ချစ်ရတဲ့ ပျိုမေတို့ရေ ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်တွေဆိုးလိုက် လုပ်ပါများလို့ ဆံသား တွေခြောက် သွေ့ပျက်စီးနေပြီလား
ဒါကြောင့်ဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ Wowbox မမက ပျက်စီးခြင်းတွေကို အပြီးတိုင်နှုတ်ဆက်နိုင်မယ့် သဘာဝနည်းလမ်းလေးတွေ ပြောပြချင်တာ။
သဘာဝကရတဲ့ အသီးအနှံတွေနဲ့ပဲလုပ်မှာဆိုတော့ လုပ်ရတဲ့နည်းလမ်းကလွယ်ကူပြီး ပျိုမေလေးတွေအတွက် ဘေးထွက်ဆိုးကျိုးက လုံးဝမရှိနိုင်ပါဘူးနော်…
** အုန်းဆီ
အုန်းဆီမှာပါတဲ့ အစွမ်းသတ္တိက ဆံပင်ကိုအားဖြည့်ပေးနိုင်တယ်တဲ့ ပျိုမေတို့ရေ။ အုန်းဆီကို သုံးပေးမယ်ဆိုရင် ဆံသားတွေနူးညံ့တောက်ပြောင်စေနိုင်ပြီး သန်စွမ်းကျန်းမာစေနိုင်ပါတယ်။
အုန်းဆီနဲ့ပေါင်းတင်ဖို့အတွက်ဆိုရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆီလိုအပ်ပါတယ်။ နှစ်မျိုးလုံးကိုရေပြီး အပူပေးလို့ရတဲ့ခွက်ထဲ ကိုထည့်ပြီး အရည်ပျော်ဝင်သွးတဲ့အထိ အပူပေးလိုက်ပါ။
ပြီးရင်တော့ ခေါင်းမှာသုတ်လိမ်းလိုက်ပြီးရင် ခေါင်းစွပ် ဆောင်ထားလိုက်ပါ။ တစ်ဆယ့်ငါးမိနစ်လောက်ဆို ရင် တော့ ခေါင်းလျှော်လိုက်လို့ရပါပြီ။ ပျိုမေတို့ရဲ့ ပျက်စီးနေတဲ့ ဆံသားတွေ နူးညံ့ပြီး အစိုဓာတ်ပြည့်နေစေမှာပါ။
** ထောပတ်သီး
ပျိုမေတို့ရေ ထောပတ်သီးကတော့ ဆံသားကိုတောက်ပြောင်စေပြီး ကြေမွပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ပြုပြင်နိုင်ပြီး အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ထောပတ်သီးတစ်လုံး၊ ကြက်ဥနှစ်လုံး၊ အုန်းဆီးနဲ့ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း စီ လိုအပ်ပါတယ်။
ခွက်တစ်ခုထဲမှာပါဝင်ပစ္စည်းတွေ အားလုံးကိုရောမွှေလိုက်ပါ။ ပြီးရင်ဆံပင်အရင်းကနေ အဖျားအထိလိမ်း ပေးပါ။ ဆယ့်ငါးမိနစ်လောက်ထားပြီးရင် ခေါင်းလျှော်လိုက်လို့ရပါပြီ။
** ကြက်ဥ
ကြက်ဥကတော့ ဆံသားတွေကိုပျောပျောင်းစေပြီး တောက်တောက်ပြောင်ပြောင် လေးဖြစ်စေပါတယ်။
ကြက်ဥတစ်လုံး၊ အုန်းနို့ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပုရာရည်အနည်းငယ်၊ သံလွင်ဆီနှစ်ဇွန်းဆီ လို အပ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးကို ခွက်တစ်ခုထဲမှာရောပြီးမွှေပါ။ ဆံပင်အရင်းကနေ အဖျားအထိလိမ်းပေးပြီး ဦးရေ ဖျားကို ဆယ့်ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင် ငါးမိနစ်လောက်ထားပြီးရင် ခေါင်းလျှော်လိုက်လို့ရပါပြီ။
ကဲ Wowbox တို့ပြောပြတဲ့ သဘာဝနည်းလမ်းလေးတွေကို အသုံးပြုပြီး ပျိုမေတို့လည်း လှပတဲ့ဆံ