ဒီကမ္ဘာထဲနေ့နဲ့ညနဲ့လည်ပတ်နေတာ
ဘယ်သူမှတားလို့မရခင်
အကုန်ပြောင်းလဲသွား
ခင်မင်တဲ့အပေါင်းအသင်းတွေ
ရန်သူလည်းလက်တစ်ဆုပ်စာ
ငါနေထိုင်ရာကမ္ဘာကြီးကနွားခြေရာ
ရောင်စုံအိပ်မက်တို့
တဖြည်းဖြည်းပြိုလဲနေ
အချိန်တန်ရင်ပြန်ပြီးနိုးထ
လက်တွေ့ဘဝထဲ
အရာရာဆန်းစစ်ကြည့်ရင်
ကြုံမယ်အနိမ့်အမြင့်များသာ
တစ်နေကုန်ငါထိုင်ပြီး
ရေးဖြစ်တဲ့ကဗျာ
ငါပြန်ပြီးမေ့ပစ်မယ့်အရာ
ကြွေရွက်ဝါ
ဒိုင်ယာရီတွေထဲပြန်ပြီးရှာဖွေတဲ့အခါ
ငါမေ့ပစ်ထားတဲ့ ဟိုးအတိတ်က
အဖြူရောင်စာမျက်နှာ
ဒဏ္ဍာရီမြစ်ချောင်း
တိမ်တိုက်တောင်တန်းတွေကြားမှာ
အငြိမ်းချမ်းဆုံးနေရာ
တမ်းတရင်းနဲ့
အိုး------ရေး----
အရိပ်တစ်ခုလို ငါ့နားရှိမယ်
အခုတော့ ဘာကြောင့်များ စွန့်ပစ်ခဲ့တယ်
မင်းမရှိနောက်ကွယ် ငါငိုနေတာ
မင်း သိနိုင်ပါ့မလား
ဖြစ်သမှကို အကုန်မေ့ဖို့အတွက်
သူစိမ်းတစ်ယောက်လို မြင်ဖို့
လုံလောက်တဲ့ အားအင်မရှိတော့တဲ့အဖြစ်
ဒဏ်ရာတွေကို ကြိတ်မှိတ်ခံရင်းက
တို့နှစ်ယောက် ရေးတဲ့ကမ္ဘော
တို့နှစ်ယောက် နီးစပ်သမျှတွေကို
ပြန်ကြည့်ဦး ဘယ်လိုငြိမ်းသတ်ရမလဲ
ငါ့ပူလောင်ခြင်းများ
တို့နှစ်ယောက် ရေးတဲ့ကမ္ဘော
တို့နှစ်ယောက် နီးစပ်သမျှတွေကို
ဖြေပါဦး ဘယ်လိုငြိမ်းသတ်ရမလဲ
ငါ့ပူလောင်ခြင်းများ
တွေးထားတဲ့ အနာဂတ်နေ့တေ
သွေးခွဲချင်သူရဲ့ လေ့ကွက်တို့အလယ်
နစ်မြုပ်ခဲ့ပြီ ပြန်လာနေပါ
ငါ့ရဲ့နဘေးနား
အားတင်းမယ်ဆိုတဲ့ ဂတိတွေ
သေတဲ့ထိတိုင်မမေ့ဘူး
ငါနားနားရှိမယ် အခုတော့လည်းလေ
လေနှင်ရာကို လွင့်လို့ပြေသွားလား
Thank U For Reading
Photo Credit Google
Please Upvote & Follow
@botint SMT 23