Today Political

cakka(38)
Published in
#esteem
Words
62
Reading
1 min
Listen
Play
8y

ယနေ့ မြန်မာပြည် နိုင်ငံရေး

နိုင်ငံအတွက် အရေးမပါသော
၂၀၂၀ အတွက် အားစမ်းရုံမျှ ဖြစ်သော
ကြားဖြတ်ရွေးကောက်ပွဲနှင့်အတူ
"သူခိုး" ဆိုသော စကားလုံးသည်
ထုံးစံအတိုင်း ပွက်ပွက်ညံလာပြန်၏

ဤ စကားလုံးသည် နိုင်ငံရေးအားပြိုင်မှုတွင်
အတော်အသုံးချလို့ ကောင်းပုံ ရသည်။

အမှန်က အတူတူနှင့် အနူနူချင်းသာ
ဖြစ်သည်။ သူခိုးလူလည်များက ကိုယ်ခိုးတာ
လူမသိအောင် သူများခိုးတာကိုသာ
ရေပက်မဝင်အောင် လက်ညှိုးထိုးကြသည်။
သူခိုးအချင်းချင်း ထိပ်ကွက်နေကြခြင်းဟု
ပြောနိုင်သည်။

ပြည်သူအများစုကတော့ အသံကျယ်ကျယ်
ဟစ်နိုင်သူ၏အသံကိုသာ ကြားကြသည်။
အသံကျယ်ကျယ်ဟစ်နိုင်သူများကို
ကျော့ကျော့မော့မော့လေး နေနိုင်အောင်
တွန်းတင်ရင်း ကိုယ်တိုင်ကတော့ ဆင်းရဲတွင်းထဲ
နစ်သထက် နစ်သွားကြသည်။
ကိုယ့်ဘဝ လူနေမှုအဆင့်အတန်းကို
နည်းနည်းမှ မကြည့်ဘဲ အနစ်နာခံပေးကြပုံ
များကတော့ အံ့သြဖွယ်ကောင်းလှပါဘိ

ဒါသည် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပါ၏ 😲
cakka@cakka
msu no.055

image

Today Political | Ecency