ကိုယ့်ပါးစပ်နှင့်ကိုယ်ထမင်းစားပါ

Words
374
Reading
2 min
9y
Listen to this post
~2 min

 

 အားလုံးမင်္ဂလာပါ ကျွန်တော့်ရဲ့ post လေးကို ခုလိုလာရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော်ကတော့ ဆီဇာဆုပိုင်မင်းပါ။ Facebook ကတော့ "စောအယ်ဒို" အမည်ပါ။   

 အားလုံးလဲ vote လိုချင်ကြမယ်ထင်ပါတယ်။ လိုချင်တာပေါ့ vote များလေငွေများများရလေ.. ဟုတ်ပါတယ်။ ဒါပေမဲ့ vote များတိုင်းလဲ ငွေများများမရတာလဲရှိပါတယ်။ SP (steem power) မရှိလို့ပေါ့ဗျာ။ SP များမှ တစ်ချက်vote ရင်တစ်ချက်သိသာတာဗျ။ အဲ့ဒီတော့ SP များတဲ့လူဘယ်လိုရှာမလဲ …. သူ့စီက vote လိုချင်တယ်… အဲ့ဒါဆိုရင်တော့ အတွေးမှားသွားပါပီမိတ်ဆွေ… ယခု ကျွန်တော်တို့သည် brand တစ်ခုကိုတည်ဆောက်နေတာပါ… တည်ဆောက်ဆဲကာလ ကြိုးစားဆဲကာလမှာ… အခက်အခဲကိုယ်စီ ရှိကြပါတယ်။ တချို့ဆိုနောက်ဆုတ်ထွက်ခွာသွားပါတယ်။ 

တစ်ချို့ကလဲ မကြာမကြာ စာရေးတင်ပါတယ်။ တစ်ချို့ကျတော့လဲ နေ့တိုင်းရေးပါတယ်။ တင်ချင်ရာတွေတင်ပါတယ်။ copy တွေရော ကိုယ်တိုင်ရေးတွေရောပါပါတယ်။ ဒါပေမဲ့ သင် MSC မှာပါဝင်နေပီဆိုရင်တော့ အပေါ်ကအကြောင်းအရာတွေကို မေ့ပြစ်လိုက်ပါတော့….  ဘာလို့လဲဆိုရင် MSC ဆိုတာ မြန်မာနိုင်ငံရှိ steemit user များကို ကိုယ်စားပြုပါတယ်။ ဟုတ်ပီ ဘယ်လိုကိုယ်စားပြုတာလဲ… ကျွန်တော်တို့ steemit ကို သိတယ်.. ဟိုနားကကြားလို့ … ဒီလူကပြောလို့…. အင်တာနက်ထဲမှာတွေ့လို့ လုပ်ကြည့်တာ…. အဲ့လိုဆို လုပ်ပါ… လုပ်တဲ့အခါ ဘာတွေ့လဲ… ဘာတွေ့လဲ….. ဘာတွေ့လဲ…. ကဲ့ အဲ့ဒီမှာ …0.00 ဆိုတာတွေ့တယ်။

 မှန်တာပေါ့… ကိုယ် post တစ်ခုတင်တယ် 0.00 ဆိုတာတွေ့တယ်.. အဲ့ဒီ 0.00 ကို တက်လာအောင်ဘယ်လိုလုပ်မလဲ ….. vote ပေးရမယ်လေ… အဲ့ ဒီတော့ vote ရအောင် ဘယ်လိုလုပ်မလဲ… လိုက်တောင်းမယ်လို့တော့မဖြေနဲ့ပေါ့ဗျာ…. …. ဖြေပီးပီထင်ပါတယ် လိုက်တောင်းမယ်လို့….  ပြောပြမယ်… အဲ့လို လိုက်တောင်းလို့မရဘူးမဟုတ်ဘူး ရတယ်… အဲ့ဒီမှာ ဘာဖြစ်နိုင်လဲဆိုတော့ ကိုယ်တောင်းလိုက်တဲ့လူက စိတ်ကြည်နေတဲ့အချိန်ဆို ကိစ္စမရှိဘူး အဲ့လိုလူမဟုတ်ပဲ စိတ်ညစ်နေတဲ့လူ စိတ်ဆိုးနေတဲ့လူနဲ့ကြုံလို့ကတော့ အလံကလေးတွေထောင်ခံရပီသာမှတ်တော့…  ကိုယ်ကဘယ်လိုအသစ်ပဲဖြစ်နေဖြစ်နေ… “vote me please” ဆိုပီးတော့သာ သွားမန့်ကြည့် သေချာပေါက် flag မိလိမ့်မယ်…. ဒါကတော့ မမိတဲ့လူတစ်ချို့လဲရှိတာပေါ့နော်…

 ဟုတ်ပီ အဲ့ဒါဆို ဘယ်လိုလုပ်မလဲ vote ရအောင် ….. ဘာမှလဲမလုပ်တတ်သေးဘူး steemit account ငွေရတယ်ဆိုလို့သာဖွင့်လိုက်တာ…. MSC ကလည်း ဘာမှမလုပ်ရသေးဘူး စည်းကမ်းတွေကြီး စွတ်ထုတ်နေတယ်…  ဟုတ်ပီ ဘာလို့စည်းကမ်းတွေထုတ်တာလဲ… ရှင်းရှင်းလေးပါ… စည်းကမ်းမရှိလို့ပေါ့. စည်းကမ်းမရှိလို့စည်းကမ်းဆိုတာထုတ်ထားရတာပေါ့ဗျာ… စည်းကမ်းရှိရင် စည်းကမ်းဆိုတာထုတ်ထားစရာတောင်မလိုဘူး။ ဘယ်လိုစည်းကမ်းလဲ… ငွေလေးရှာဖို့အတွက် ဘာလို့ စည်းကမ်းတွေကြီးကြီးကျယ်ကျယ် ထုတ်နေတာလဲ…. ။

 ဟုတ်တယ် စည်းကမ်းတွေက ကြီးကျယ်တယ်…. ဘာလို့လဲသိလား… ငါတို့က မြန်မာလူမျိုးတွေမို့လို့ကြီးကျယ်နေတာပဲ…. မြန်မာလူမျိုးလဲလူ နိုင်ငံခြားကလူတွေလဲလူပဲ… ဘာဖြစ်လို့လဲ.. …..  ဘာဖြစ်ရမှာလဲ ကိုယ့်လူတွေအကြောင်းကိုယ်မပြောချင်ပါဘူးလေ… လာလာ မင်းကို စည်းကမ်းရှိရှိ steemit platform မှာ လျှောက်နိုင်အောင်ပြောပြမယ်။  ပထမဦးဆုံး မင်းစာရေးတတ်လား…. ရေးတတ်တာပေါ့ ဟုတ်တယ်ဟုတ်… ဒီsteemit မှာ ငါဆို စရေးတုန်းက ဘာရေးလို့ရေးရမှန်းမသိဘူး… မင်းကတော့ ကံ့ကောင်းပါတယ်… ပညာတွေ လေ့လာထားတဲ့ ရှေ့က အကိုတွေအမတွေ လမ်းပြပေးလို့ ကောင်းကောင်းလျှောက်ခွင့်ရပီ။

 ဟုတ်ပီ စားရေးတယ် … စာရေးတယ်ဆိုတာ ရေးရုံနဲ့မပီးသေးဘူးနော်… ကိုယ်ရေးတဲ့အကြောင်းအရာက အဓိပ္ပါယ်ရှိရမယ် ရည်ရွယ်ချက်ရှိရမယ်… စာဖတ်သူအတွက် အကျိုးရှိရမယ်… အဲ့လိုစာတွေရေးရတာ…  အာ…… အဲ့လိုစာတွေက စာအုပ်ဆိုင်တွေမှာ ဝယ်ဖတ်လို့ရတာပဲ… ဟုတ်တယ်…. ဝယ်ဖတ်လို့ရတယ်..ဒါပေမဲ့ မင်းစာအုပ်ဆိုင်ကို ဘယ်နှစ်ခါရောက်ဖူးလဲ… စာအုပ်ဝယ်ဖတ်ဖို့…. မွေးကတည်းကနေ ခုထိ စာအုပ်ဆိုင်ကို ၁၀ ကြိမ်ပြည့်အောင်ရောက်ဖူးလား….  စာအုပ်ဆိုတာ အချိန်နဲ့အမျှထွက်နေတာ… မင်းရဲ့ အတွေ့အကြေုံ အတွေးအခေါ် တွေကငါနဲ့ဘယ်တူမှာလဲ….ဟုတ်တယ်ဟုတ်… အဲ့ဒီတော့ မင်းသိတာ ငါမသိဘူး.. ငါသိတာမင်းမသိဘူးလေ…. အဲ့ဒီလိုဆိုတော့ ငါတို့ စာချရေးလိုက်ရော…

 ကိုယ်သိတာတွေ ကိုယ်တတ်တာတွေ …. ကိုယ်ကြုံခဲ့တာတွေကို.. အဲ့ဒီစာတွေကို steemit မှာ post တင်လိုက်တယ်..

 tag မှာ မြန်မာကို ထိတ်ဆုံးကထားမယ် ပီးရင် ကိုယ်ရေးတဲ့ ဆောင်းပါးရဲ့ ပက်သက်ရာပက်သက်ကြောင်း တစ်ခြား tag တွေ ထပ်တွဲမယ်… အဲဒါဆိုရင် ဘာဖြစ်မယ်ထင်လဲ… 

ဘာဖြစ်ရမှာလဲ ကိုယ့်ရဲ့အဖြစ်အပျက်နဲ့ အတူတူဖြစ်ပျက်ဖူးသူတွေ ဖတ်မိမယ်… မဖြစ်ဖူးသူတွေဖတ်မိမယ်… ပီးတော့ စာရေးဆရာကြီးတွေ ဖတ်မိမယ်… 

အဲ့လိုနဲ့ Myanmar ဆို တဲ့ tag အောက်မှာ မြန်မာနိုင်ငံသားတွေအားလုံးဖတ်ကြည့်မိမယ်… အဲ့လိုဆိုရင် မင်းရဲ့ရေးသားထားတဲ့အကြောင်းအရာတွေက စာအုပ်ထုတ်စရာမလိုပဲ အားလုံးကို မျှဝေပေးရာရောက်သွားပီ…. အဲ့ဒီလိုဆို မင်းရဲ့စာကိုကြိုက်တဲ့သူတွေက upvote တွေပေးမယ် comment တွေရေးမယ်… မကြိုက်တဲ့သူတွေက upvote မပေးချင်မပေးဘူး ပေးချင်လဲပေးမယ်… comment လဲပေးချင်ပေးမယ် မပေးချင်မပေးဘူး… ဒါပေမဲ့ သူ့အတွက်လဲ ဗဟုသုတတစ်ခုရသွားလိမ့်မယ်။

 ဆိုတော့ကာ မင်းရေးထားတဲ့ ဆောင်းပါးက စာဖတ်သူအတွက် အကျိုးတွေလဲရှိ dollar တွေလဲရ မကောင်းဘူးလား…. အေး အဲ့ဒါကြောင့် စည်းကမ်းရှိရှိ ဆောင်းပါးတွေကိုရေးဖို့လိုတယ်… မင်းsteemit မှာစရေးတော့မယ်ဆိုရင်… နောက်တစ်ခုက သူများရေးသားထားတဲ့အကြောင်းအရာကို တိုက်ရိုက် copy ယူမရေးရဘူး….. မင်းမရှက်ဘူးလား သူများပါးစပ်နဲ့ ထမင်းစားတာ… မင်းမှာလဲ မင်းပါးစပ်နဲ့မင်းရှိတယ်…. သူများပါးစပ်နဲ့ထမင်းစားလို့ မင်းဗိုက်တော့ဝသွားမယ် ဒါပေမဲ့ ထမင်းနဲ့ ဟင်းရဲ့အရသာကိုတော့ မင်းခံစားလိုက်ရမှာမဟုတ်ဘူး…. ကိုယ်တိုင်ရေးပါ … သူများပါးစပ်နဲ့ထမင်းမစားနဲ့ ရှက်စရာကောင်းတယ် အရသာလဲခံလို့မရတော့ဘူး….အဲ့ဒီတော့ မင်းကိုယ်တိုင်ရေးတဲ့ ဆောင်းပါးတွေကို မင်းကိုယ်တိုင်ခံစားလို့ရလာလိမ့်မယ်နောက်ပိုင်းကျရင် …. ပီးတော့ မင်းရဲ့ ပရိတ်သတ်တွေလဲ ထွက်ပေါ်လာလိမ့်မယ်… မင်းရဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ comment တွေကြောင့် မင်းလဲ ပိုပိုပီး စာတွေရေးချင်လာလိမ့်မယ်…ဘယ်လောက်ကောင်းလိုက်သလဲ…..  

 ကဲ ဒီလောက်ဆို မိမိကိုယ်တိုင်စာရေးရခြင်းရဲ့ သဘောတရားကို အနည်းငယ်သိမြင်လာမယ်ထင်မိပါတယ်ဗျာ… 

တကယ်တော့ bot နဲ့ upvote တာရေးမလို့ ရေးရင်းနဲ့ ဒီလိုဖြစ်သွားတယ်…

written by caesarsupaimin

MSC-025

photo by google search  

ကိုယ့်ပါးစပ်နှင့်ကိုယ်ထမင်းစားပါ | Ecency