ကဗျာလွတ်

cakka(38)
Published in
#esteem
Words
33
Reading
1 min
Listen
Play
8y

မင်းသိနားလည်နိုင်မလား

မဆုံနိုင်တဲ့
မျဉ်းပြိုင် နှစ်ခုအကြားမှာ
မင်း..ကို ရင်ခုန်မိတာ
အပြစ်လို့ ဆိုနေမလား...
(ဆိုချင် ဆိုပါ...)

ကို့အခြေနေအမှန်ဟာ..
တိတ်တခိုးဘဝ
အုန့်ပုန်းဘဝသမားလေးရယ်ပါ...

ကိုယ့်ဘေးနား
မင်း...
ဖြတ်လျှောက်သွားရင်တောင်
မင်း..ကိုတွေ့မြင်ရတဲ့ အခိုက်တန့်တွေမှာ
ယိုင်နဲ့ နေတဲ့
ကိုယ်ခန္ဓာ တစ်ခုလုံး
လဲပြို ကျ မသွားစေဖို့
ထောက်တိုင်ကို မှီနေရသူ တစ်ယောက်ပါ...။

     Author by@cakka
     MSU No.055

image

ကဗျာလွတ် | Ecency