This content got low rating by people.

တာဝန်

cakka(38)
Published in
#esteem
Words
58
Reading
1 min
Listen
Play
8y

တာဝန်
======

ဥပဒေသတ်မှတ်ချက်အရပဲဆိုဆို
အသိပညာအရဘဲ ဖြစ်ဖြစ်
အသက် ၁၈-နှစ် ပြည့်ပြီးသူတိုင်းဟာ
ကိုယ့်ဘဝကိုယ် တာဝန်ယူမှု တာဝန်ခံမှု
လုပ်နိုင်ပါပြီ
အပြောအဆို အနေအထိုင် လုပ်ရပ်တွေ
မှားယွင်းချွတ်ချော်လို့ ထောင်ကျမယ်ဆိုလဲ
ကျနိုင်ပါပြီ
လောကပြစ်ဒဏ်တွေ ခံရမယ်ဆိုလဲ
ခံနိုင်ပါပြီ
ဘေးလူတွေက မနေတတ်မထိုင်တတ်နဲ့
အားအားယားယား သနားပေးဖို့ သိပ်မလို…

အသက် ၁၈-နှစ် ပြည့်ပြီးတဲ့ လူတိုင်းဟာလည်း
တစ်စုံတစ်ရာအပေါ် လုံးလုံးအားကိုး
မှီခိုထားမှုမျိုးမရှိသင့်
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ပြတ်ပြတ်သားသားပဲ
ရှိသင့်ပါတယ်
ကောင်းလဲ ကိုယ့်တာဝန်
ဆိုးလဲ ကိုယ့်တာဝန်
နောက်ဆုံး ငတ်လဲ ကိုယ့်တာဝန်ပဲပေါ့

အသက် ၁၈-နှစ် ပြည့်ပြီးသူမှန်လျှင်
ကိုယ့်ဘဝကိုယ် တာဝန်ယူ
တာဝန်ခံနိုင်သူများ ဖြစ်ကြပါစေ
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်
ကိုယ့်ယုံကြည်မှုနဲ့ကိုယ်
ရှင်သန်နိုင်သူများ ဖြစ်ကြပါစေ
cakka@cakka
msu no.055
image

တာဝန် | Ecency