ကျောင်းတော် အလွမ်း

cakka(38)
Published in
#esteem
Words
63
Reading
1 min
Listen
Play
8y

Happy birthdayပါမြတ်ဆရာ
မရောက်တာကြာပြီဖြစ်သော စစ်ကိုင်းမြို့

ဆွမ်းချက်ရပ် ရွှေစေတီပရိယတ္တိမိခင်စာသင်

တိုက်သို့ တစ်ခေါက်ပြန်ရောက်ခဲ့ပါပြီ။ရောက်လာခြင်းမှာဆရာတော်

၏မွေးနေ့ရှိ၍ဖြစ်ပါသည်။ဆရာတော်သည်မွေးနေ့ကိုအကြောင်းအမျိုး

မျိုးကြောင့်ကျင်းပခြင်းဖြစ်ပါသည်။ထိုအကြောင်းများစွာထဲကမှတစ်မျိုး

ကိုသာဖော်ပြလိုက်ပါသည်။ထိုအကြောင်းမှာဆရာတော်သည်မိမိ၏

ကျောင်းတိုက်၌

ပညာသင်ဖူးသောတပည့်များအားချစ်ချစ်ခင်နှင့်ပြန်လည်

ဆုံဆည်းစေလိုသောကြောင့်မွေးနေ့ပွဲကျင်းပခြင်းဖြစ်ပါသည်။လေးနှစ်

တာမျှဝေးကွာနေခဲ့သောမိခင်ကျောင်းတော်ကြီးသို့တစ်ခေါက်ပြန်ရောက်

်လာသောကျနော့်အတွက်အရာရာတိုင်းကအသစ်အသစ်တွေသာဖြစ်ေ

နပါတော့သည်။အထူးသဖြင့်ကျောင်းဆောင်များသည် ကျောင်းဝန်းနှင့်

အပြည့် နေရာတကျ ခန်းနားထည်ဝါ၍နေပေတော့သည်။လွန်ခဲ့သော

လေးနှစ်က ကိုနဲ့အတူတူနေခဲ့ဖူးသောစာသင်သားတွေလည်းတစ်ပါး

တလေသာကျန်ရှိနေတော့သည်။ကျောင်းတော်ကြီး၏တိုးတက်ပြောင်း

လဲနေပုံ ဆရာတော်၏ သီလ သမာဓိ ပညာဂုဏ်တွေကတော့စာဖွဲ့၍မ

ကုန်နိုင်ပါ။သို့ဖြစ်ပါသောကြောင့် ဆရာတော်၏ဆုံးမသြဝါဒများစွာထဲမှ

အနည်းငယ်ကိုသာဖော်ပြလိုက်ပါသည်။

ဆရာတော်သည် အရေအတွက်ထက်အရည်အချင်းကိုပို၍တန်ဖိုးထား

လိုလားကြောင်း မကြာမကြာဆုံးမသြဝါဒပေးလေ့ရှိသည်။

ဆရာတော်သည်မိမိပြောဆိုဆုံးမသည့်အတိုင်းလည်းလက်တွေ့ကျင့်

့သုံးလေ့ရှိပေသည်။အရည်အချင်းမရှိပဲမိမိကျောင်းမှာသံဃာများနေချင်း

ထက်အရည်အချင်းရှိတဲ့သံဃာများ စည်းကမ်းလိုက်နာသော

သံဃာများကိုသာလက်ခံလေ့ရှိသည်။အရင်ကလည်းအရေအတွက်

မများပေမဲ့အရေအချင်းရှိသော သာသနာ့အာဇာနည်များ ကိုနှစ်စဉ်မွေး

ထုတ်ပေးခဲ့သည်။ယခုလည်းအရင်ကလောက်သံဃာအရေအတွက်

မများတော့ပေမဲ့အရည်အချင်းပြည့်ဝသောသာသနာ့အာဇာနည်များကို

ပြုစုပျိုးထောင်ပေးဆဲဖြစ်ပေသည်။ထို့ကြောင့် ဆရာတော်သည်

နောက်နောင်ကျရောက်မည့်မွေးနေ့တိုင်းကို အသက်ရာကျော်မက

ကျန်းမာချမ်းသာစွာဖြင့် ကျင်းပဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်း

တောင်းလိုက်ပါသည်။

ဤကျောင်းတိုက်နှင့်ပတ်သက်၍ မိမိခံယူချက်ကလေးများရေးပေးသွား

နိုင်ပါသည်ညီတော်နောင်တော်များခင်များ။

တပည့်တော်၏ခံစားချက်

မိခင်တိုက်တာနှင့်ဝေးသည့်နေရက်တို့သည် ကုသိုလ်အရနည်းသော
နေ့ရက်တို့သာဖြစ်တော့သည်။

                                      အရှင်ပဏ္ဍိတ (ယော)

image

ကျောင်းတော် အလွမ်း | Ecency