မိုးစက်တွေထဲ လေနဲ့ရောပြီး ပြေးနှင်လို့  ရွာလေတိုင်း ကန်ရေထက်မှာ ငြိမ်သက်ခြင်းများ ပျက်ပြယ် လှိုင်းများ လှုပ်ခတ်သွားတိုင်း
ငါ့ရင်ထဲမှာ အနယ်မထိုင်သေးတဲ့ အကြောင်းတွေ နိုးထမြဲ အလွမ်းများ မိုးနဲ့ အတူပဲ ဝင်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ပဲ ဝင်လာပြီး ရင်ခွင်ထဲမှာ ကြင်နာခြင်းများ
အမြစ်တွယ် တဦးနဲ့ တဦးကြား သံယောဇဉ်ကြိုးများ ရစ်ပတ်ခဲ့ပြီးမှ တားဆီးမရပါ ဝသန်ရဲ့  မိုးများ တိတ်ချိန် တခန်းရပ်သွား မိုးစက်များ ရွာလေတိုင်း မင်းလေးများ ပြန်လာမလား
မျော်လင့်ခြင်းရဲ့  မိုးတိမ်များ အုံ့မှိုင်းဆဲ ပေါ့ ငါ့ရင်မှာ သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်ဆဲ ဒဏ်ရာများ ရွာတဲ့  မိုးက တိတ်ပေမဲ့ ရင်ထဲ အလွမ်းမိုးများ
Thank U For Reading
Photo Credit Google
Please Follow & Upvote
@botint SMT 43