြူဖြူပေါ်မှာ နှင်းဆီပန်းလေးကို အသာတင်လိုက်ပြီး ငိုချလိုက်ပါတယ်။သူလည်း ချက်ခြင်း ကားပေါ်တက် မောင်းပြီး ပန်းဆိုင်ကို အမြန်ပြန်သွားတယ်။ ပန်းဆိုင်မှာ ပါဆယ်ပို့ခိုင်းထားတဲ့ ပန်းတွေကို ပြန်ယူပြီး ကားမောင်းထွက်သွားတယ်။ မိုင် ၂၀၀ အကွာမှာ နေတဲ့ သူ့အမေဆီကိုပါ။သူ ဘာကြောင့် စိတ်ပြောင်းပြီး သူ့အမေဆီကို သွားရတာလဲ။ ကလေးမလေးရဲ့ အမေဆုံးသွားတာ မြင်ပြီး သူ့အမေ မသေခင် တွေ့ချင်တာလား။ ကလေးမလေးရဲ့ အပြုအမူဟာ သူ့ကို ဘာခံစားချက်ဖြစ်သွားစေသလဲ။သူ့အမေနဲ့ တူတူ မနေပဲ မိုင်ပေါင်းများစွာနေတဲ့ နေရာတွေမှာ ခွဲနေကြတာလဲ။ သူ့အမေ အသက်ကြီးပြီလား။ ဘယ်သူက စောင့်ရှောက်ထားလဲ။တကယ်လို့ သူဟာ ကလေးမလေးနဲ့ မတွေ့ခဲ့ရင် သူ့အမေဆီ သွားဖြစ်ပါ့မလား စတဲ့ အတွေးပေါင်းစုံ ပေါ်လာစေတဲ့ စာတိုလေးမို့ ရသစာတစ်ပုဒ်လို့ တင်စားခေါ်ချင်ပါတယ်။

အ​မေ့​မေတ္တာ | Ecency